Images

သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ်အတွင်းရှိ ဆင်ကောင်ရေ(၁၃၈)ကောင်ကို PLA စောင့်ရှောက်ပေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ်အတွင်း ဆင်ကောင်ရေ(၁၃၈)ကောင်ရှိသည့်ဆင်ဝိုင်း(၂၁)ဝိုင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၂၂၂တပ်ရင်းမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားကြောင်း (PLA)မှစက်တင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့်သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏မိသားစုများသည်ဘေးကင်းရာဖြစ်သည့်(PLA)လှုပ်ရှားအုပ်ချူပ်စစ်နယ်မြေအတွင်းရှိ တောတောင်များအတွင်းသို့ဇူလိုင်လ(၁၀)ရက်နေ့မှ စတင်ကာရှောင်တိမ်းလာ၍ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားကြောင်း PLA…

ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုကြုံနေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းရွာတွင် ရေကြီးမှုကြောင့် တောင်သူများ၏ ပြောင်းခင်းများ ပျက်စီးပြီး ဆုံးရှုံးမှုရှိနေကြောင်း စက်တင်ဘာ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းရွာတွင် ယခုနှစ်အတွင်း မိုးကြီးမှုကြောင့် ဒေသခံများစိုက်ပျိုးထားသော…

အင်းလေးတွင် ရေကြီးမှုကြောင့် လှေလုပ်ငန်းလုပ်ကိုင်သူများ အခက်ခဲများ ကြုံတွေ့နေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ အင်းလေးကန် ရေကြီးမှုကြောင့် အင်းလေးဒေသရှိ နန့်ပန်မြို့နယ် ရပ်ကွက် (၁)တွင် လှေလုပ်ငန်း လုပ်ကိုင်သူများလှေလုပ်ငန်းရှ်ိပစ္စည်းများ၊ လှေများကိုနေရာပြောင်းရွှေ့ရန် အခက်ခဲကြုံနေကြောင်း ဩဂုတ် ၃ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့…

တောင်ကြီးတွင် ယာဉ်ကြောရှင်းလင်းသည့်အနေဖြင့် ဦးထုပ်မဆောင်းသည့်သူများကို ဖမ်းဆီးနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ တောင်ကြီးမြို့တွင် လမ်းပြုပြင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းရှင်းလင်းသည့်အနေဖြင့် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့် ယာဉ်များကို ဖမ်းဆီးနေကြောင်းဩဂုတ်လ ၂ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အေးစေတီကျောင်းတိုက်အကျော် မီးရထားသံလမ်းအောက်တွင် လမ်းပြုပြင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့၍…

PNO ပြည်သူ့စစ်က လွယ်လုံရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ PNOပြည်သူ့စစ်က လွယ်လုံရွာ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်းစက်တင်ဘာ ၃ ရက်နေ့တွင် ရွာသားများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ လွယ်လုံရွာသားများကို PDF လက်ခံထားသည် PNO ပြည်သူ့စစ်ကစွပ်စွဲပြီး…

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ရှော့ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ မန္တလေးမြို့ရှိ စစ်ကောင်စီ၏အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် (လပခ)ရုံးအတွင်းသို့စက်တင်ဘာလ(၃)ရက် မနက်(၄)နာရီ၈မိနစ်အချိန်တွင် ၁၀၇ မမရှော့ဒုံး(၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ(၇)လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors For Myanmar (BWM)ထုတ်ပြန်ထားသည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည်…

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ MNDAA၊ TNLA နှင့် AA တို့ကို စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA)တို့အား အကြမ်းဖက် အဖွဲ့များအဖြစ် စစ်ကောင်စီမှ…

ကရင်နီပြည်တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခြင်းတို့အား KNDF ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်း ဘော်လခမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ ခဲ့ကြောင်း KNDF ယနေ့တွင် ထုတ်ပြန်ထားသည်။ ဘော်လခဲ မြို့နှင့် မယ်စလောင်းတောင် အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦးသေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ စက်တင်ဘာလ ၁…

အင်းလေးဒေသတွင် ရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ အင်းလေးဒေသတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရှိရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်လျက်ရှိကြောင်း စက်တင်ဘာလ(၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့်ကျေးရွာတွင်းရှိ ချောင်းများလည်းရေတက်နူန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေများဝင်ရောက်လျက်ရှိနေသည်။ “မိုးလဲညဖက်ရောက်ပြီဆိုရင်ရွာပြီ၊ ရွာဖက်တွေမှာလည်း…