Tag: thepeoplevoice

သစ်တောပြုန်းတီးမှုလျော့ကျစေရန်နှင့် သဘာဝအလှအတွက်မျိုးပြုန်းနေသည့် ချယ်ရီအားပြန်လည်စိုက်ပျိုး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ရွေ့ပြောင်းတောင်ယာလုပ်လာခြင်း များလာသည်နှင့်အမျှ သစ်တောပြုန်းတီးမှုများပြားလာပြီး သဘာဝအလှအတွက်နှစ်စဥ်မျိုးသုဥ်းနေရသည့် ချယ်ရီပင်များအား တောင်ကြီးနှင့် ရှမ်းတောင်ရှိကျေးရွာများတွင် ပြန်လည်စိုက်ပျိုးနေကြောင်း အောက်တိုဘာလ(၁၀)ရက်နေ့တွင် ချယ်ရီပင်များပျိုးထောင်နေ့သည့် လူငယ်ထံမှသိရသည်။ ရှမ်းပြည်နယ်၏သင်္ကေတတစ်ခုဖြစ်သည့် ချယ်ရီပင်များသည် ရွေ့ပြောင်းတောင်ယာလုပ်လာခြင်းကြောင့် သစ်တောများပြုန်းတီးမှုနှင့်အတူ မျိုးသုဥ်းနေရပြီး သစ်တောပြုန်းတီးမှုလျော့ကျစေရန်နှင့် သဘာဝအလှအတွက်ဖြစ်သည့်ချယ်ရီပင်အားပြန်လည်ထိန်းသိန်း စိုက်ပျိုးနေကြောင်း သိရသည်။ “ချယ်ရီဆိုတာက ကျွန်တော်တို့တောင်ပေါ်ဒေသရဲ့ ပြယုဒ်တစ်ခုလည်းဖြစ်တယ်၊ အခုကျွန်တော်က ပျိုးပင်တွေ(၆)ထောင်လောက်ပျိုးထားတယ်ဗျ၊ အခုတော့ရွာတွေဘက်မှာ…

မိုးရေသာအားကိုးရသည့်ဆီဆိုင်မြို့ပြည်သူများ နွေရာသီအတွက် ရေအခက်ခဲကြုံမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ပုံမှန်ပေးဝေနေကျ ဂျပန် ရေမရတော့ဘဲ မိုးရေသာအားကိုးနေရ၍ နွေရာသီ ရေအခက်ခဲကြုံရမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး နောက်ရပ်ကွက်တွင်းပေးဝေနေကြ ဂျပန်ရေမရတော့သဖြင့်မိုးရေနှင့်သာချက်ပြုတ်စားသောက်ကာလတ်တလောစား၀တ်နေရေးပြသာနာကိုဖြေရှင်း နေရသည်။ “ရေမရတာကတော့စစ်ဖြစ်ကတည်းကနေအခုထိပဲ၊တချို့ရွာတွေကဂျပန်ရေ နည်းနည်းရတယ်၊ မရတဲ့လူကတော့မိုးရေရှိနေလို့အဆင်ပြေနေသေးတာချက်ပြုတ်လဲမိုးရေသောက်ရေလဲမိုးရေပဲအချို့အိမ်ဆိုရေလုံး၀မရှိတာလဲရှိသေးတယ်၊မိုးရာသီကုန်ရင်ရေရဖို့ဘယ်လိုလုပ်ရမှန်းမသိဘူး၊အချိူ့အိမ်ကရေတွင်းရှိပေမဲ့ပုပ်နံ့နံနေတာတွေရှိတော့သောက် လို့သုံးလို့အဆင်မပြေဘူးလေ”ဟု ဒေသခံအမျိူးသမီးတစ်ဦးကပြောသည်။ အရင်ကဂျပန်ရေကိုတစ်ပတ်တွင်တစ်ရက်ရပြီး၊တစ်ရွာနှင့်တစ်ရွာရက်မတူသည့်အပြင်ရေလာသည့်အချိန်လဲမတူသည့်အတွက်သုံးစွဲရအဆင်ပြေပြီး ထိုရေဖြင့် သောက်ရေ၊ချိုးရေ၊ အဝတ်လျှော်၊ ချက်ပြုတ်စသဖြင့်အသုံးပြုကြပြီး ရေမီတာခဆောင်ရလည်းအဆင်ပြေခဲ့သည်။ လက်ရှိတိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်ဆီဆိုင်မြို့တွင် စစ်ရှောင်ဒေသခံများနေရပ်ပြန်လာကြပြီဖြစ်ပြီး…

မန်ချက်ရွာကို စစ်ကောင်စီမှ လေကြောင်းနှင့် တိုက်ခိုက်သဖြင့် ပြည်သူ(၅)ဦးဒဏ်ရာ ပြင်းထန်ပြီး နေအိမ်များ ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ သန္နီမြို့နယ် မန်ချက်ရွာတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကျဲ တိုက်ခိုက်သောကြောင့် ‌ရွာသား(၅)ဦး ဒဏ်ရာပြင်းထန်ရရှိပြီး နေအိမ်များ ပျက်စီးမှုရှိကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စုမန်ချက်ရွာတွင် စစ်ကောင်စီမှ အောက်တိုဘာ(၁၀)ရက်နံနက် (၂)နာရီခွဲ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုမရှိသော်လည်း အပြင်းထန်ဒဏ်ရာ ရရှိသူ (၅)ဦးရှိပြီး နေအိမ်ပျက်စီးမှုရှိသည်။ “ထုံးစံအတိုင်း လူအိပ်ချိန်…

စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီမှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံးရေ (၆၀) ကျော် ကျဲချတိုက်ခိုက်ခဲ့‌သောကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အောက်တိုဘာ(၉)ရက်နေ့က တအာင်းတပ်မတော် (TNLA) မှ ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီးပေါမြို့၊ ပန်းတိမ်‌တောင်ရပ်ကွက် နှင့် ရွှေကျောင်းရပ်ကွက်အတွင်း စစ်ကောင်စီက…

မောက်မယ်ရှောက်ချိုစိုက်ခင်းများ ရေနစ်မြှုပ် သဖြင့် ရှောက်ချိုသီး စျေးနှုန်း မြင့်တက်လာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် နာမည်ကြီး ရှောက်ချိုစိုက်ခင်းများ ရေနစ်မြှုပ် သဖြင့် ရှောက်ချိုသီး စျေးနှုန်း မြင့်တက်လာကြောင်းကြား သိရသည်။ တောင်ကြီးမြို့ နှင့် မောက်မယ်မြို့တို့တွင် မောက်မယ် ရှောက်ချိုသီး တစ်လုံးကို တစ်ထောင့်ငါးရာကျပ် ပေါက်စျေးဖြင့် ရောင်းချနေကြပြီး၊ ယခုနှစ် အသီးထွက်နှုန်း လျော့ကျသဖြင့် စျေးနှုန်း တက်လာခြင်း ဖြစ်ကြောင်းဒေသခံထံက သိရသည်။…

ဆီဆိုင်မြို့ကိုပြန်ရန် စစ်ကောင်စီဂိတ် ၉ ခု၏အစစ်ဆေးကို ဖြတ်ကျော်ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ တောင်ကြီးမြို့မှ ဆီဆိုင်မြို့ကိုပြန်ရန် စစ်ကောင်စီဂိတ် ၉ ခု၏ စစ်ဆေးမေးမြန်းခြင်းခံရပြီး ဖြတ်သန်းခဲ့ရကြောင်း ​သေခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ဒေသခံများ သည် သီတင်းကျွတ်ကာလ နေရပ်ပြန်သည့်ပြည်သူများနှင့်ခရီးသွားများသည် စစ်ကောင်စီဂိတ်တွင် စစ်ဆေးမေးမြန်းခြင်းနှင့်အချိန်ကုန်ပြီး လိုရာခရီး အခက်ခဲဖြစ်စေသလို မျိူးသမီးငယ်များစိတ်အ‌နှောက်ယှက် ဖြစ်‌ရန် စနှောက်ခြင်းများလည်း ရှိကြောင်းသိရသည်။ “အရင်ကဂိတ်သိပ်မရှိတဲ့အတွက်တောင်ကြီးကနေဆီဆိုင်ဆိုရင်ကားနှစ်နာရီကျော်လောက်ပဲစီးရတယ်၊အခု နောက်ပိုင်းဂိတ်အရမ်းများတော့သုံးနာရီကျော်၊လေးနာရီနီးပါးစီးရတယ်၊အချိန်တွေအရမ်းကုန်တဲ့အတွက်တစ်ခါတစ်လေ ခရီးတောင်မသွားချင်ဘူး”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းဆီဆိုင်မြို့ကို…

အင်ဒိုနီးရှားတွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးသည့် အစည်းအဝေးသို့ RCSS/SSA တက်ရောက်ခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ အင်ဒိုနီးရှာနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာထိပ်တန်းသံတမန်‌များရဲ့ မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း (RCSS/SSA) က အောက်တိုဘာ(၈)ရက်တွင် ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ အစည်းအဝေးအားအောက်တိုဘာ(၃)ရက် မှ(၅)ရက်အထိ ကျင်းပြခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အစိုးရက ဖိတ်ကြားမှုဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) က တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအစည်းအဝေးတွင်…

လူပျောက်ရှာဖွေသည့် DLEPS တပ်ဖွဲ့ဝင် ၃ ဦးအား ARSA တပ်ဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့၍ ၁ ဦး သေဆုံး၊၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ လူပျောက်ရှာဖွေရန်ထွက်လာသည့် DLEPS ၏ အာရက္ခ ပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော် AA က အောက်တိုဘာလ 8 ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တွင် အောက်တိုဘာလ…

သကြားစက်ရုံကို စစ်ကောင်စီမှ ဗုံကျဲတိုက်ခိုက်သဖြင့် ဝန်ထမ်း (၂)ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ မိုင်းရယ်မြို့ သံတောင်ဦးသကြားစက်ရုံကို စစ်ကောင်စီမှ အောက်တိုဘာ(၉)ရက်၊နံနက် (၂)နာရီခွဲဝန်းကျင်တွင် လေယာဉ် ဗုံးကျဲ တိုက်ခိုက်သဖြင့် ဝန်ထမ်းနှစ်ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နှင့် (၁၄)မိုင်အကွာမှာ တည်ရှိသော သံတောင်ဦး သကြားစက်ရုံကို စစ်ကောင်စီမှ ကိုးကန့်စစ်သားရှိနေသည်ဆိုသည့် သတင်းကြောင့် လေယာဉ်ဖြင့်ဗုံးကျဲ တိုက်ခိုက်ရာ ဝန်ထမ်း(၂)ဦးထိခိုက် ဒဏ်ရာပြင်းထန်ပြီး အဆောက်အဦးထိခိုက်…

တစ်ဘက်ချောင်းအနီးကုန်းဆွတ်ရွာတွင် တိုက်ပွဲ ဒဏ်အပြင်ရေကြီးရေလျှံမှုဒဏ်ပါခံရပြီး စိုက်ခင်းများအကုန်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊၂၀၂၄ ဆီဆိုင်မြို့အနောက်ဘက် နမ့်တဘက်ချောင်းအနီး ကုန်းဆွတ်ရွာတဝိုက်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများအကုန်နှစ်မြုပ်ဆုံးရှုံး ခဲ့ရကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ရွာအနီးတစ်ဝိုက်ရှိစိုက်ခင်းများသည်တစ်လနီးပါးရေမြှုပ်နေပြီးပျက်စီးကာ ဒေသခံများစားဝတ်နေရေး အခက်ခဲဖြစ်စေမည်ကိုစိုးရိမ်ကြသည်။ “ကျမတို့ဆို စစ်ကြောင့်အိမ်ဆုံးရူံးရတယ်၊ရေဘေးကြောင့်ရင်းနှီးပြီးစိုက်ပျိူးရတဲ့ စပါးပင်တွေပြောင်း ပင်တွေ ဆုံးရူံးကုန်တယ်၊အခုစိုက်ထည့်လို့လဲအဆင်မပြေသေးဘူး၊မျိူး‌စေ့ အကြွေးယူထားတာတွေလဲမဆပ်နိုင်သေးဘူး၊လက်ရှိစား၀တ်နေရေးကိုတော့ဖြစ်သလိုအဆင်ပြေအောင်ဖြေရှင်းနေရတယ်”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။ ကုန်းဆွတ်ရွာတွင် ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အောက်တိုဘာလ ၈ ရက်နေ့အထိရေမကျသေးဘဲ…

You missed