ရေကြီးမြေပြိုမှုထဲနေအိမ်ပါသွားသည့် ခေါင်းနွဲ့ရွာ ပြန်လည်ထူထောင်ရေး အခက်ခဲရှိနေ
ခမ်းသားငေါဝ်း အောက်တိုဘာ၁၉၊ ၂၀၂၄ ရေကြီးရေလျှံဖြစ်ပြီးမြေပြိုမူထဲ နေအိမ်မျေားပါ ပျက်ဆီးဆုံးရှုံးသွားသည့်ခေါင်းနွဲ့ရွာ ဒေသခံများပြန်လည်ထူထောင်ရေးအတွက် သွပ်၊ အိမ်တိုင်၊ အကာအရံများလိုအပ်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် နေအိမ်ပျက်စီးသွားသည့်သူများ ပြန်တည် ဆောက်၍မရသေးဘဲ တချို့ကဘုန်းကြီးကျောင်းတွင်နေပြီး တစ်ချို့ကရွာထဲရှိအိမ်နှင့်အတူနေသလို၊တချိူ့ကဆွေမျိူးအိမ်တွင်လိုက်နေကြပြီး ၊မိုးအရမ်းရွာလျှင် ဘုန်းကြီးကျောင်းသို့လာအိပ်ကြရကြောင်းသိရသည်။ “အိမ်ပျက်စီးသွားတဲ့လူတွေအတွက်နေအိမ်ပြန်ပြီးတည်ဆောက်ဖို့ခက်ခဲနေသေးတယ်၊အခုကမိုးရွာရင်ရေပြန်ကြီးလိုက်အဲလိုဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ လမ်းတွေကောင်းကောင်းသွားလာရဖို့အတွက်လုပ်နေတယ်၊ရွာမှာရှိတဲ့လူတွေရဲ့နေအိမ်ကိုပြန်လည်ထူထောင်ရေးလုပ်ဖို့ အတော်စဉ်းစားယူရတယ်”ဟု ခေါင်းနွဲ့ဘုန်းကြီးကျောင်းဆရာတော်က ခမ်းသားငေါဝ်း ကိုမိန့်ကြားသည်။ ခေါင်းနွဲ့ရွာတွင်ကျောင်းသွားသည့်လမ်းများကရေချောင်းဖြစ်နေသေးပြီး ကလေးများအန္တာရယ် ဖြစ်မည်ဆိုးသည့်အတွက် မိုးရာသီတွင်…