ခမ်းသားငေါဝ်း၊ မေလ ၁၁၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ ရောက်ရှိ စစ်ရှောင်များ သောက်သုံးရေမသန့်ရှင်းခြင်းနှင့် ထုံးဓာတ်များခြင်းကြောင့် ဆီကျောက်တည် ဖြစ်သူ များလာကြောင်း မေလ ၁၁ ရက်နေ့တွင် သိရသည်။
စစ်ရှောင်များသာမက ဒေသခံများလည်း ယင်းရောဂါကို ခံစားနကြရပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်သူများနှင့် အရေပြားရောဂါဖြစ်ပွားသူ ပိုများလာ ကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။
“ရာသီဥတု ပူတာလည်းပါတယ် ရေက ကျိုချက်ပြီးသောက်တာတောင် အဲလိုဖြစ်တယ် ကုဖို့ဆေးလည်း ပြည့်ပြည့်စုံစုံမရှိဘူး အရင်က အလှူရှင်လာတယ် ကျန်းမာရေး တစ်လတစ်ခါလာတယ် ဒီတစ်နှစ်အတွင်း သုံးလ လေးလမှာ မလာ‌ သေးဘူး”ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် တစ်သောင်းနီးပါးရှိပြီး ထိုစစ်ရှောင်များသည် ကရင်နီပြည် ဒီမောဆို၊ ဖရူဆို လွိုင်ကော်မြို့နယ်နှင့် ရှမ်းတောင် ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်းမြို့နယ်မှ ဒေသခံများဖြစ်ကြောင်း သိရသည်။