စစ်ကျွန်အဖြစ်နွံနစ်မခံရန် ပအိုဝ်းပြည်သူများအနေဖြင့် ဆန့်ကျင်တော်လှန်ကြပါရန် PNLOနှင့် PNFCက တိုက်တွန်း
ခမ်းသားငေါဝ်း မတ်လ ၁၃၊ ၂၀၂၅ ပအိုဝ်းပြည်သူများကို စစ်ခရိုနီများနှင့် အာဏာရှင်များကနည်းမျိုးစုံဖြင့် အသုံးချနေပြီး စစ်ကျွန်အဖြစ်နွံနစ်မခံလိုသည့် ပအိုဝ်းပြည်သူများအနေဖြင့် သတိကြီးစွာထားကာ ရှောင်ရှားရုန်းထွက် ဆန့်ကျင်တော်လှန်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အချုပ် (PNLO)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)တို့က (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် တိုက်တွန်းပြောဆိုထားသည်။…