Tag: khamsarngor

PNO ကသေနတ်နှင့် ပစ်ခတ်သဖြင့် တောင်ယာခြံ တွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈ ၊ ၂၀၂၄ သစ်ပင်ကောက်ရွာ၌ တောင်ယာခြံထဲတွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်ဖြင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာတွင် ဇူလိူင်လ ၁၈ ရက်…

ဒီမောဆို အနောက်ဘက်ခြမ်းတွင် Mobile banking ဝန်ဆောင်ခမြှင့်တက်နေ၍ ပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း ဇူလိုင် ၁၈ ၊ ၂၀၂၄ ဒီမောဆိုအနောက်ဘက်ခြမ်းတွင် Mobile banking ထုတ်ယူမှုဝန်ဆောင်ခမြင့်တက်နေ၍ ပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား)ပြည်၊ ဒီမောဆိုအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ဘဏ်များ၌ငွေထုတ်ယူမှုကန့်သတ်ထားပြီးနောက် Mobile banking များ ဖြစ်သော…

အောင်ပန်းမြို့တွင် ရပ်နေသည့်ကားကိုဆိုင်ကယ်နှင့် ဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၄ အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးက ရပ်နေသည့်ကားကိုဆိုင်ကယ်နှင့်ဝင်တိုက်သွားပြီး ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် မြတ်မနောရှေ့အနီးတွင် အသက်(၂၃)နှစ်အရွယ်ရှိ ကိုကျော်မင်းသိန်းသည် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ(၁၀:၀၀)နာအချိန်တွင်…

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တစ်ချို့ သိမ်းဆည်းရမိခဲ့သည်ဟု TNLA ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ PLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တချို့နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဇုလိုင် ၁၆ ညနေပိုင်းတွင်…

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅ ဦးရိုက်နှက်ခံရ၊ တိုက်ပိတ်ခံရပြီး ထောင်တွင်းပုဒ်မများဖြင့် အမှုရင်ဆိုင်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇ ၊ ၂၀၂၄ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား ၅ ဦး ရိုက်နှက်ခံရ၊ တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။…

ပင်လောင်းတွင် ဆန်အညံ့ဆုံး တစ်ပြည် ၅ ထောင် ၅ ရာအထိစျေးမြှင့်တက်ပြီး အခြေခံလူတန်းစားများအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၄ ပင်လောင်းတွင် ဆန်အညံ့ဆုံးကို တစ်ပြည် ၅ ထောင် ၅ ရာအထိစျေးမြှင့်တက်ပြီး အခြေခံလူတန်းစားများအတွက် အခက်ခဲဖြစ်ပေါ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ကျေးရွာဖက်များတွင် ဇူလိူင်လအတွင်း၌ ဆန်အညံံ့ဆုံးကိုတစ်ပြည်…

စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါဝင် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇ ၊ ၂၀၂၄ မန္တလေးတိုင်း မိုးကုတ်မြို့၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် အတွဲလိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁)ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာပြင်းထန်ရရှိသည်ဟု TNLA…

လားရှို့မြို့ရှိ ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများနှင့်တပ်မိသားစုဝင်များအား ပြန်လွတ်ပေးထားကြောင်း MNDAAကဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့ အမှတ် ၁၁ အခြေခံ စစ်လေ့ကျင့်ရေးတပ်အား ကိုးကန့်တပ် MMDAA က သိမ်းပိုက်ရရှိခဲ့ပြီး ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ၊တပ်မိသားစုဝင်များ၊အမျိုးသမီးများကိုပြန်လွှတ်ပေး ကြောင်းသိရသည်။ လားရှိုးမြို့ ရှန်ခိုက်အကျော်ခိုက်တွေကျေးရွာအနီးရှိ စစ်ကောင်စီ၏…

ရှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၅ လကျော်အတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား ၉၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲဖြစ်ပွားသည့် ၅ လကျော်အတွင်းတွင် ကလေးနှင့်အမျိုးသမီးအပါအဝင်အရပ်သား ၉၆ ဦးသေဆုံးသွားခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေမြို့နယ်တို့တွင်…

တောင်ကြီးမြို့ ကိုးကန့်လူမှုရေးခန်းမရောက် စစ်ဘေးရှောင်များနှင့် မိဘမဲ့ကလေးများ စားဝတ်နေရေးအတွက်လိုအပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၄ ကိုးကန့်လူမှုရေးခန်းမရောက် လားရှိုးမှစစ်ဘေးရှောင်များနှင့် မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်းဇူလိုင်လ(၁၆)ရက်နေ့တွင် ကိုးကန့်လူမှုရေးခန်းမတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့်လူမှုရေးခန်းမ၌ လားရှိုးမြို့တွင်တိုက်ပွဲကြောင့် စစ်ဘေးရှောင်မိဘမဲ့ကလေး(၆၁)ဦးအပါအဝင် စစ်ဘေးရှောင်ဦးရေ(၅၀၀)ဝန်းကျင်ရောက်ရှိလာပြီး ၎င်းတို့အတွက်စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေသည်၊၊…