Tag: thepeoplevoice

ယခုနှစ်ရှမ်းတောင်တွင် ရေကြီးရေလျှံမှုကြောင့်စပါးအထွက်နူန်း အရင်နှစ်ထက်လျှော့နည်း

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ တောင်ကြီးမြို့နယ်၊ ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်းရှိစပါးခင်းများ ရေကြီးရေလျှံမှုကြောင့်အရင်နှစ်ထက်အထွက်နူန်း လျှော့နည်းနေကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကုလာကုန်းကျေးရွာအရှေ့ဖက်ခြမ်းရှိ စပါးစိုက်ခင်းများ မိုးကြီးမှုကြောင့်အပင်များလှဲပြီး ရေနစ်မြှပ်သွားသည့်အတွက် စပါးပင်များပျက်စီးသဖြင့် အရင်နှစ်ထက် အထွက်နူန်းလျှော့နည်းနသည်။ “ပြောရမယ်ဆို ဒီနှစ်ကမိုးများတော့လေ၊ အခုရိတ်သိမ်းတဲ့ချိန်တောင် တစ်ချိူ့နေရာကမကျသေးတော့ စပါးကမရတော့ဘူးလေ၊ အများကြီးတော့ဆုံးရှုံးတာပေါ့၊ အရင်နှစ်ထက်တစ်ဝက်နီးပါးဘဲပြန်ရတယ်လေ ခုကတစ်ချိူ့တွေဆိုလုံးလုံးပြန်မရတဲ့သူတွေလဲရှိတယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသ နောင်မွန်ရှမ်းဆန်အဓိကထွက်ရှိသည့်​ဒေသတွင်လည်း စက်တင်ဘာလအတွင်း…

“ဝ” ဒေသတွင် လူသတ်မှု၊ မုဒိမ်းမှုကျူးလွန်သူတို့ကို သေဒဏ်နှင့်ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်လိုက်သည့် ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူ(၁)ဦးကို သေဒဏ်ချမှတ်ကာ မုဒိမ်းမှု ကျူးလွန်သူ (၆) ဦးကို အောက်တိုဘာ (၃၀)ရက် ယနေ့တွင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ကြောင်း “ဝ” ပြည်နယ် အခြေစိုက် သတင်းမီဒီယာက ဖော်ပြထားသည်။…

တောင်ကြီးတန်ဆောင်တိုင် ကာလအတွင်း တချို့ ဟိုတည်များ၏ အခန်းစျေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပသည့် နိုဝင်ဘာလအတွင်း ဟိုတည် တချို့များ၏ အခန်းခ စျေးနှုန်းနှစ်ဆ နီးပါး မြင့်တက်မည့်အကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့ ဟိုတည် ဝန်ထမ်း တစ်ဦးဆီမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကိုလာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၆ ရက်…

ဗန်းမောက်ရွာမှာ ဒေသခံတွေပိတ်မိနေပြီး ကယ်ထုတ်ပေးမယ့် အကူအညီအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ ပင်‌လောင်းမြို့နယ် ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ဗန်းမောက်ကျေးရွာ ပြည်သူတွေ ထွက်မရဘဲ အရေးပေါ်ကယ်ထုတ်မယ့်သူတွေရဲ့ အကူအညီလိုအပ်နေတယ်လို့ ယနေ့ မှာ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောလာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဗန်းမောက်ကျေးရွာမှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမောက်ရွာအတွင်း ဒေသခံများကကြောက်လန့်နေပြီး မနေရဲတော့ပဲ ဒေသခံနဲ့နီးစပ်သူက…

ဝ”ဒေသ တရုတ်နယ်စပ်ဂိတ် အားလုံး ပိတ်လိုက်သောကြောင့် ကုန်ဈေးနှုန်း မြင့်တက်ပြီး ဒေသခံများ အခက်ကြုံ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ “ဝ”ပြည် တရုတ်မြန်မာ နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်လိုက်သောကြောင့် ကုန်စည် စီးဆင်းမှုနည်းပြီး ကုန်ဈေးနှုန်း မြင့်တက်လာသောကြောင့် ဒေသခံပြည်သူများ အခက်တွေ့နေရကြောင်း အောက်တိုဘာ (၃၀)ရက်တွင် စုံစမ်းသိရသည်။ ရှမ်းပြည် အရှေ့ပိုင်း”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဖြစ်သည့် ကျိုင်းခမ်း၊ မိုင်းလားမြို့ရှိ ကုန်ပစ္စည်းအများစုသည် တရုတ်ဘက်ကအဓိကထား တင်သွင်း‌ပြီး ဂိတ်များအားလုံးကို တရုတ်ဘက်မှ တင်းတင်းကြပ်ကြပ် ပိတ်ထား‌…

ကယန်းအမျိုးသားတပ်မတော် KNA ဖွဲ့စည်းပြီး တော်လှန်ရေးအဖွဲ့များနှင့်လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦး ဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖန်တီးကာ ကယန်းအမျိုးသားတပ်မတော် -KNA ကို အခြေခံမူ ၉ ချက် အမျိုးသားရည်မှန်းချက် ၅ ချက်ဖြင့် အောက်တိုဘာလ (၂၉) ရက်နေ့က ဖွဲ့ စည်းခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ကယန်းအမျိုးသားတပ်မတော်သည် လွိုင်ကော်၊ ဒီးမော့ဆို ၊…

ကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီ တပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူအခက်ခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့တွင် သီတင်းကျွတ်အပြီးကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီတပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူများအခက်ခဲကြုံတွေ့နေရရြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် လွယ်တဖြွီးတောင်တွင် ယခင်ကတစ်ရက်ကိုထမင်းထုပ် တနပ်စာသာပို့ခဲ့ရသော်လည်း ယခုတစ်ရက်သုံးကြိမ်ပို့ဆောင်ပေးနေရကြောင်းသိရသည်။ “စစ်ပွဲပြီးကတည်းက အဆင်ပြေအောင်မနည်းလုပ်ရတာ၊အခုလိုသူတို့အတွက်ပါထပ်ပို့ရတော့ပိုဆိုးတာပေါ့၊အခုဆိုကုန်ဈေးနူန်းအများကြီးထိုးတက်လာတော့ဘယ်လို၀ယ်ရမှန်းတောင်မသိဘူး”ဟု ဒေသခံတစ်ဦးဆီကပြောသည်။ စစ်ကောင်စီ တပ်အတွက်ထမင်းထုပ်ကို နေ့စဥ်သုံးနပ်စာပေးပို့နေရပြီးယခင်ကအသားမပါလျှင် ပြဿနာ ရှာဆဲဆိုပြီးယခုတွင်အသားဟင်းမပါလည်း ဘာမှမပြောတော့ကြောင်းသိရသည်။ ဆီဆိုင်မြို့တွင် စစ်ပွဲပြီးကတည်းက ဒေသခံတစ်ချိူ့…

နောင်ပီရွာရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်စစ်ဆေးရေးဂိတ်က စားနပ်ရိက္ခာများသယ်ခွင့်မပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်းမြို့နယ် နောင်ပီရွာရှိ စစ်‌ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ‌ဒေသခံများအား စားနပ်ရိက္ခာများသယ်ယူခွင့်မပြုကြောင်း အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာရှိ စစ်ကောင်စီနှင့် PNOပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ဒေသခံပြည်သူများအား စားနပ်ရိက္ခာသယ်ဆောင်ခွင့်မပြုပဲ သယ်ဆောင်ပါက လူဖမ်း၊ ပစ္စည်းများသိမ်းယူမှုရှိနေသည်။ “စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ဆီ၊ဆားစသဖြင့်ပေါ့ အဲ့လိုပစ္စည်းတွေဆိုရင်သူတို့ပေးမသယ်ဘူး သယ်ရင်ကားရောပစ္စည်းရောအကုန်သိမ်း တစ်ခါတစ်လေလူကိုလည်းဖမ်းတော့…

ပင်လောင်းတောင်ဘက်တိုက်ပွဲကြောင့် ကန်တော်ရွာရောက်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွါးနေသောကြောင့် ဒေသခံများက စစ်ဘေးတိမ်းရှောင်နေရပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါလိုအပ်နေသည်ဟု အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံစစ်ဘေးရှောင်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်၊ ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာရောက် စစ်ဘေးရှောင် (၁၂၅၀)ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေသည်။ “အခုလောလောဆယ် အဓိကလိုအပ်တာကတော့…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်း မြို့နယ် နောင်ဝိုး၊ပင်စုံ၊ နမ့်ဖာမူကျေးရွာ များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တွင် စက်တင်ဘာလ ၁၇ ရက်နေ့ကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ နောင်ဝိုး၊ ပင်စုံ၊ နမ့်ဖာမူ ကျေးရွာများတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။…

You missed