Tag: thepeoplevoice

တန့်ယန်းတွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးကို (UWSA)က တရုတ်ထံလွဲပြောင်း

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးကို (UWSA)က တရုတ်ထံ နိုဝင်ဘာ(၁၉)ရက်နေ့က လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးနှင့်အတူ ဂြိုလ်တုအင်တာနက်(၇၆)ခု၊ ဖုန်း(၁၅၄၉)လုံးနှင့် ကွန်ပျူတာ(၈၂) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ကျားဖြန့်လုပ်နေကြတာက ကြာပြီလေမပြောလို့သာ။ ဆိုင်ရာဆိုင်ရာတွေ ရှိမှာပဲ။ ကိုယ်တေမသိနိုင်တဲ့ လုပ်ရပ်တွေလည်း…

စစ်ကောင်စီက ပွန်ချောင်းတံတားကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်း တံတားကိုစစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကယနေ့တွင်ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်- ဟိုနမ့်ပွန်ချောင်း တံတားကို ယနေ့မနက် ဆယ်နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံး ၃ လုံးကြဲချခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။ ” ဒီမနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီက အများပြည်သူသွားလာနေတဲ့…

ပင်လောင်းမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် အခင်းနှင့် စောင်များ လုံလောက်မှုမရှိသဖြင့် အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းများတွင် ဆောင်ရာသီ ရောက်လာပြီးဖြစ်၍ အိပ်ယာခင်းနှင့် စောင်များလုံလောက်မှုမရှိသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်သည် အေးသည့်ဒေသဖြစ်သဖြင့် ပင်လောင်းတောင်ဘက်ဟဲစပ် ၊စမ်းရေကြည်၊ နားမွန်း ကျေးရွာနှင့် နောင်တရားမြို့များရှိ စစ်ဘေးရှောင်သူများ ဆောင်ရာသီအတွင်း စောင်းနှင့် အခင်းလုံလောက်မှုမရှိသောကြောင့် အအေးဒဏ်ခံနေရပြီး အခက်အခဲကြုံနေရသည်၊၊ “ တချို့…

နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေပြီး စားသုံးသူများ ကြပ်တည်းလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာနေသဖြင့် စားသုံးသူ ပြည်သူအများ စားဝတ်နေရေး ကြပ်တည်းလာနေရကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက် တောင်ကြီးစျေးနေ့တွင် အာလူး တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ အလုံးကောင်းလျှင် ၁၂၀၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ…

တောင်ကြီးမြို့တွင် ပွဲတော်ကာလ အမှိုက်ကား လာမသိမ်းသဖြင့် အခက်အခဲများ ကြုံတွေ့နေရဟု သိရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် တန်ဆောင် တိုင် မီးပုံးပျံ ပွဲတော်ကာလ အမှိုက်ကား လာမသိမ်းသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။ တောင်ကြီးမြို့တွင် လုပ်ကိုင်ခွင့်ရ မွှေးတောင်ကြီး အမှိုက်သိမ်းဆည်းရေး လုပ်ငန်းသည် အမှိုက်ခွန်ကို လစဉ် ပုံမှန် မပျက်မကွက် ကောက်ခံသော်လည်း ချမ်းမြသာစည် ရပ်ကွက်ကို တစ်ပတ်လျှင်…

စစ်ရှောင်စခန်းဗုံးကြဲခံရပြီး နေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ စစ်ရှောင်စခန်းဗုံးကြဲခံရပြီး စစ်ဘေးရှောင်များနေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် အရေးပေါ်လိုအပ်နေကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် စစ်ဘေးရှောင်အ‌ရေးကူညီပေးသူထံမှ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်များ နေရာအသစ်သို့ ထပ်မံပြောင်းရွေ့နေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက်အရေးပေါ်လိုအပ်နေသည်။ “အခုတော့စစ်ရှောင်တွေနေရာထပ်ပြောင်းကြပြီ လောလောဆယ်တော့ နီးစပ်ရာပေါ့ အတည်တကျတော့ မရှိလောက်သေးပါဘူး အခုကနေဖို့ထိုင်ဖို့…

နောင်ချို အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီ လေကြောင်း ဗုံးကျဲတိုက်ခိုက်၊ အမျိုးသား(၁)ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ရှမ်းမြောက် TNLA ပူးပေါင်းတပ် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံးသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်တွင် သိရသည်။ စစ်ကောင်စီသည် နောင်ချိုမြို့ကို မကြာခဏ လေကြောင်း တိုက်ခိုက်မှုလုပ်နေပြီး နိုင်ဝင်ဘာ(၁၈) ရက်မှာလည်း ဆမ္မဆယ်ရွာရှိ သကြားစက်ရုံကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာ အမျိုးသား(၁)ဦး ‌သေဆုံးသည့်အပြင် အဆောက်အဦးပါ…

ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းဗုံးကြဲခံရမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် လေယာဥ်နှစ်စီးဖြင့် ပေါင်(၅၀၀)ဗုံး (၄)လုံးလာကြဲချခဲ့ကြောင်း သိရသည်။ “ဗုံးကြဲချမှုမှာ အမျိုးသမီးတစ်ဦးသေသွားတယ်၊ နှစ်ဦးကတော့ဒဏ်ရာရတယ်၊ ထိခိုက်သေဆုံးမှုအခြေနေက နောက်ကျမှသိရတာ အထဲမှာပိတ်မိနေတော့ အလောင်းကမနေ့ညမှတွေ့တာ”ဟု…

ကုန်စည်စီးဆင်းမှု ပြတ်လပ်စေရန် လားရှိုးသွားသည့် ကွင်းလမ်းကို စစ်ကောင်စီ ပိတ်ပင်ထား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ကုန်စည် စီးဆင်းမှု ပြတ်လပ်စေရန် ရှမ်းမြောက်သွားသည့် ဂိတ်များကို စစ်ကောင်စီမှ ပိတ်ပင်သည့်အပြင် ကွင်းလမ်းကိုပါ ပိတ်ဆို့ခြင်းကြောင့် အခက်အခဲကြုံနေရကြောင်း နိုဝင်ဘာ(၁၉)ရက်တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သွားသည့် မိုင်းရယ် ဟိုယဂိတ်ကို စစ်ကောင်စီမှ ကုန်စည် ဖြတ်သန်းခွင့် ပိတ်ပင်ပြီးနောက် ဖြတ်လမ်း၊ကွင်းလမ်းဖြစ်သည့် မန်ပုံကနေ ဟိုယအကျော် လွယ်ငင်း တို့နား…

ဖယ်ခုံမြို့အနောက်ဘက်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊ ၂၀၂၄ ဖယ်ခုံမြို့အနောက်ဘက် လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းမြေပြင်သတင်းရင်းမြစ်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိတိုက်နယ် ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို နိုဝင် ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌စစ်ကောင်စီက လေယာဥ် (၂) စီးဖြင့် ပေါင် ၅၀၀ ဗုံး…