ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် မူးယစ်ဆေးကြောင်သူများလာ သဖြင့် ဒေသတွင်းရှိ ပြည်သူများက မိမိ၏လုံခြုံ ရေးကို အမြဲစိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ပင်လောင်းဒေသတွင် မူးယစ်‌ဆေးဝါး ရောင်းဝယ်သုံးစွဲ သူများကို ဒေသတွင်း အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့် မူးယစ် ရောင်းဝယ် သုံးစွဲသမားများကလည်း ပိုမိုအတင်းရဲလာကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
” ခြံသွားတာကအစ တစ်ယောက်တည်း မသွာရဲဘူး မူးယစ်ဆေးဝါး ကြောင်နေတာက ရွာတိုင်းမှာ ရှိတယ်။ ယခုအချိန် ဆေးပြား တစ်ပြား ၂၀၀ ကျပ်လောက်ဘဲရှိတော့ အလွယ်တကူ ဝယ်ယူနေကြတယ်။ ဆေးသုံးပြီဆို အများစုက လူစိတ် မရှိကြတော့ဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲ သူများလာခြင်း ကြောင့် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု နှင့် အိမ်အတွင်းအကြမ်းဖက်မှုများလည်း ပိုများလာ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း ပင်လောင်းဈေးအတွင်း မူးယစ်ဆေးကြောင်သူတစ်ဦးက ၂ နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦးကို ဓားဖြင်ခုတ်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။