Screenshot

ခမ်းသားငေါဝ်း

ဩဂုတ် ၆ ၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီကာ စောင့်ဆိုင်ပြီး ဆီဖြည့်နေရကြောင်း ဩဂုတ်လ ၅ ရက်နေ့၌ တောင်ကြီးမြို့ပေါ် ဒေသခံထံကသိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ ပေါ်တွ ယခုရက်ပိုင်း ဓာတ်ဆိီဆိုင်များမှဓာတ်ဆီများ ပြန်လည်ရရှိလာပြီဖြစ်သော်လည်း ဆီများကို မနက်အစောကတည်းက လာပြီးတန်းစီကာ စောင့်ဆိုင်းနေရသည်။

“ BOC ဆီဆိုင်ကြီးမှာတော့ မနက် ၆ နာရီကနေ ည ၆ နာရီ အထိ ဆီကို ပြန်ရောင်းချပေးနေတာကြောင့်ကိုယ်တွေ ဆီရဖို့ မနက်အစောကြီးကတည်းက တန်းစီ လာစောင့်နေတယ်ကော။ တချို့ဆိုင်တွေကြတော့လည်း ဆီ (၉၂ ) တစ်လီတာကို ၅၀၀၀၊ ၆၀၀၀ ဝယ်ရတယ်။ အဲ့လောက်တော့ ကိုယ်တွေလည်း မတက်နိုင်ဘူး။ သက်သာတဲ့နေရာမှာတော့စောင့်ပြီး ဝယ်ရတာပေါ့” ဟု ဆီဝယ်သူ တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် နှင့် ရုန်းကန် နေရချိန်တွင် ဆီကို အချိန်ကြာမြှင့်စွာစောင့်ဆိုင်းသည့်အတွက် အခက်ခဲရှိနေကြောင်း သိရသည်၊၊

“အချိန်တွေလည်း အလကားကုန် လုပ်စရာ အလုပ်တွေကလည်း အလုပ်မဖြစ် ဒီတစ်လလုံးဒီလို့ဘဲဆိုရင် ပြည်သူတွေ ပိုပြီးခက်ခဲလာတယ်”ဟု ၄င်းကဆက်ပြောသည်၊၊

တောင်ကြီးမြို့ပေါ် ရှိ ခုလတ်တလော တချို့ဆီဆိုင်များတွင် ဆီများကို (၉၂ )တစ်လီတာ ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ရောင်းချ နေကြပြီး ဆိီဆိုင်ကြီးများ တွင် (၉၂ ) တစ်လီတာကို ၂၈၇၅ ကျပ်နှင့် (၉၅) တစ်လီတာကို ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းကိုသိရပါသည်။

ဗွီဒီယို-ခမ်းသားငေါဝ်း

PPV0013
#လူ့အခွင့်အရေး
#တောင်ကြီး
#ဓာတ်ဆီ
#အချိန်ကြာမြှင့်စွာ