ကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီ တပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူအခက်ခဲရှိနေ
ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့တွင် သီတင်းကျွတ်အပြီးကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီတပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူများအခက်ခဲကြုံတွေ့နေရရြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် လွယ်တဖြွီးတောင်တွင် ယခင်ကတစ်ရက်ကိုထမင်းထုပ် တနပ်စာသာပို့ခဲ့ရသော်လည်း ယခုတစ်ရက်သုံးကြိမ်ပို့ဆောင်ပေးနေရကြောင်းသိရသည်။ “စစ်ပွဲပြီးကတည်းက အဆင်ပြေအောင်မနည်းလုပ်ရတာ၊အခုလိုသူတို့အတွက်ပါထပ်ပို့ရတော့ပိုဆိုးတာပေါ့၊အခုဆိုကုန်ဈေးနူန်းအများကြီးထိုးတက်လာတော့ဘယ်လို၀ယ်ရမှန်းတောင်မသိဘူး”ဟု…