သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၅ ပေကျော်လာပြီး ဘားအံမြို့မစျေးနှင့် ရပ်ကွက်အချို့ ရေမြုပ်
ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊ ၂၀၂၄ သံလွင်မြစ်ရေတက်သဖြင့်ဇူလိုင် ၂၇ ရက်မနက်ပိုင်းက ဘားအံမြို့မစျေးနှင့် ရပ်ကွက်အချို့ ရေလွမ်းရေနှစ်မြှုပ် ခဲ့ကြောင်း ဒေသခံထံသိရသည်။ ကရင်ပြည်နယ် ဘားအံမြို့ရှိ ရပ်ကွက်အတွင်းနှင့် မြို့မစျေးတွင် မြစ်ရေအရမ်းတက်လာသည့်အတွက် ယနေ့မနက် ရေသိသိသာသာ တက်လာသည်။ ‘’မိုးကအတော်ကြီးကိုရွာနေတာ၊ သံလွင်မြစ်ရေစိုးရိမ်ရေမှတ်အထက် ၅ ပေကျော်နေပြီအခုက မိုးရေအတက်ကြမ်းတယ်၊နာရီပိုင်းအတွင်းကို ရေကအတော်တက်လာတယ်” ဟု ဘားအံဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ရေကြီးမှုကြောင့်…