ပင်လောင်း- လွိုင်ကော်လမ်းမကြီး ပင်ကာလရွာအဝင် လမ်းပိုင်းမြေပြိုကျပျက်စီး
ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ ပင်လောင်း-လွိုင်ကော် အဓိကလမ်းမကြီး ပင်ကာလရွာအဝင်တွင် မြေပြိုကျပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အနီး၊ ပင်လောင်း-ဝါးလီရွာအဆင်း၊ ပင်ကာလရွာအဝင်၌ ယနေ့မနက် ၁ နာရီခန့်တွင် မိုးရေကြီးမှုကြောင့် လမ်းပိုင်းမြေ ပြိုကျပျက်စီးသွားသည်။ ”ဒီမနက်လောက်မှာ…