Images

လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီး၌…

စစ်ကောင်စီလက်နက်ကြီးကျပြီး ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးကျပြီး ဆောင်လန်စစ်ရှောင်စခန်းရှိ ကလေးငယ်နှစ်ဦးနှင့် ဗန်းမောက်ရွာခံအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ရွာနှင့် ဆောင်လန်ရွာတို့တွင် ယနေ့မနက်ပိုင်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့်…

အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပြီးအမျိုးသားတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ အောင်ပန်းမြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားသည်ဟု နီးစပ်သူထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် လုံးခြင်းကျေးရွာခွန်နေဝင်းသည် တနွိုင်လာရွာနေ သူငယ်ချင်းနှင့်အတူ အောင်ပန်းတွင်ကျောင်းပြောင်းလက်မှတ်ယူပြီးပြန်လာစဥ် ဆိုင်ကယ်နှင့်ကားတိုက်မှုကြောင့် ဇွန်လ ၁၇…

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း၊နောင်ချို့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အုမ္မတီးရွာ၌ တပ်စွဲထားသည့်…

တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်တပ်သားကောက်ယူ မှုပြုလုပ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၁၈၊ ၂၀၂၃ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်ကောက်ယူမှုကြောင့် ဒေသခံများအခက်ခဲဖြစ်နေရကြောင်း ဒေသခံထံတွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုရှိ ကျေးရွာများတွင် စစ်ကောင်စီ နှင့်…

ပင်လောင်း ၊ နောင်တရားမှထွက်ရှိသည့် အာလူးများစျေးမရှိသည့်အတွက် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ ပင်လောင်း၊နောင်တရားတွင် ထွက်ရှိသည့်အာလူးများ စျေးမရှိသည့်အတွက် စိုက်ပျိုးသည့် တောင်သူများအခက်အခဲဖြစ်နေကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း ၊ နောင်တရားတွင် ယခုရက်ပိုင်း အခြားကုန်စိမ်းစျေးနှုန်းများအဆမတန်စျေးတက်နေသော်လည်း အာလူးစျေးမရှိသည့်အတွက် အာလူးစိုက်တောင်သူများ ကုန်ကျသည့်အရင်းနှင့်တွက်ခြေမကိုက်ပဲ…

လဲလောင်းရွာအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားစဥ် အမျိုးသားတစ်ဦးသေဆုံးပြီး မိသားစုနှင့်ဆက်သွယ်မရ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ လဲလောင်းရွာအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားစဥ် အမည်မသိအမျိုးသားတစ်ဦးသေဆုံးပြီး မိသားစုနှင့်ဆက်သွယ်မရခဲ့ကြောင်း တစ်သီးပုဂ္ဂလလူမှု့ကယ်ဆယ်ရေးအသင်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လဲလောင်းရွာအနီး ဂျာမနီလမ်းပေါ် တွင် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး…

သကြားပြောင်းများယခင်နှစ်ထက် စျေးကောင်းရ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ သကြားပြောင်းများ ယခင်နှစ်ထက်စျေးကောင်းရနေသော်လည်း စိုက်ပျိုးသူနည်းနေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘန်းကွေးကျေးရွာအုပ်စု မြေနီကုန်းထွက် သကြားပြောင်းများ ယခင်ထက်စျေးရနေသော်လည်း ကုန်ကျစရိတ်များသည့်အတွက် စိုက်ပျိုးသူနည်းနေသည်ဟု သိရသည်။ “စျေးကတော့အရင်နှစ်ထက်ပိုရတယ် ဒါပေမယ့် မြေသြဇာလည်းစျေးကြီးတော့…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းနေထန်ပြီး ဒေသခံများစွာပိတ်မိနေ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒေသခံများစွာပိတ်မိ နေကြောင်းဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းဖာမူ၊ နောင်ဝိုး ၊ဗန်းမောက် ၊ ကုန်းပေါ၊ လဲလောင်းရွာ အနီးတစ်ဝိုက်တွင် ယနေ့…

ဟင်းသီးဟင်းရွက်ရှာစဥ် မြေမြုပ်မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့၌ အမျိုးသမီး ၁ ဦး ဟင်းသီးဟင်းရွက်ရှာစဥ်မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း TNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မန်တောက်ကျေးရွာရှိ အသက်…