Tag: khamsarngor

တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့်စံကားတောင်ဘက်ရွာ ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် စံကားတောင်ဘက်ရှိဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၁၈)ရက်နေ့တွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတောင်ဘက်တွင် ဇူလိုင်လ(၁၈)ရက်နေ့၌ တော်လှန်ရေးသမားများဝင်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့် ဟူးရန်းရွာအပါအဝင် အောင်ချမ်းသာ၊ လင်လမ်၊ ထီဟန်းတား၊ နမ်းဗွန်စသည့်ရွာတို့တွင် ဒေသခံများအကုန် ထွက်ပြေးတိမ်းရှောင်နေကြသည်။ “အကုန်ပြေးပြီ နမ်းဗွန်ရွာဘက်ကတော့ဒီမနက်ကတည်းကပြေးတာ အခုသူတို့ရောက်လာတော့ ရွာထဲတိုက်ပွဲဖြစ်မှာကိုလည်းစိုးရိမ်ရတယ်၊ ရွာထဲတိုက်ပွဲဖြစ်ရင်လက်နက်ကြီးကျပစ်လာမှာပဲကော် အိမ်တွေပြာကျသွားကုန်မှာပေါ့ အိမ်တစ်လုံးဖြစ်လာဖို့ဆိုတာလည်း လွယ်တာမှမဟုတ်တာ”…

ကွယ်လွန်သွားသည့် နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မော(ဝ်)အား ဇူလိုင် ၁၉ ရက်နေ့တွင် သဂြိုလ်မည်ဟုသိရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ ကွယ်လွန်သွားသည့် နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်(မောဝ်)အား ဇူလိုင်လ ၁၉ ရက် နေ့လယ် ၃ နာရီအချိန်တွင်သဂြိုလ်သွားမည်ဟု မိသားစုဝင်ထံက သိရသည်၊၊ နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်(မောဝ်း) အသက် ၇၇ နှစ်အား ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ဇူလိုင် ၁၉ ရက် နေ့လည်သုံးနာရီအချိန်၌ သဂြိုလ်သွားမည်ဖြစ်ပြီး ရပ်နီးရပ်ဝေးမှအသိများအနေနှင့် လိုက်ပါပို့ဆောင်နိုင်ကြောင်း သိရသည်၊၊…

မြန်မာနိုင်ငံတွင်ရှိသည့်အကျဉ်းထောင် ၁၃ ခုတွင် မသန့်ရှင်းသည့် သောက်သုံးရေဆိုင်ရာပြဿနာများဖြစ်‌ပေါ်နေသည်ဟုဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ နိုင်ငံတဝန်းရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင် ၁၃ ခုတွင် သောက်သုံးရေ ပြဿနာများဖြစ်ပေါ် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD က ဇူလိုင်(၁၇)ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ NLDထုတ်ပြန်ချက်တွင် ခွက်ရေနှင့်အကန့်အသတ်ဖြင့် ရေချိုးနေရခြင်း၊ မသန့်ရှင်းသောရေများကို သောက်နေရခြင်း၊ ထောင်သားများမှ ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်ကာ သောက်ရေများဝယ်ယူရခြင်းနှင့် ‌ရေမသန့်ရှင်းခြင်းကြောင့် နောက်ဆက်တွဲ ယားနားများဖြစ်ပွားနေရသည်ဟု ဖော်ပြထားသည်။ မိတ္ထီလာအကျဥ်းထောင်၊…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၆)ဦးပွဲချင်းပြီး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ နေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားကြောင်း TNLA က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ လားရှိုးနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူနှင့် နေအိမ်ပျက်စီးမှုရှိနေသည်၊၊ ကျောက်မဲမြို့…

PNO ကသေနတ်နှင့် ပစ်ခတ်သဖြင့် တောင်ယာခြံ တွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈ ၊ ၂၀၂၄ သစ်ပင်ကောက်ရွာ၌ တောင်ယာခြံထဲတွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်ဖြင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာတွင် ဇူလိူင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် တောင်ယာခြံထဲတွင် အလုပ်လုပ်နေသော တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်နှင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ “PNO ကရွာနားလာပြီး သေနတ်လာဖောက်တယ်။တောင်ယာခြံထဲဆေးဖြန်းနေတဲ့…

ဒီမောဆို အနောက်ဘက်ခြမ်းတွင် Mobile banking ဝန်ဆောင်ခမြှင့်တက်နေ၍ ပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း ဇူလိုင် ၁၈ ၊ ၂၀၂၄ ဒီမောဆိုအနောက်ဘက်ခြမ်းတွင် Mobile banking ထုတ်ယူမှုဝန်ဆောင်ခမြင့်တက်နေ၍ ပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။ ကရင်နီ(ကယား)ပြည်၊ ဒီမောဆိုအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ဘဏ်များ၌ငွေထုတ်ယူမှုကန့်သတ်ထားပြီးနောက် Mobile banking များ ဖြစ်သော K pay၊ Wave ထုတ်ယူမှုဝန်ဆောင်ခ အဆမတန်မြှင့်တက်လာ၍ ပြည်သူများ ငွေထုတ်ယူရာ အခက်အခဲဖြစ်နေသည်။ ” ဒီမှာကတော့…

အောင်ပန်းမြို့တွင် ရပ်နေသည့်ကားကိုဆိုင်ကယ်နှင့် ဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၄ အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးက ရပ်နေသည့်ကားကိုဆိုင်ကယ်နှင့်ဝင်တိုက်သွားပြီး ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် မြတ်မနောရှေ့အနီးတွင် အသက်(၂၃)နှစ်အရွယ်ရှိ ကိုကျော်မင်းသိန်းသည် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ(၁၀:၀၀)နာအချိန်တွင် ရပ်ထားသည့်ကားကိုဆိုင်ကယ်နှင့်ဝင်တိုက်ခဲ့ကြောင်းသိရသည်၊၊ “မနေ့ညတော့ သတိရတစ်ချက်မရတစ်ချက်နဲ့ မျက်နှာပွန်းပဲ့ဒဏ်ရာနဲနဲဘဲရတာရယ်၊ နားထဲသွေးနဲနဲထွက်ယုံဘဲဗျ”ဟု အောင်ပန်းလူနာကူညီရေးအသင်းက ပြောသည်၊၊ ဒဏ်ရာရသည့် ဆိုင်ကယ်မောင်းသူအား အောင်ပန်းနာရေးကူညီမှုအသင်းက…

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တစ်ချို့ သိမ်းဆည်းရမိခဲ့သည်ဟု TNLA ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ PLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်တချို့နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဇုလိုင် ၁၆ ညနေပိုင်းတွင် TNLA က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆ တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်လာသောကြောင့် တောင်ကိုင်းရွာအနီးတဝိုက်တွင် TNLA…

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅ ဦးရိုက်နှက်ခံရ၊ တိုက်ပိတ်ခံရပြီး ထောင်တွင်းပုဒ်မများဖြင့် အမှုရင်ဆိုင်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇ ၊ ၂၀၂၄ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား ၅ ဦး ရိုက်နှက်ခံရ၊ တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့ ညနေ တန်းပိတ်ချိန်တွင် ထောင်ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်သည့် ဝန်ထမ်း…

ပင်လောင်းတွင် ဆန်အညံ့ဆုံး တစ်ပြည် ၅ ထောင် ၅ ရာအထိစျေးမြှင့်တက်ပြီး အခြေခံလူတန်းစားများအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၄ ပင်လောင်းတွင် ဆန်အညံ့ဆုံးကို တစ်ပြည် ၅ ထောင် ၅ ရာအထိစျေးမြှင့်တက်ပြီး အခြေခံလူတန်းစားများအတွက် အခက်ခဲဖြစ်ပေါ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ကျေးရွာဖက်များတွင် ဇူလိူင်လအတွင်း၌ ဆန်အညံံ့ဆုံးကိုတစ်ပြည် ၅ ထောင် ၅ ရာထိစျေးမြှင့်တက်နေသဖြင့် အခြေခံလူတန်းစားများ အခက်ခဲဖြစ်ပေါ်နေရသည်။ “နေ့စားတစ်နေ့ကို ၈ ထောင် ၁…