ခမ်းသားငေါဝ်း
စက်တင်ဘာလ ၁၊ ၂၀၂၃
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စက်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှု‌ ကြောင့်ဒေသခံပြည်သူများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းစက်တင်ဘာလ ၁ ရက်နေ့ကသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကြီးနှစ်လုံးကလည်း ရွာအတွင်းကျရောက်ပေါက်ကွဲပြီးနေ အိမ် ၂ လုံးမီးလောင်ပြာကျခဲ့ရကြောင်းသိရသည်။
“မနက်ကလည်းလက်နက်ကြီးနဲ ၂ ချက်ပစ်သေးတယ် ။ရွာပြင်ဘက်မှာကျလို့ထိခိုက်ဒါတော့မရှ်ိဘူး။အရင်ရက်ကဆိုလက်နက်ကြီးကရွာထဲ‌ကျတော့အိမ်၂ လုံးပြာကျသွားတယ်၊ ထွန်စက်ရော ကားအသစ်တစ်စီးလည်းပါသွားတယ် ဘာမှရစရာမရှိဘူး”ဟုစယ်လန့်ဒေသခံတစ်ဦးကပြောသည်။
လက်ရှိစက်လန့်‌ပြည်သူများသည် မူဆယ်မြို့ဟိုနားဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြပြီးစားနပ် ရိက္ခာများလိုအပ်လျက်ရှိကြောင်းသိရသည်။
တအာင်းတပ်မတော်TNLA နှင့် စစ်ကောင်တပ်တို့အကြား သြဂုတ်လ (၂၉)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း (၁၈)ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ စစ်ကောင်စီမှ နမ့်ဖက်ကာတပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး အကြိမ်(၂၀)၊ ၁၀၅ မိုင်တပ်စခန်းမှ (၁၅)ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့အပြင်စစ်ကောင်စီက တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး ၈ လုံး လာရောက်ကျဲချခဲ့ကြောင်းသိရသည်။