Tag: khamsarngor

ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ပြုလုပ်ရန် စစ်ကောင်စီဘက်မှ ဖိအားပေးသည့်အတွက် ပြုလုပ်ရန်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ပြီး စစ်ကောင်စီဘက်မှ ဘုရားပွဲကို မဖြစ်မနေ ပြုလုပ်ရမည်ဟုဆိုထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ…

မိုးဗြဲရေကာတာ ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး၊ စစ်ဘေးရှောင်များ ရေလွတ်ရာတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကိုဒုတိယအကြိမ် ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး စစ်ဘေးရှောင်များ ရေလွှတ်ရာနေရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သြဂုတ်လ(၂၈)ရက်တွင်ဒေသခံထံမှ သိရသည်။ ရှမ်း–ကယားနယ်စပ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကို ထပ်မံဖွင့်ချသည့်အတွက်လယ်ဧက ထောင်နှင့်ချီရေနစ်မြှပ်ပျက်စီးခဲ့သည့်အပြင် ဘီလူးချောင်းဘေးရှိ စစ်ရှောင်များရေလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။…

ခရမ်းချဥ်သီး တပိဿာ ၃၀၀ ကျပ်ထိဈေးထိုးကျသဖြင့် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ ခရမ်းချဥ်သီး တပိဿာကို ၃၀၀ ကျပ်ထိထိုးကျသွားသဖြင့် တောင်သူများအရှုံးများဖြင့်ရင်ဆိုင်နေရကြောင်း ခရမ်းချဥ်သီးစိုက်တောင်သူများထံမှ သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊နောင်တရား၊တီကျစ်ဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသေးသော်လည်း ယခုတွင် တစ်ပိဿာ…

ရဲအင်အားပြည့်မီဖို့အသက် ၁၈ နှစ်အထက်များပါဝင်ဖို့ KSP ဖိတ်ခေါ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ ကရင်နီပြည်ရဲဌာန(KSP) ဖွဲ့စည်းခြင်း ၃ နှစ်အတွင်းရဲတပ်သား အင်အား ( ၁၀၀၀ ) ပြည့်ရန်မျော်မှန်းထားသော်လည်း ရဲအင်အား ၆၀၀ ကျော်သာရှိသေးတာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသား ပြည်သူများ…

တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီပုံမှန်အတိုင်းပြန်လှည်ရရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီများပုံမှန်အတိုင်းပြည်လှည်ရရှိနေပြီး ရပ်ကွက်တွင်ရှိ ဆီဆိုင်သေးနှင့် အိမ်ဆိုင်များသည် ဆီစျေးများကြီးနေသေးကြောင့်ကို ဩဂုတ်လ ၂၈ ရက်နေ့ ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများဖြင့်သည့် BOC…

စစ်ကောင်စီတပ်ကလေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှုရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ လားရှိုးမြို့နယ်၊ သံလွင်စံပြကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှုရှိကြောင်း ဩဂုတ်လ (၂၈)ရက်တွင် စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် သံလွင်စံပြကျေးရွာတွင် ပြီးခဲ့သည့်…

ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ ဟဲဟိုးမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဩဂုတ်လ (၂၇)ရက်တွင် မီးတပ်ဦးစီးဌာနမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ မိုင်တိုင်အမှတ်(၉၇/၇) နှင့် (၉၈/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးအနက်…

ပင်လောင်းတွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိတဲအချို့ ရေနှစ်မြှုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိ တဲအချို့ ရေနှစ်မြှုပ်ပြီး စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ဆောင်းခါး-နန်းထာရွာမြေနိမ့်ပိုင်းရှိ စစ်ရှောင်စခန်းမှ တဲအချို့တွင်…

သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးကျော်အား သင်းဂြိုလ်ပေးခဲ့ကြေောင်း AA ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ မောင်တောမြို့နယ်တွင်(၃)ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့ပြီး သင်းဂြိုလ်ပေးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)ကသြဂုတ်လ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် သြဂုတ် လ(၂၄ )ရက်မှ(၂၆)ရက်အထိမောင်တောမြို့တိုက်ပွဲအတွင်းစစ်ကောင်စီအလောင်း(၁၀၀)ကျော်ကိုမြေမြှပ်သဂြိုလ်ပေးခဲ့ပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်းဆိုထားသည်။ မောင်တောအမှတ်(၂)ရပ်ကွက်ရှိဖေဇီရွာနှင့် မောင်နီရွာအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊…

စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ်် ၂၇၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ နံနက် (၁း၂၀)မိနစ်မှ…