Tag: thepeoplevoice

စစ်ကောင်စီ ဂိတ်ပိတ်လိုက်ခြင်းကြောင့် မိုင်းရယ်မြို့တွင် ဓာတ်ဆီပြတ်လပ်၍ ဝယ်မရဖြစ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းမြောက်သွားသည့်ဂိတ်များ ပိတ်ထားပြီးနောက် မိုင်းရယ်မြို့တွင်း ဓာတ်ဆီများ ဝယ်မရဖြစ်နေကြောင်း ‌နိုဝင်ဘာ(၁၅)ရက် ယနေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသွားသည့် ရပ်စောက် ဗထူးဂိတ်နှင့် မိုင်းရယ် ဟိုယ၊မန်ပုံရှိ စစ်တပ်ဂိတ်များ ပိတ်ထားသောကြောင့် ရှမ်းမြောက် မိုင်းရယ်မြို့တွင် နိုဝင်ဘာ(၁၃)ရက်ကစပြီး ဓာတ်ဆီ ဝယ်မရတော့ကြောင်း ဒေသခံထံမှ သိရသည်။ ” ဓာတ်ဆီက တကယ်ပြတ်သွားတာလား ဒါမှမဟုတ်…

စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်‌ပြေးဒုက္ခသည်(၆.၆) သန်းကျော်ထိရှိလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်‌ပြေး ဒုက္ခသည် စုစုပေါင်း (၆.၆) သန်းကျော်ထိရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ‌လေ့လာရေး အင်စတီကျု ISP-Myanmar (Institute for strategy and policy Myanmar) ကနိုင်ဝင်ဘာ(၁၂)ရက်နေ့မှာ ဖော်ပြထားသည်။ ထိုပမာဏ၏ (၄၂) ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းကဖြစ်ပြီး…

ဖယ်ခုံမြို့နယ်တွင် ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးသွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ ဖယ်ခုံမြို့၊ ပူချယ်ကျေးရွာတွင် ရွာသားနှင့် စစ်ဘေးရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းရှေ့တန်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာတွင် စိုက်ထားသောစပါးများရိတ်သိမ်းရန် အလုပ်ဆင်းနေကြသော ကသဲ၊ ဗန်းမောက်၊ မိုင်းဖြတ်ဘက်က ရွာသားနှင့်စစ်ရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီက နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် ပင်လောင်းဖက်သို့…

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ စစ်အင်အား ၁၀၀၀ ကျော်သင်တန်းဆင်းပွဲကျင်းပ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က နိုဝင်ဘာလ ၁၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန်…

ရပ်စောက်ဗထူးဂိတ် ရက်အကန့်သတ်မရှိ ပိတ်လိုက်မှုကြောင်ကုန်ဈေးနှုန်းမြှင့်တက်လာမည်ကို ပြည်သူများစိုးရိမ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းတောင်မှရှမ်းမြောက်သို့ သွားသည့်လမ်း ရပ်စောက်ဗထူးဂိတ်ကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း နိုဝင်ဘာ(၁၃)ရက်တွင် ကုန်ကားမောင်းသူထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းသို့ ဖြတ်သန်းသွားလာသည့် ရပ်စောက် ဗထူးဂိတ်ကို နိုင်ဝင်ဘာ(၁၂)ရက် မနက်ပိုင်းကစပြီး ရှမ်းမြောက်မှ ရှမ်းတောင်သို့လာသည့် ကားသာ ဖြတ်သန်းခွင့်ရပြီး ရှမ်းမြောက်သို့ အသွားကားကို ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ထိုအတွက်…

လိမ်နည်းအသစ်များဖြင့် အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လာနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ အွန်လိုင်းတွင်ယခုရက်ပိုင်း လိမ်နည်းအသစ်များဖြင့် အွန်လိုင်းမှငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လာနေကြကြောင်း တောင်ကြီး၊ကလော ကြုံရသူထံသိရသည်။ လိမ်လည်သူများသည်လူမှုကွန်ရက် စာမျက်နှာများတွင် ရုပ်ရည်ချောမောလှပသော အကောင့်တုများဖြင့် အကောင့်အပ်ကြ မိတ်ဆက်လေ့ရှိပြီး ချက်ဘောက်မှ တဆင့်စကားလာပြောရောလေ့ရှိကြောင်း ၊ ထိုမှ တဆင့်ခင်မင်မှုရရှိစေရန် အချိန်ယူလုပ်ဆောင်ပြီးလိမ်ကြကြောင်း သိရသည်။ ထိုသို့ စကား ပြောပြီးမှ စီးပွားရေး အကြောင်း ပြောဆိုကြရင်း…

ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေပြီးမုန်ညင်းထုပ်နှင့် မုန်ညင်းစိမ်းတစ်စီးကိုတစ်ထောင်ကျော်ထိပေးရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေသည့်အထဲမှ မုန်ညင်းထုပ်နှင့်မုန်ညင်းစိမ်း ဈေးကောင်းနေပြီး တစ်စီးတစ်ထောင်နှင့်အထက်ပေးရကြောင်း ဈေးဝယ်သည့် ဒေသခံအိမ်ရှင်မထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေပြီး အခုလက်ရှိမုန်ညှင်းတစ် ထုပ်ကို တစ်ထောင်ကျပ်နှင့်အထက်ပေး၀ယ်ရပြီးအထုပ်ကြီးရင် တစ်ပင်တစ်ထောင့်ငါးရာကျပ်၊ အထုပ်ငယ်ဆိုရင်တစ်ပင်တစ်ထောင်ကျပ်ပေး၀ယ်ရပြီး မုန်ညင်းစိမ်းတစ်စည်းဆိုရင်တစ်ထောင်ကျပ်နှင့်အထက်ပေးရသည်၊၊ “ကုန်ဈေးနူန်းတွေမြှင့်တက်လာတော့ စား၀တ်နေရေးလဲပိုခက်ခဲလာတယ် အရင်ကပိုက်ဆံနှစ်သောင်းဆိုအကုန်အစုံရတယ် အခုဆိုအကုန်အစုံမရဘူး ချွေတာပြီး၀ယ်ယူနေရတာ အဆင်ပြေတယ်တော့ဘယ်ဟုတ်မလဲ မိသားစုအတွက်အဆင်ပြေသလိုလောက်သလိုပဲသုံးပြီးပြန်ချက်ပေးရတာပေါ့”ဟု ဈေးလာသုံးသည် အိမ်ရှင်မအမျိူးသမီးတစ်ဦးကပြောသည်။…

စစ်ကောင်စီ၏ တရားမဝင် သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်ကြောင်း GSCB ထုတ်ပြန်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ ရွေးကောက်ပွဲအတွက် စစ်ကောင်စီမှ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံရေးအရ ထွက်ပေါက်ရှာနိုင်ရေးအတွက် ရှေးပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ် လုပ်ဆောင်ခြင်း ဖြစ်ပြီး အောင်မြင်မှု မရှိကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က နိုင်ဝင်ဘာ(၁၂)ရက်က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် (၂၀၂၄)ခုနှစ် သန်းခေါင်စာရင်းကောက်ယူသည့်ရက်ကို မူလ အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်အတွင်း သတ်မှတ်ခဲ့သော်လည်း မူလရက်ထက် (၁၅)ရက်တိုးပြီး အောက်တိုဘာလကုန်ထိ…

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်းတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်တစ်သိန်းကျော်အထိရှိလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၅ ထောင် ၃ ရာလုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြည်နယ်နဲ့ တိုင်းအလိုက် ကြည့်လျှင် စစ်ကိုင်းတိုင်းတွင် နေအိမ်အလုံးပေါင်း ၇ သောင်း…

လတစ်ဝက်နီးပါးအထိ ခရမ်းချဉ်သီး စျေးနှုန်း စံချိန်တင် စျေးမြင့်တက်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်းသည် နိုဝင်ဘာလတစ်ဝက်နီးပါး အထိ စံချိန်တင် အမြင့်စျေး တန့်နေကြောင်း ခရမ်းချဉ်သီး ကျွန်းမျော တောင်သူများထံမှ သိရသည်။ နိုဝင်ဘာလ(၁၂) ရက်တွင် အင်းလေးကန် ခရမ်းချဉ်သီး တစ်တင်းလျှင် တစ်သိန်းခွဲ ကျပ်နှုန်း ပေါက်စျေး ဖြစ်နေပြီး၊ အဝယ်စျေး တစ်ပိဿာ ၅၅၀၀ ကျပ်…

You missed