(MNDAA)မှ ဖမ်းဆီးထားခဲ့သည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာ
ခမ်းသားငေါဝ်း မတ်လ ၈၊ ၂၀၂၅ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ် လုံးမွန်းကျေးရွာတွင် (MNDAA)တပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၇)ရက်တွင် ဖမ်းဆီးသွားခဲ့သည့် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။ (MNDAA)တပ်ဖွဲ့မှ (၁)လကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သော အသက်မပြည့်သေးသည့် အဆိုပါ…
ပင်လောင်းတောင်ဘက်ရွာများတွင် စစ်မှုထမ်းလူငှားရန်အတွက်ငွေကြေးထပ်မံ ကောက်ယူနေ
ခမ်းသားငေါဝ်း မတ်လ ၇၊ ၂၀၂၅ ပင်လောင်းမြို့ တောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီက စစ်မှုထမ်းလူငှားရန်အတွက်ငွေကြေးထပ်မံကောက်ယူနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းတောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီစစ်မှုထမ်းလူငှားရန်အတွက်တစ်အိမ်ကိုငွေကြေးငါးသောင်းကျပ်ဖြင့်ကောက်ယူနေကြောင်းမတ်လ ၇ ရက်နေ့တွင်သိသည်။ “မထည့်ချင်တဲ့လူဆိုရင်နာမည်နဲ့မှတ်ပုံတင်နံပါတ်သွင်းခိုင်းတယ်သူများခြံနောက်လိုက်ပြီးရတဲ့ပိုက်ဆံစုပြီးထည့်ရတယ် သူများခြံနောက်လိုက်ပြီးရှာရတဲ့ပိုက်ဆံကကိုယ့်တွက်တောင်မသုံးလိုက်ရဘူးသူတို့ကောက်တာပဲထည့်ပေးနေရတာအရမ််းပင်ပန်းရတယ်သူတို့က ၆ လကိုတစ်ကြိမ်ကောက်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။ ပင်လောင်းတောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီမှ စစ်မှုထမ်း အတွက် လူငှားရန် ငွေကြေးကောက်ယူခြင်းကို သုံးကြိမ်ရှိပြီဖြစ်ပြီး…
ပင်လျံကျေးရွာ ဘုန်းကြီးကျောင်းကို လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည့် စစ်ကောင်စီအား ကာကွယ်ပေးနေသည့် ဝါဒဖြန့်ဝေမှု
The People’s Voice – ခမ်းသားငေါဝ်း Fact Check – အချက်အလက်စစ်ဆေးခြင်း ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် ပင်လျံကျေးရွာတွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် မီးလောင်ဗုံး ကြဲချခဲ့မှု ကြောင့် မီးလောင်ပျက်စီးသွားခဲ့ရသည့် ပင်လျံဘုန်းကြီးကျောင်းကို…
ဆရာတော်နှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ အမြန်ဆုံးစစ်ဆေးပေးရန် တောင်းဆို
ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၅ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အုံတိုင်းဘုန်းကြီးကျောင်းတွင် မတ်လ (၄)ရက်နေ့က ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ(၁)ဦးတို့ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပွားကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသတွင်း အုပ်ချုပ်သူများ…
အလုပ်အကိုင်ရှားပါးမှုနှင့် အလှူရှင်နည်းပါးခြင်းကြောင့် စံကားဒေသရှိ စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေ
ခမ်းသားငေါဝ်း မတ် ၇ ၊ ၂၀၂၅ စံကားဒေသရှိ စစ်ဘေးရှောင်များ အလုပ်အကိုင်ရှားပါးမှုနှင့် အလှူရှင်များနည်းပါးခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရသည်ဟု မတ်လ(၆)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ဒေသခံအများအပြားစစ်ရှောင်နေရပြီး အလုပ်အကိုင်ရှားပါးမှုနှင့်…
စင်းသင်းကောင်ခယ်ႏဒေသတွင် ငြိမ်းချမ်းရေးရေရှည်တည်တံ့စွာ ထိန်းသိမ်းပေးသည့် ဖြားတန်ဆရာႏယုဲင်း လူကြီးရောဂါဖြင့်ကွယ်လွန်
ခမ်းသားငေါဝ်း မတ်လ ၆၊ ၂၀၂၅ စင်းသင်းကောင်ခယ်ႏဒေသအတွင်း ရှမ်း၊ ပအိုဝ်းနှင့်အခြားတိုင်းရင်းသားတို့အတွက် ငြိမ်းချမ်းရေးရေရှည်တည်တံ့စွာ ထိန်းသိမ်းပေးသည့် ဖြားတန်ဆရာႏယုဲင်း လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် စင်းသင်းကောင်ခယ်ႏဒေသ မျင်ႏမိုရ်ႏခမ်းဒုခမ်းဗွေႏ ဖြားတန်ဆရာႏယုဲင်းသည် ၂၀၂၅ ခုနှစ် မတ်လ(၅)ရက်နေ့၌ လူကြီးရောဂါဖြင့်…
အိမ်မွေးခွေးကို ရက်စက်စွာ ရိုက်သတ်ခဲ့ပြီး ရောင်းစားခြင်းအားအရေးယူပေးရန် ခွေးချစ်သူများတောင်းဆို
ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၅ အိမ်မွေးခွေးတစ်ကောင်အား လူနှစ်ဦးမှ တုတ်ဖြင့် ရိုက်နှက်ပြီး ရောင်းစားခဲ့သည့် ရုပ်သံကို Facebook လူမှုကွန်ရက်စာမျက်နှာမှ ပြန်နှံ့လာသဖြင့် တိချစ်သူ များအနေဖြင့် ထိရောက်စွာအရေးယူ ပေးရန် တောင်းဆိုလာကြသည်။ ပြီးခဲ့ သည့်…
ကျောင်းထိုင်ဆရာတော်နှင့် အမျိုးသားတစ်ဦးအား ပစ်သတ်ခြင်းသည် လူမျိုးရေးပြဿနာနှင့် ဘာသာရေးအထိကရုဏ်းဖြစ်ပွားစေရန် လုပ်ဆောင်နေသည်ဟုဆို
ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၅ အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းတိုင်ဆရာတော်နှင့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သက်ခဲ့ခြင်းသည် လူမျိုးရေးပြဿနာနှင့် ဘာသာရေးအထင်အမြင်များလွဲမှားစေရန် မှိုင်းတိုက်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီမှဆိုသည်၊၊ စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ဆရာတော်နှင့်…
စစ်ဘေးရှောင်အရေး ကူညိီနေသည့်ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံတစ်ဦး သတ်ဖြတ်ခံရ
ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၅ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် တစ်ပါးနှင့် ဒေသခံတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သတ်သွားကြောင်းသိရသည်။ စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ဆရာတော်နှင့် ဒေသခံတစ်ဦးသည် ဖယ်ခုံမြို့၊ အုံတိုင်းကျေးရွာသို့သွားစဉ်…