လျှပ်စစ်မီးပုံမှန်မလာသော်လည်း မီတာခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီပြင်ဆင်
ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ လျှပ်စစ်ဓာတ်အားနူန်းများကိုလာမည့်စက်တင်ဘာ (၁)ရက်ကစပြီးတိုးမြှင့်ကောက်ခံသွားမည်ဟုစစ်ကောင် စီ၏လျှပ်စစ်ဝန်ကြီးဌာနမှသြဂုတ်လ(၃၀) ရက်တွင်ထုတ်ပြန်ထားသည်။ လက်ရှိအိမ်သုံးလျှပ်စစ်မီတာများသည်၂၀၀ ယူနစ်အထက်ကို ၁၂၅ ကျပ်နူန်းကောက်ခံရာကနေ ၃၀၀ ကျပ်အထိတိုးကောက်လာခြင်းကြောင့်နှစ်ဆကျော်အထိတက်သွားမည်ဖြစ်ကြောင်းသိရသည်။ “မီတာခကျတိုးကောက်ချင်တယ်၊မီးကျတော့ပုံမှန်မလာဘူး။မီးပုံမှန်မလာတော့ဒီစားသောက်ဆိုင်တို့ တခြားမီးနဲ့အလုပ်လုပ်နေရတဲ့သူတွေဆိုလုံးဝအဆင်မပြေဘူးလေ။တစ်ရက်လုံးကိုမှတစ်နာရီဘဲလာတဲ့ရက်တွေကရှိသေးတယ်”ဟုတောင်ကြီး ဒေသခံတစ်ဦးကပြောသည်။ ကောက်ခံမည့်အိမ်သုံးအမျိူးအစားနူန်းထားများအနေဖြင့်(၁)ယူနစ်ကနေ(၅၀)ယူနစ်အထိကို(၅၀) ကျပ်၊(၅၁)ယူနစ်ကနေ(၁၀၀)ယူနစ်အထိကို(၁၀၀) ကျပ်၊(၁၀၁)ယူနစ်ကနေ(၂၀၀)ယူနစ်အထိကို(၁၅၀)…