Images

ပင်လောင်းရှိ စစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်နေပြီး ဆေးဝါးများနှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၁၁၊ ၂၀၂၄ ပင်လောင်းဒေသရှိ စစ်ရှောင်များ ရာသီတုပ်ကွေးများခံစားနေရပြီး ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ စစ်ရှောင်များ မိုးရာသီဖြစ်သည့်အတွက် ရာသီတုပ်ကွေးများ ခံစားနေရပြီး ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့်…

နောင်ချိုမြို့ရှိစစ်ကောင်စီ လက်ကျန်စခန်း အမှတ် ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ တပ် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ထံက သိရသည်။ ဇွန်လ ၂၅ ရက်နေ့ကစသည့်…

စစ်ကောင်စီလေယာဥ်ဖြင့်ဗုံးကြဲခြင်းနှင့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးနှင့်သံဃာတော် ၁ ပါးဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀ ၊ ၂၀၂၄ မိုးမြိတ်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုနှင့် လက်နက်ကြီးကြောင့် (၁၁)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီးကလေးငယ် ၂ ဦးနှင့် သံဃာတော် ၁ ပါးဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLAက ဇူလိုင်လ (၉)ရက်နေ့တွင်…

ချင်းအမျိုးသားတပ်မတော်မှ ဖမ်းဆီးထားသည့်တပ်ဖွဲ့ဝင်(၂)ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန်ယောကာကွယ်ရေးတပ်( YDF) တောင်းဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၄ ချင်းအမျိုးသားတပ်မတော် (CNA) မှ မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်(YDF) မှ တပ်ဖွဲ့ဝင် နှစ်ဦးအား အကြောင်းအရင်း ခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် YDF မှ ဇူလိုင်လ…

တောင်ထီဗွာကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်က ကားခွန်၊စက်ခွန်များအပြင် လစဥ်ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀ ၊ ၂၀၂၄ တောင်ထီဗွာကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်က ကားခွန်၊ စက်ခွန်များကောက်ခံနေသည့်အပြင် လစဥ်ငွေကြေး ကောက်ခံနေသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုအတွင်းတွင် ဇွန်လကစပြီး PNO…

လားရှိုးမြို့တွင် စစ်ဘေးရှောင်ရန်ဒေသခံပြည်သူများ ထွက်ပြေးလာစဥ် ကားထောင်ချီပိတ် မိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၄ လားရှိုးမြို့တွင် စစ်ဘေးရှောင်ဒေသခံပြည်သူများ အလုံးအရင်းထွက်ပြေးနေရပြီး ကားထောင်ချီပိတ်မိနေကြောင်း စစ်ဘေးရှောင်လာသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ဒေသခံအမြောက်အများထွက်ပြေးတိမ်းရှောင်ရကာ ကားထောင်ချီပိတ်မိနေသည်။ ”အမတို့က ၇ ရက်နေ့ကတည်းစထွက်လာတာ၊ လမ်းမှာကတိုက်ပွဲဖြစ်နေတယ်ဆိုလို့ စစ်တပ်ဖက်ကပေးမထွက်ဘူး၊ အဲ့မှာတနေကုန်စောင့်နေရတယ်၊…

တခါးယဉ်ရွာတွင် PNOပြည့်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ပင်လောင်းမြို့နယ် တခါးယဉ်ရွာတွင် PNO ပြည်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက် တခါးယဉ်ကျေးရွာတွင် ကင်းစောင်နေ့သည့် PNO ပြည်သူ့စစ်များအတွက် ဇူလိုင် ၄…

စီးပွားရေးဆိုင်ရာဥပဒေမူကြမ်းများကို KNU စီးပွားရေးကော်မတီကဦးဆောင်ပြီး ခရိုင်အဆင့်နှင့်တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ကရင်ပြည်နယ် ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်းများကို KNU စီးပွား‌ရေးကော်မတီမှ ဦးဆောင်၍ ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ကြောင်း KNU ဗဟိုမှ ဇူလိုင်လ (၉)ရက်နေ့တွင်…

ဘုရားဆင်းတုတော်အပြင် ငွေသိန်း ၃၄၀ နှင့် ပြည်သူပိုင်ပစ္စည်းများကို PNO ပြည်သူ့စစ်ယူဆောင်သွား

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ နားခိုက်ရွာတွင် ရွာသားအိမ်ရှိ ဘုရားဆင်းတုတော် အပြင် ငွေကျပ်သိန်းပေါင်း ၃၄၀ ကျော်နှင့် ပြည်သူပိုင် ပစ္စည်းများကို PNO ပြည်သူ့စစ်က အတင်းအဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင်…

ထီခိုးရွာဒေသခံများက စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် မဖြစ် ထွန်းမည်ကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ ထီခိုးရွာဒေသခံများက စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် မဖြစ်ထွန်းမည်ကို စိုးရိမ်နေရသည်ဟု ဇူလိုင်လ(၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ထီခိုးရွာဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရပြီး နေအိမ်ပြန်လို့မရသည့်အတွက်ကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့်…