Tag: thepeoplevoice

ရေပြန်ကျသော်လည်းရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ပြည်သူများအသက်ရှုကြပ်နေကြ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ကလောမြို့တွင် ရေကြီးမှုဖြစ်ပွါးပြီးနောက် ရေပြန်ကျသော်လည်း ကျန်ရှိသည် ရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ဒေသခံများ အသက်ရှုကြပ်နေကြောင်း ဒေသခံဆီမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ ကလောမြို့၌ စက်တင်ဘာလဒုတိယပါတ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုဖြစ်ပွါးပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် ဒေသခံများသည် ကျန်ရှိသည့် ရွံ့နှင့်အမှိုက်များ အပြီးတိုင်မရှင်းနိုင်သေးသည့်အတွက် အနံ့ဆိုးများထွက်သဖြင့် အသက်ရှုကြပ်ခြင်းနှင့် နေထိုင်ရေးအတွက်ခက်ခဲနေသည်။ “အနံ့ကအရမ်းဆိုးတော့နေရတာ အရမ်းခက်တာပေါ့၊…

လားရှိုးမြိုကို စစ်ကောင်စီက လေယာဉ်နှင့်ထပ်မံ ဗုံးကျဲသဖြင့်၊ နေအိမ်ပျက်စီး၊ လူထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အောက်တိုဘာလ (၆) ရက် နေ့လည် (၁)နာရီ‌ကျော် အချိန်တွင် ထပ်မံဗုံးကျဲသဖြင့် ထိခိုက်ဒဏ်ရာရသူနှင့် နေအိမ်ပျက်စီးခြင်းများရှိကြောင်း ဒေသခံထံက သိရသည်။ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထား‌သည့် လားရှိုးမြို့တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ရပ်ကွက်(၅)တွင် ဗုံးကျဲမှုထပ်မံပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ပြီး၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်း…

ပုံးအင်းဒေသတွင် စပါးစိုက်ပျိုးစရိတ်လိုအပ်ချက်သည် အိမ်ထောင်စုတိုင်းအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်မွန်ရှမ်းဆန်များထွက်ရှိရာ ပုံးအင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် စပါးခင်းများ စိုက်ပျိုးစရိတ် လိုအပ်ချက်သည် အိမ်ထောင်စုတိုင်းအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ပုံးအင်းဒေသခံ တောင်သူများက ဆိုသည်။ ဩဂုတ်လနှင့် စက်တင်ဘာလတွင် ပုံးအင်းဒေသ စံချိန်တင် ရေကြီးနစ်မြုပ်နေခြင်းကြောင့် စပါးစိုက်ခင်း ဧကပေါင်း သုံးသောင်းကျော် ပျက်စီးဆုံး ရှုံးခဲ့ရပြီး နေအိမ်များလည်း ရေနစ်မြုပ်…

လေးလအတွင်း ရက် ၁၂၀ စိမံကိန်းတွင် မြန်မာအလုပ်သမား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၆၊ ၂၀၂၄ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂၀ စီမံကိန်းအတွင်း မြန်မာအလုပ်သမား နှစ်သိန်းတစ်သောင်းနီးပါး ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ထားသည်၊၊ ထိုင်းအစိုးရမှ ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့ထိ စီမံချက်အတွင်း မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့…

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM က ရှော့ဒုံးများဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၆၊ ၂၀၂၄ တောင်ငူမြို့ အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) အား စက်တင်ဘာ ၅ ရက်နေ့မနက်ပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း BWM အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပဲခူးတိုင်း တောင်ငူမြို့တွင် အခြေစိုက်ထားသည့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) အား Brave Warriors…

လားရှိုးကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်၊ လူထိခိုက်မှုမရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊ ၂၀၂၄ လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီမှ အောက်တိုဘာလ (၅)ရက် နံနက် (၁၀)နာရီ မိနစ် (၅၀)ကျော်အချိန်တွင် လေယာဉ်ဖြင့် ဗုံး(၃)လုံး​ဖြင့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကိုးကန့် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်နေပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကွန်ပျူတာတက္ကသိုလ်တွင် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့်…

ရေဘေးသင့် ကလောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊ ၂၀၂၄ ကလောမြို့တွင် ရေဘေးဒဏ်ကြုံရပြီးနောက် ပြန်လည် ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေသေးကြောင်း ရေဘေးကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် စက်တင် ဘာလ ဒုတိယပါတ်အတွင်း ရေဘေးဒဏ်ကို ဆိုးဝါးစွာကြုံတွေ့ခဲ့ရပြီး အပျက်အစီးများ အကုန်မရှင်းလင်းနိုင်သေးသလို ပြန်လည် ထူထောင်ရေးအတွက်အကူအညီများစွာလိုအပ်နေသေးကြောင်းသိရသည်။ ” အပျက်အစီးတွေ၊ ရွံ့တွေက ရှင်းလို့မကုန်နိုင်သေးဘူး၊ တချို့အိမ်တွေကျလည်း လုံးဝပျက်စီးသွားတယ်၊ မပျက်စီးတဲ့ အိမ်တွေဆိုလည်း…

ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် ဆေးဝါးများအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊ ၂၀၂၄ ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာနေကြ၍ ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် ရာသီတုပ်ကွေးအပြင်၊ အရေပြားရောဂါများ ဖြစ်ပွားနေကြောင်းသိရသည်။ ” ဒီမှာက တော်တော်ဖျားနေကြတယ်၊ ရာသီတုပ်ကွေးတွေဖြစ်ကြတယ်၊ ပြီးတော့ရေမသန့်လို့ထင်တယ်၊ အရေပြားယားယံတာတွေလည်းဖြစ်နေတယ်၊ ဆေးခန်းတွေ၊ သူနာပြု ဆရာမတွေတော့ ရှိတယ်၊ ဒါပေမယ့် ဆေးဝါးကမရှိတော့ဘာမှလုပ်လို့မရဘူး” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အေင်ခေတ်ရွာတွင် တောက်ပြိုမှုထပ်မံဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊၂၀၂၄ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အေင်ခေတ်ရွာတွင် မြေပြိုမှုများပြန်လည်ဖြစ်ပေါ်ပြီး ရွာသူရွာ သားများ အပြင်မထွက်ရန် အသိပေးနေရကြောင်း​ သိရှိရပါသည်။ ရှမ်း​​ပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် အေင်ခေတ်ရွာတွင်ရေဘေးကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြုမှုပြန်ဖြစ်နေကြောင်း ဒေသခံတစ်ဉီးထံမှ သိရှိရသည်။ “အခုရက်ပိုင်းမိုးဆက်တိုက်ရွာနေတော့ တောင်ပြိုတာလေးတွေ ပြန်ဖြစ်တယ်ပေါ့လေ ရွာသားတွေ​ကိုစိုးရိမ်နေရတော့ ကျနော်တို့က အပြ​​င်တွေသိပ်မထွက်ဖို့ လိုက်ပြီးသတိပေးနေရတယ်ပေါ့ တချို့တွေကိုတော့လဲ ဘုန်းကြီးကျောင်းမှာပဲနေဖို့ လိုက်ပြောရတာတွေရှိတယ်ဗျာ့” ဟုပြောသည်။ ယခင်ဖြစ်ပွားခဲ့သည့် မြေပြိုမှုမှ…

ဘုရားဆင်းတုတော်များ၏ ဦးခေါင်းတော်များ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး သတိထားသင့်သည့် ဘာသာရေး အမုန်းတရားလှုံ့ဆော်မှု

The People’s Voice – ခမ်းသားငေါဝ်း Fact Check ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆုထူးပန်စေတီ၌ ဘုရားဆင်တုတော် အဆူဆူ၏ ဦးခေါင်းတော် များ ဖျက်ဆီးခံရမူနှင့် ပတ်သတ်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တို့တွင် KNDF/KNPPနှင့် PDF တို့မှ ဖျက်ဆီးခဲ့ကြောင်းစွပ်စွဲ ဝါဒဖြန့်ထားပြီး အာဏာသိမ်း စစ်ကောင်စီတပ် မရှိပါက ဒီလိုအဖြစ်မျိုး များ ဖြစ်လာဖို့…

You missed