Tag: khamsarngor

စစ်ကောင်စီမှ တစ်နှစ်အတွင်း ပြည်သူ(၄၀)ကျော်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရ

ခမ်းသားငေါဝ်း မတ် ၁၉၊ ၂၀၂၅ စစ်ကောင်စီသည် တစ်နှစ်အတွင်း အပြစ်မဲ့ပြည်သူ (၄၀)ကျော်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ‌စောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ (၂၀၂၅)ခုနှစ်၊ မတ်လ(၁၈)ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာရှိသည့် ပြည်သူ(၄၂)ဦးကို…

တောမီးရှို့ခြင်းသည် ဆိုးကျိုးသက်ရောက်မှုများကြောင်း သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ လုပ်ရှားနေသူများအကြံပြု

ခမ်းသားငေါဝ်း မတ် ၁၉၊ ၂၀၂၅ တိုင်းရင်းသားဒေသအချို့တွင် နှစ်စဉ်ယခုရာသီ၌ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးရန် ဧကရာချီ တောင်ယာမီးရှို့မှုများ ပြုလုပ်‌နေကြကာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ လုပ်ရှားနေသူများအကြံပြုထားသည်။ မီးရှို့ခြင်းသည် နောက်ဆက်တွဲအနေနှင့် ရေရှားပါးမှုများဖြစ်စေနိုင်ကြောင်း ဒေသခံများက ရိုးရာလို့ဆိုပေမယ့်နောက်ဆက်တွဲ…

လေပြင်းဘေးအန္တာရယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်း‌စေရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ရန် သတိပေး

ခမ်းသားငေါဝ်း မတ် ၁၉၊ ၂၀၂၅ လေပြင်းဘေးအန္တာရယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မိုးကြိုကာလမတိုင်မီကပင် နေအိမ်အမိုးများ၊ ထုတ်တန်းများ၊ ထောက်တန်းများ၊အောက်ခြေ‌ဒေါက်တိုင်များ တောင့်တင်းခိုင်မာအောင်နှင့် အခြားကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မတ်လ(၁၈)ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။…

တောင်ကြီးမြို့တွင် မှတ်ပုံတင်ပြုလုပ်ရာ၌ သိန်းနှင့်ချီပေးဆောင်နေရ

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ တောင်ကြီး မြို့တွင် မှတ်ပုံတင်ပြုလုပ်ရာ၌ သိန်းနှင့်ချီပေးဆောင်နေရကြောင်း မှတ်ပုံတင်သွားလုပ်သူများထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတွင်မှတ်ပုံတင်ပျောက်ဆုံးခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးလဲလှယ်ခြင်းများအတွက် တစ်သိန်းနီးပါးမှ နှစ်သိန်းကျော် ၊ သုံးသိန်းကျော်ထိ ပေးနေရသည်၊၊…

တောင်ကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့်ကာလအတွင်း အရက်ဘီယာ ရောင်းချခြင်းအား အရေးယူမှုရှိနေ

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ တောင်ကြီးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်ကာလတွင် စားသောင်ဆိုင်များ၌ အရက်ဘီယာ ရောင်းချခွင့်မပြုကြောင်း ရောင်းသည့်ဆိုင်အားအရေးယူခြင်းရှိနေကြောင်း မြို့ခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ မတ်လ ၁၇ မှ၂၂ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့်အချိန်ကာအတွင်း စားသောက်ဆိုင်များ၊…

ဓာတ်ဆီသယ်ခွင့်မရသဖြင့် PNO ပါတီမှ ဦးခွန်မောင်သောင်းပိုင် ဓာတ်ဆီဆိုင်အပါအဝင် ဓာတ်ဆီဆိုင်ကြီး ၈ ဆိုင် ပိတ်ထားရ

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ ပင်လောင်းမြို့ တောင်ဖက်တွင် ဓာတ်ဆီသယ်ခွင့်မရသဖြင့် PNO ပါတီမှ ဦးခွန်မောင်သောင်းပိုင် ကောင်တန်ဓာတ်ဆီဆိုင်အပါအဝင် ဓာတ်ဆီဆိုင်ကြီး ၈ ဆိုင် ပိတ်ထားနေရကြောင်း ဒေသခံများထံမှသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဖက်ရှိ ကောင်တန်၊ ဟံသာသာဆိုင်…

စံကားဒေသမှ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် နေရာထိုင်ခင်းများ အကူအညီလိုအပ်

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ တောင်တိုဘုရားတွင် ရောက်ရှိလာသည့် စံကားဒေသမှ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် နေရာထိုင်ခင်းများ အကူအညီလိုအပ်နေကြောင်း မတ်လ(၁၈)ရက်နေ့တွင် စစ်ဘေးရှောင်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဘက်ခြမ်း၊ တောင်တိုဘုရားစောင်းတန်းတွင် စံကားအင်းအနောက်ဘက်ကမ်းမှ ဒေသခံများ…

မဲနယ်တောင်ဒေသ ရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်း နှစ်ရှည်ကော်ဖီစိုက်ပျိုးရေး ထိခိုက်လာ

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ မဲနယ်တောင်မှာ ရာဂီမုန်တိုင်းကြောင့် နှစ်ရှည်ပင်ဖြစ်တဲ့ ကော်ဖီပင်တွေ မြေပြိုမှုအောက်မှာ ပါသွားတဲ့အတွက် ဒီနှစ်ကော်ဖီထွက်နှုန်း ၃ ပုံ ၂ ပုံလျော့ကျ သွားကြောင်း မတ်လ ၁၈ ရက်နေ့မှာ မဲနယ်တောင်ဒေသခံတစ်ဦးထံမှ…

ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ဖယ်ခုံအနောက်ဘက်ခြမ်းတွင် ရေရရှိနိုင်ဖို့ ပိုမိုခက်ခဲလာ

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရေရရှိနိုင်ဖို့ပိုမို ခက်ခဲလာကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်း-ကရင်နီ (ကယား)နယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် ရာသီဥတုပူပြင်းလာပြီး အများသုံးရေကန်၊ ရေထွက်ပေါက် စသည် ရေအရင်းအမြစ်များ ခြောက်ခမ်းလာကာ ဒေသခံများ ရေရရှိနိုင်ဖို့ရန်…

ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ကြက်၊ဝက် ဈေးကောင်းရနေ

ခမ်းသားငေါဝ်း မတ် ၁၈၊ ၂၀၂၅ ကိုးကန့်တပ်ဖွဲ့(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ကြက်၊ဝက် ဈေးကောင်းရနေသဖြင့် မွေးမြူသူများ စီးပွားဖြစ်နေကြောင်း မတ်လ(၁၈)ရက်တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ကြက်၊ဝက် မွေးမြူထားသူများ ကိုးကန့်များလာရောက်ဝယ်ယူသည့်အခါ ကြိုက်သည့်ဈေးဖြင့် ရောင်းချလို့ ရနေကြောင်း…