Tag: thepeoplevoice

နမ်းနိန်းရွာအရပ်သားပြည်သူများ သတ်ဖြတ်မှုဖြစ်စဥ်နှင့်ပတ်သတ်ပြီး ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချ

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းးကျေးရွာတွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချကန့်ကွက်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊ ယခင်မတ်လ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုကြောင့် ဘုန်းကြီး ၃ ပါး အပါအဝင် အရပ်သား ၂၂…

ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း၊ မတ် ၁၀၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တောင်ဖက် ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မတ်လ ၁၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်‌ နေဆဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းဆောင်များ၊ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ “သေနတ်သံက မနေ့ကလည်းကြားတယ်၊ ဒီနေ့ထိလည်းပစ်နေတုန်းပဲ၊ ကျွန်မတို့ဖက်မှာတော့ တိတ်ဆိတ်နေရောပဲ ရွာမှာလည်းလူရှိတယ်၊ ဘယ်သူမှအပြင်မထွက်ရဲဘူး၊ နှစ်ဖက်တပ်က တိုက်နေကြတာ၊…

ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ ၆၀၀၀ ကျော်ထိရှိပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၉ ၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ ၆၀၀၀ ကျော်ထိရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်အထည်၊ စောင်နှင့် သောက်သုံးရေအရေးပေါ်လိုအပ်နေလျှက်ရှိကြောင်း မတ်လ ၈ ရက်နေ့တွင်သိရသည်။ လူဦးရေ ၆၀၀၀ ကျော်သည် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် စာသင်ကျောင်းများတွင်ရှိသည့် စာရင်းသာဖြစ်ပြီး နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များမပါဝင်သေးကြောင်း တစ်ရက်ပြီးတစ်ရက်စစ်ဘေးရှောင်လာသူများ တိုးလာလျှက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံက…

ပင်လောင်းမြို့နယ်တွင် သောက်သုံးရေရှားပါးမှုကြောင့် စစ်ရှောင်များ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားနေ

ခမ်းသားငေါဝ်း၊ မတ် ၉၊ ၂၀၂၃ စစ်ရှောင်အများစုရောက်ရှိနေသော ပင်လောင်းမြို့နယ်တောင်ဖက်ကျေးရွာများတွင် သောက်သုံးရေရှားပါးမှုကြောင့် စစ်ရှောင်များ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားနေကြောင်း မတ်လ ၉ရက်တွင် သိရသည်။ တောတောင်ထဲရှိ ဂူထဲတွင် စစ်ဘေးတိမ်းရှောင်ပုန်း နေရသော စစ်ရှောင်များသည် ဝမ်းလျှော၊ဝမ်းပျက်ဖြစ်ပွားမှုအပြင် ရာသီဥတုဒဏ်အလူးအလဲခံနေရပြီး နှာစေး ချောင်းဆိုးရောဂါများလည်းဖြစ်ပွားနေကြောင်းသိရသည်။ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားသူမှာ ၂၀၀၀ခန့်ရှိပြီး တောထဲ တိမ်းရှောင်နေသည့် စစ်ရှောင်များ နှင့် ပင်လောင်းတောင်ဖက်ဒေသရှိ…

ဆီဆိုင်မြို့တွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများရေပုံမှန်မရရှိ

ခမ်းသားငေါဝ်း၊ မတ် ၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများ ရေပုံမှန်မရှိသဖြင့် ပိုက်ဆံဖြင့်ဝယ်သုံးနေရကြောင်း မတ်လ ၇ ရက်က မြို့နေလူထုများ ပြောပြချက်အရသိရသည်။ ရေထွက်ဦးမှ ဆီဆိုင်မြို့၆ရပ်ကွက်သို့ရေများဖြန့်ဝေရာတွင် ခမရ ၄၂၃/ ခမရ၄၂၄ တပ်အတွင်းသာ ရေပုံမှန်ရရှိကြောင်း မြို့ခံများပြောဆိုချက်အရ သိရသည်။ ဆီဆိုင်မြို့ခံတစ်ဦးက “မြို့ထဲကလူတွေက ရေတခါမှပုံမှန်မရဘူး၊ စစ်တပ်ကျ ရေခြံတွေပါစိုက်တာ၊ သူတို့စိုက်တဲ့…

You missed