Tag: thepeoplevoice

လွိုင်ကော်မြို့အဝင်မုဒ်ဦးကို စစ်ကောင်စီက ဆေးအပြာရောင် ပြောင်းသုတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၄ လွိုင်ကော်မြို့ အဝင်မုဒ်ဦးကို စစ်ကောင်စီက ဆေးအပြာရောင်ပြောင်းသုတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့အဝင် ကြိုဆိုပါ၏ မုဒ်ဦးကို စစ်ကောင်စီက အောက်တို ဘာ ၁၆ ရက်တွင် မူလဆေးရောင် အနီရောင်မှ…

ပန်ခါးရွာတွင် လက်နက်ကြီးတစ်လုံးအား ယူဖြုတ်ရာမှ ပေါက်ကွဲ မှုဖြစ်ကာ အမျိုးသား ၂ ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာ၌ အမျိုးသား ၂ ဦး လက်နက်ကြီးတစ်လုံးဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀း၀၀…

ဆီဆိုင်မြို့ဒေသခံကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည့် ဝန်ထမ်းအိမ်ရာရှေ့က စစ်ဆေးရေးဂိတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့ ဝန်ထမ်းအိမ်ရာ ရှေ့ စစ်ကောင်စီနှင့်ရဲစစ်ဆေးရေးဂိတ်သည် ရွာသားနှင့် ဒေသခံ​ပြည်သူကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည်ဟု ဆီဆိုင်မြို့ခံထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့တောင်ဘက်ဝန်ထမ်းအိမ်ရာရှေ့ဂိတ်တွင် ခမရ ၄၂၄ တပ် ဗိုလ် လှိုင်ဘုန်းမော်က…

ဆီဆိုင်ရှိ ကုန်းဆွတ်တံတား ပျက်စီးသွားသောကြောင့် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်တံတားကျိူး၍ပျက်စီးသွားသောကြောင့်ဒေသခံများအတွက်သွားလာရခက်ခဲ ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းဆွတ်တံတားသည် ရေကြီးရေလျှံမူကြောင့် ကျိူးသွားသောကြောင့် တစ်ရွာမှတစ်ရွာ၊ တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲကြောင်း စိုက်ပျိူးရေးလုပ်ကိုင်သူများထံမှသိရသည်။ “ဒီကုန်းဆွတ်တံတားကျိူးတော့ အမွိုးတို့ သွားလာရခက်ခဲတယ်လေ၊ အရင်ကဆိုရွာတွေ…

အင်းလေးရေညစ်ညှမ်းမှုကြောင့် ဒေသခံများယားယံမှုဖြစ်ပြီး ဆေးဝါးများအကူအညီလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ အင်းလေးကန် တောင်ကျရေများကြောင့် ရေများညစ်ညမ်းမှုဖြစ်နေပြီး အင်းရေကိုသာသုံးနေရသည့် ‌ဒေသခံများ အရေပြားယားယံမှုဖြစ်သောကြောင့် ဆေးဝါးများအကူအညီလိုအပ်နေကြောင်းအောက်တိုဘာလ(၁၅)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်တင်ဘာလဒုတိယပတ်တွင် ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ပြီး တောင်ကျရေများကြောင့်အင်းလေးကန်ရှိ…

အောင်ပန်းတွင် ဆိုင်ကယ်မောင်းသူနှင့် လမ်းဖြတ်ကူးသူတို့ ယာဥ်တိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ အောင်ပန်းတွင် ဆိုင်ကယ် နှင့် လမ်းဖြတ်ကူးသူတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဘက် ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်း ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် စာသင်ကျောင်းအနီးလမ်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့…

ပင်လယ်ဓားပြတိုက်ခံရပြီး စွန့်ပစ်ထားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို AA က ဘင်္ဂလားဒေ့ရှ်ထံသို့ လွှဲပြောင်းပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဘင်္ဂလားပင်လယ်အော်တွင် ဓားပြတိုက်ခံရပြီး စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှိ နိင်ငံသား ၁၆ ဦးကို AA က ကယ်ဆယ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း AA က အောက်တိုဘာလ ၁၄…

သီပေါမြို့အတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို TNLA ပြန်လွှတ်ပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၅၀၃)နှင့်(၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် အတွင်း ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။…

မတ္တရာမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အသေးအပျောက်များ၊ လက်နက်ခဲယမ်းများ မန္တလေး PDF သိမ်းဆည်း

ခမ်းသားငါဝ်း အောက်တိုဘာ ၁၄၊ ၂၀၂၄ မတ္တရာမြို့နယ်အတွင်း တန်ပြန်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း မန္တလေး (MDY- PDF) က အောက်တိုဘာ (၁၃)ရက်တွင်…