အင်းလေးဒေသတွင် ရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်
ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ အင်းလေးဒေသတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရှိရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်လျက်ရှိကြောင်း စက်တင်ဘာလ(၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့်ကျေးရွာတွင်းရှိ ချောင်းများလည်းရေတက်နူန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေများဝင်ရောက်လျက်ရှိနေသည်။ “မိုးလဲညဖက်ရောက်ပြီဆိုရင်ရွာပြီ၊ ရွာဖက်တွေမှာလည်း…