သပြေကုန်း(အွိုင်ႏတဖြေကွုံꩻ)အုပ်စုတွင် PNOပြည့်သူ့စစ်က စစ်အင်အား(၈၀၀)ကျော်ဖြင့် သင်တန်းဆင်းပွဲပြုလုပ်
ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅ ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာ(အွိုင်ႏတဖြေကွုံꩻ)အုပ်စုတွင် PNOပြည်သူ့စစ်က ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အခြခေခံပြည်သူ့စစ်သင်တန်းဆင်းပွဲပြုလုပ်ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ပုံမူကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ပြည်သူ့စစ်သင်တန်းသား(၈၀၀)ကျော်ဖြင့် PNOပြည်သူ့စစ်က အခြေခံစစ်သင်တန်း(၅)ရက်လုပ်ပြီး ယနေ့၌သင်တန်းဆင်းပွဲပြုလုပ်ပေးသည်။ “သင်တန်းက(၅)ရက်တက်ရတယ် ဖေဖော်ဝါရီလ(၆)ရက်နေ့ကနေ…