Tag: thepeoplevoice

ဟိုဝိုး၊လွယ်ကျိုင်း၊လင်ခံကျေးရွာများကိုစစ်ကောင်စီ မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ​ပြည်သူ့စစ် တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့က နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။ ”…

ရပ်ထားသည့် ကျောက်မီးသွေး တွဲကားကို ဟိုက်ဂျက် ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း – ဟဲဟိုးသွားလမ်း တွင် ရပ်ထားသော ကျောက်မီးသွေး တွဲကားကို ဟိုက်ဂျက် ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှု အသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁) ရက် ညနေ ၃း၃၀ နာရီအချိန်ခန့် တွင် အောင်ပန်း-ဟဲဟိုးသွားလမ်း…

န၀မကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊ ၂၀၂၄ နမ၀ကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို နိုဝင်ဘာလ(၁) ရက် ညောင်ရွှေမြိုတွင် အကျဉ်းချုံး ပြုလုပ်ခဲ့ကြောင်း အင်းသားအမျိုးသားနေ့ ကျင်းပရေး ကော်မတီထံမှ သိရသည်။ ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁) ရက်တွင် ကျရောက်သော န၀မကြိမ်မြောက် အင်းသားအမျိုး သားနေ့ကို ညောင်ရွှေမြို သာသန၀ိပုလ တိတ်နန်း စာသင်တိုက် ကျောင်းတွင် မနက်ပိုင်း(၉) နာရီ…

TNLA ထိန်းချုပ်ထားသည့်ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ် လေကြောင်းဖြင့်တိုက်ခိုက်(၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်(၂)ကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ် (၂)စီးဖြင့် ဗုံး(၈)လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း (TNLA) က သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာ (၁)ရက် မနက် (၃)နာရီ (၂၈)မိနစ်မှ (၃၈)မိနစ်အထိစစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် (၃)ကြိမ်လာရောက် တိုက်ခိုက်ခဲ့ရာ ကွတ်ခိုင်မြို့…

စစ်ကောင်စီတပ် ဒရုန်းကို ရှမ်းတောင်ဗျူဟာ( ၂ ) ပူးပေါင်းစစ်ကြောင်း ပစ်ချနိုင်ခဲ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊ ၂၀၂၄ ရှမ်း၊ကယား နယ်စပ်ရှိ‌ ရှမ်းတောင်ဗျူဟာ (၂)ပူး ပေါင်းစစ်ကြောင်းသည် စစ်ကောင်စီဘက်မှ လာရောက်တိုက်ခိုက်သည့် ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း အောက်တိုဘာ (၃၁)ရက်တွင် ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၂၆)ရက် နေ့လည်ပိုင်း (၁၁)နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီဘက်မှ ညောင်ရွှေမြို့နယ် ရေပူကျေးရွာအတွင်း ပထမအကြိမ် ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ပြီး ရဲဘော်အချို့…

ခေတ်ကာလမကောင်း၍ ကျေးသီးမြို့နယ်ရှိ ရွာများကောက်သစ်စားပွဲကို အကျဥ်းချုံးကျင်းပ

ခမ်းသားငေါဝ်း ကျေးသီးမြို့နယ်ရှိ ရွာများတွင် ခရစ်ယာန် ဘာသာဝင်များ၏ ရိုးရာဓလေ့ ကောက်သစ်စားပွဲများကို အကျဥ်းချုံးကျင်းပကြ ကြောင်း နိုဝင်ဘာ (၁)ရက်နေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲရှိ ရွာတိုင်းလိုလိုတွင် တစ်နှစ်တစ်ခေါက် ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလထဲတွင် တစ်ရွာပြီး တစ်ရွာကျင်းပကြောင်း သိရသည်။ “ဒါက ခရစ်ယာန်ဘာသာဝင်ရဲ့ ဓလေ့တစ်ခုဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်မှ မဟုတ်ဘူး…

ပွင့်လင်းရာသီတွင် တိုက်ပွဲထပ်ဖြစ်မည်သတင်းကြောင့် ဒေသခံများ သီးနှံသိုလှောင်ခြင်းမလုပ်ရဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပွင့်လင်းရာသီတွင် တိုက်ပွဲထပ်ဖြစ်မည်သတင်းကြောင့် ဆီဆိုင်မြို့တွင်ပြောင်းစိုက်တောင်သူများသီးနှံရိတ်သိမ်းပြီးမသိုလှောင်ထားပဲချက်ချင်းရောင်းလိုက်ကြောင်း ဒေသခံထံမှသိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့၌ ပွင့်လင်းရာသီရောက်လျှင် စစ်ပွဲများထပ်ဖြစ်လာမည်ဟု သတင်းအမျိူးမျိူး‌ထွက်‌နေကြပြီး ခြံထွက်သီးနှံများ ရသည့်ဈေးနှင့်ချက်ချင်းရောင်းကြကြောင်းသိရသည်။ “အရင်နှစ်တွေဆိုရင် ပြောင်းပေါ်ခါစ ပြောင်းဈေးမရတော့ သိုလှောင်ထားကြတယ်၊ ယခုနှစ်ကစစ်ပွဲထပ်ဖြစ်လာမှာစိုးတဲ့အတွက်ပြောင်းကိုမသိုလှောင်ရဲကြပဲရတဲ့ဈေးနဲ့ရောင်းချရတဲ့အတွက်စား၀တ်နေရေးအတွက်ပိုခက်ခဲလာမှာစိုးရိမ်နေကြရတယ်” ဟု ပြောင်းစိုက်တောင်သူ အမျိုးသမီး ​တစ်ဦးကပြောသည်။ ယခင်နှစ်များတွင်ပြောင်းစိုက်တဲ့သူအများစုက ရိတ်သိမ်းပြီး ဈေးကောင်းရမှရောင်းကြသော်လည်း ယခုနှစ်ကနိုင်ငံရေးမငြိမ်မသက်ဖြစ်‌ခြင်း ကြောင့်ရိတ်သိမ်းချက်ချင်းရောင်းကြသည်။…

တောင်ကျရေကြောင့်မိုင်းဆတ်-ဆိုက်ခေါင်တံတားပျက်စီးပြီး ယာယီ​ဆောက်လုပ်သည့် တံတားကို ဖြတ်သန်းခွင့်ပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရသည့် ဆိုက်‌ခေါင်အစားထိုး ဆိုက်ခေါင်-မိုင်းဆတ်သွား ယာယီ တံတားငယ်ကို အောက်တိုဘာ (၃၀) ရက်မှစတင်၍ ဖြတ်သန်းခွင့်ပေးကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့က တောင်ကျ ချောင်းရေကြောင့် ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့သော ထိုတံတားသည် ယခုချိန်တွင် ယာယီအစားထိုး တံတားငယ် တည်ဆောက်ပြီးစီးကာ ဖြတ်သန်းသွားလာ၍…

စစ်ကောင်စီ၏ လေကြောင်းရန်စိုးရိမ်ခြင်းကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စာသင်ကျောင်းများ ခွဲဖွင့်ထားရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်း ရန်ကို စိုးရိမ်နေရသောကြောင့် စာသင်ကျောင်းများကို ခွဲပြီးဖွင့်ထားရကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်း-ကရင်နီ( ကယား) နယ်စပ် ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စာသင်ကျောင်းများကို တစ်နေရာထဲစု မဖွင့်ရဲတော့ဘဲ ခွဲဖွင့်ထားရသည်။ ” အရင်ခါဗုံးလာကြဲပြီးကတည်းက တစ်နေရာတည်းမဖွင့်ရဲတော့ဘူး၊ မူလတန်းတွေကို တစ်ခြားနေရာမှာဖွင့်ပေးတယ်၊…

သစ်ပင်ကောက်ရွာရောက် စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က နေခွင့်မပေးပဲမောင်းထုတ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ပင်လောင်းမြို့နယ်တောင်ဘက်၊ သစ်ပင်ကောက်ရွာရောက်စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ကနေခွင့်မပေးပဲ မောင်းထုတ်နေကြောင်း အောက်တိုဘာလ(၃၁)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာတွင် (၂၀၂၃)ခုနှစ်၌ (၁၁၁၁)စစ်ဆင်ရေးနှင့် ရှမ်းကယားနယ်စပ်တိုက်ပွဲများကြောင့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်ပြည်သူအများအပြားရောက်ရှိလာပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က နေခွင့်မပေးတော့ပဲ မောင်းထုတ်မှုရှိနေပြီး စစ်ရှောင်စခန်းထဲနေတာတွေ့ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။ “သူတို့(စစ်ကောင်စီတပ်ဖွဲ့)မောင်းထုတ်တာတော့ကြာပြီ နှစ်လလောက်ရှိပြီထင်၊…

You missed