Images

သူခိုးဟုစွပ်စွဲခံရသည့်အမျိုးသားတစ်ဦး ဒေါက်လုံရွာလူငယ်အဖွဲ့က ဝိုင်းရိုက်၍သေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်နေထိုင်သည့်လူငယ်လေးဦးက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း စက်တင် ဘာလ (၁၄)ရက်က PSLF/TNLAထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု…

ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ်၊ ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်းတွင် စက်တင်ဘာ ၁၁ ရက်စတင်ပြီး မြေကြီးစတင်အွဲအက်လာပြီး…

နောင်ချိုတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံး ၁၃ လုံးကြဲချတိုက်ခိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(PSFL/TNLA)က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင်…

ပင်လောင်းတွင် ဒုတိယအကြိမ် ရေကြီးသဖြင့် ဒေသခံများ ရေဘေးထပ်ရှောင်ရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသည် ယခု ဒုတိယအကြိမ်ရေကြီးပြီး ဒေသခံများ ရေဘေးထပ်ရှောင်နေရကြောင်းသိရသည်။ သြဂုတ်လပထမပတ်တွင် ပထမအကြိမ် ရေကြီးပြီး ရေဘေးရှောင်ရကာ ယခုစက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုတိယအကြိမ်ရေကြီးခြင်းကြောင်း…

ရေကြီးရေလျှံပြီးနောက် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ NUG ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊၂၀၂၄ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်သတိပေးထုတ်ပြန်ထားသည်၊၊ ဖြစ်ပွါးနိုင်သည့်ရောဂါများမှာ (ဥပမာ – တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော…

လွိုင်လင်မြို့နယ် အင်ခေတ်ရွာတွင် တောင်ပြိုပြီး လူ ၁၃ ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၃ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါက်နွဲ့ရွာမြောက်ဘက် အင်ခေတ်ရွာတွင် မိုးကြီးရေကြီးခြင်းကြောင့်တောင်ပြိုပြီး လူ ၁၃ ဦးတောင်ကျရေထဲ ပါသွားကြောင်းဒေသခံတစ်ဦးထံသိရသည်။ စက်တင်ဘာ ၁၁ ရက်ကဖြစ်ပွားခဲခြင်းဖြစ်ပြီး နေအိမ် ၂၃ လုံးမျောပါပျက်စီးသွားကြောင်းသိရသည်။…

ရှမ်း-ကရင်နီ နယ်စပ်ရှိ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်က ၃၀ သေ ဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကို ကရင်နီ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း လွိုင်ကော် Local PDF ဗဟို သတင်းပြန်ကြား…

ကလောတွင် မြေပြို၊ ရေကြီးမှုကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီးပျောက်ဆုံးသူ ၈၀ ဦးခန့်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ကလောမြို့နယ်တွင် မြေပြိုခြင်း၊ ရေကြီးခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူ ၈၀ ဦးကျော်ရှိနေကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ယခုရက်ပိုင်း ရေကြီးခြင်း မြေပြိုခြင်းကြောင့် သေဆုံးသူ…

ကရင်နီ ဆေးသင်တန်းအပတ်စဥ်(၂) သင်တန်းသား ရဲဘော် ၁၈ ဦးတောင်ကျရေထဲမျောပါကျဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊၂၀၂၄ ကရင်နီပြည်ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာတွင် စက်တင်ဘာ၁၁ ရက်ညပိုင်းအချိန်ကရင်နီဆေးသင်တန်အပတ်စဥ် ၂ ဆေးသင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရကြောင်း(KNDF)ဗဟိုက ဒီကနေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်း၌ သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်း ပြုလုပ်နေစဉ် ရေချောင်းတခုကို…

ထမ်းဆန်းဂူတွင်ရေပြန်ကျပြီး ရေကြီးရေလျှံမှုကြောင့် ဂူပေါက်ဝနှင့် ထမင်းစားသည့်နေရာ ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်းဆန်းဂူတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ရေကြီးရေလျှံ မှုကြောင့် ဂူအတွင်းရေအပြည့်ဝင်ကာ ယနေ့တွင် ရေ​​ပြန် ကျသွားပြီဖြစ်သည်။ ရေကျပြီးနောက် ရေတိုက်စားမှုကြောင့် ဂူပေါက်ဝတွင်…

You missed