Images

ရွှေကျင်မြို့၊ ကုန်းမြင့်သာယာစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများရရှိထား

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့်ရိက္ခာများရရှိထားကြောင်း စက်တင်ဘာ (၁)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊…

ဆီဆိုင်မြို့နယ် နောင်မွန်အဝင်တွင် ပြည်သူ့စစ်ဂိတ်ဖွင့်ပြီး ဂိတ်ကြေးကောက်ခြင်းကြောင့်ဒေသခံအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်မွန် အဝင်တွင် နောင်မွန်ပြည်သူ့စစ်ကဂိတ်ဖွင့်ပြီးဖြတ်သန်း သွားလာသမျှကားများအား ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် ဟိုပုံးလမ်းမနောင်မွန်အ ဝင်ဟိုတိ(ဟိုတွူး)တွင် PNO ပြည်သူ့စစ်မဟုတ်သည့် နောင်မွန်ပြည်သူ့စစ်က ဒေသခံများထံ လာသမျှကားများအား…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးပြီးအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းပြီး အောင်ပန်းမြို့ မြေနိမ့်ပိုင်းရေကြီးမှုအတွင်း အသက် ၇ နှစ်အရွယ် ဒုတိယတန်း တက်ရောက်သူ မသွန်းစုစုနိုင်က ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ မသွန်းစုစုနိုင် အသက်…

တအာင်း ရုံးသုံးစာပေ/ဘာသာစကား တိုးတက်ပြန့်ပွားရန် တအာင်းစာပေအဖွဲ့ TLA ကို ဖွဲ့စည်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ တအာင်းမျိုးနွယ်စုများ၏ တမူတည်းစာ ရုံးသုံးစာပေ/ဘာသာစကား တိုးတက်ပြန့်ပွားစေရန် တအာင်းစာပေအဖွဲ့ (TLA) ကို ဖွဲ့စည်းလိုက်ကြောင်း TNLA ကရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်ဩဂုတ် ၃၀ ရက်က…

ဖမ်းဆီးခံရသည့် လွယ်လုံရွာသားတစ်ဦး PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့် သေဆုံးသွား

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဖမ်းဆီးခံရသည့် လွယ်လုံရွာသားအသက် ၆၂ နှစ်အရွယ် ဦးမောင်ဆောင်ကို PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့်သေဆုံးသွား ခဲ့ကြောင်း သိရသည််။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ၊လွယ်လုံကျေးရွာ ဇူလိူင်လ ၂၁ ရက်နေ့တွင်…

“ဝ” တောင်ပိုင်းထဲ နေထိုင်ပြီး ပြည်ပသို့ ရောက်ရှိသည့် “ဝ” အမျိုးသားများစစ်မှုထမ်းရန်ပြန်ခေါ်

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊၂၀၂၄ “ဝ” ပြည်နယ်တောင်ပိုင်း ဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့် “ဝ” အမျိုးသားများ၊ တရားမဝင်အလုပ်သမားများ၊ စစ်မှုထမ်းရန်ရှောင်ပြေးနေသူများ အနေနှင့် မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စာရင်ပေးသွင်းကာ စစ်မှုထမ်းကြရန် “ဝ”…

မိုင်းပျိုးဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသန့်ရှင်းသည့်​ရေရ ရှိရန်အတွက် အဝီစိရေတွင်းလိုအပ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ မိုင်းပျိုးဘုန်းကြီးကျောင်းတွင်စစ်ရှောင်များသန့်ရှင်းသည့်ရေရရှိရန် အတွက် အဝီစိရေတွင်းလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် မိုင်းပျိုးဘုန်းကြီးကျောင်းတွင် စစ်ရှောင်များစုဖွဲ့နေထိုင်ပြီး အင်းထဲရှိရေကိုသာ အပြန်ပြန်အဖန်ဖန်အသုံးပြုနေရသည်။ ‘ အင်းရေပဲ အကုန်လုံးပေါင်းသုံးကြတော့လေ မသန့်တော့ဘူးပေါ့နော်၊ အိမ်သာကထွက်တာက အင်းထဲနဲ့…

မြေသြဇာစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများသီးနှံ စိုက်ပျိုးရန်အခက်တွေ့

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ မြေသြဇာများစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများ စိုက်ပျိုးရေး အတွက်အခက်အခဲ ဖြစ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကိုယ်သာ ပြုလုပ်ကြပြီး သွင်းအားစုစျေးမြင့်မားလာခြင်းကြောင့်အခက်တွေ့နေကြသည်။ ” မြေသြဇာစျေးကအရမ်းတက်တယ်ရော၊ မြေသြဇာဖိုးနဲ့…

စစ်မှုထမ်းလူငှားရန်အတွက် ငွေကြေးအတင်းကောက်ခံမှုကြောင့်လွယ်မောကျေးရွာအုပ်စုက ပြည်သူများအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ လွယ်မောကျေးရွာအုပ်စုအတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ငါးသောင်းကျပ်အတင်းကောက်ခံမှုကြောင့် ဒေသခံများအခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် လွယ်မောကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် သူ၏ဆွေမျိုးကိုချန်ထားပြီး ပြည်သူများကို အတင်းအဓမ္မငွေ ကောက်ခံနေကြောင်းသိရသည်။…

လျှပ်စစ်မီးပုံမှန်မလာသော်လည်း မီတာခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီပြင်ဆင်

ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ လျှပ်စစ်ဓာတ်အားနူန်းများကိုလာမည့်စက်တင်ဘာ (၁)ရက်ကစပြီးတိုးမြှင့်ကောက်ခံသွားမည်ဟုစစ်​ကောင် စီ၏လျှပ်စစ်ဝန်ကြီးဌာနမှသြဂုတ်လ(၃၀) ရက်တွင်ထုတ်ပြန်ထားသည်။ လက်ရှိအိမ်သုံးလျှပ်စစ်မီတာများသည်၂၀၀ ယူနစ်အထက်ကို ၁၂၅ ကျပ်နူန်းကောက်ခံရာကနေ ၃၀၀ ကျပ်အထိတိုးကောက်လာခြင်းကြောင့်နှစ်ဆကျော်အထိတက်သွားမည်ဖြစ်ကြောင်းသိရသည်။ “မီတာခကျတိုးကောက်ချင်တယ်၊မီးကျတော့ပုံမှန်မလာဘူး။မီးပုံမှန်မလာတော့ဒီစားသောက်ဆိုင်တို့ တခြားမီးနဲ့အလုပ်လုပ်နေရတဲ့သူတွေဆိုလုံးဝအဆင်မပြေဘူးလေ။တစ်ရက်လုံးကိုမှတစ်နာရီဘဲလာတဲ့ရက်တွေကရှိသေးတယ်”ဟုတောင်ကြီး ဒေသခံတစ်ဦးကပြောသည်။ ကောက်ခံမည့်အိမ်သုံးအမျိူးအစားနူန်းထားများအနေဖြင့်(၁)ယူနစ်ကနေ(၅၀)ယူနစ်အထိကို(၅၀) ကျပ်၊(၅၁)ယူနစ်ကနေ(၁၀၀)ယူနစ်အထိကို(၁၀၀) ကျပ်၊(၁၀၁)ယူနစ်ကနေ(၂၀၀)ယူနစ်အထိကို(၁၅၀)…