Tag: khamsarngor

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခြင်းကို ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း သြဂုတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့ခြင့်အား ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ သိမ်းယူထားသည့်မြိုများတွင် ပြည်သူလူထုများ၏ အသက်အိုးအိမ်နှင့်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားနေသည့်အပေါ်လည်း အားရယုံကြည်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်…

ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် အမိုးအကာနှင့် ဆေးဝါးများလိုအပ်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် အမိုးအကာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဘက်ခြမ်းတွင် မိုးများအဆက်မပြတ်ရွာသွန်းနေပြီး ရာသီရောဂါများ ဖြစ်ပွားနေမှုကြောင့် မိုးကာနှင့် ဆေးဝါးများ လိုအပ်နေသည်။ ” ဒီမှာအရင်ရက်ပိုင်းတွေက မိုးအရမ်းရွာနေတာ၊မိုးကာတွေကလည်း နှစ်ချို့နေတော့ ဆွေးနေတယ်၊ မိုးဒဏ်မခံနိုင်တော့ဘူး၊ ပြီးတော့ ကလေးငယ်အချို့ လည်းဝမ်းပျက်ဝမ်းလျောဖြစ်ကြတယ်၊ မိုးရာသီဆိုတော့လည်း ခနခနဖျားနာမှုတွေ ဖြစ်တယ်၊ ဆေးဝါးကလည်း…

ကျောက်မဲမြို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၆၊ ၂၀၂၄ ‌ကျောက်မဲမြို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ “မနေ့ညတော့ အပြင်းအထန်တိုက်ပွဲဖြစ်ကြတယ်။‌‌လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တယ်။ လူတွေ အများကြီးသေတာလည်းရှိတယ်။ အဆောက်အဦးလည်း…

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊ ၂၀၂၄ ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သြဂုတ်လ ၅ ရက်နေ့၌ စစ်ကောင်စီမှ လေကြောင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှ် ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်ပျံဝဲခဲ့ပြီးနောက် ညနေ ၃ နာရီနောက်ပိုင်းတွင် ပေါင်(၅၀၀)ဗုံး (၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူအပြင် မြို့မစျေးရှိ…

လွယ်ဆောင်ရွာထဲနှင့် လွယ်ထွယ်ရွာအနီးတွင်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၆၊၂၀၂၄ လွယ်သောဝ်ရွာထဲနှင့်လွယ်ထွယ်ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သြဂုတ်က ၆ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာထဲတွင် ယနေ့မနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ “မနက်ကတည်းက ဖြစ်တယ် ရွာ ၄ ရွာ…

တောင်ကြီးတွင် အချိန်ကြာမြှင့်စွာတန်းစီကာ စောင့်ဆိုင်းပြီး ဆီဖြည့်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၆ ၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီကာ စောင့်ဆိုင်ပြီး ဆီဖြည့်နေရကြောင်း ဩဂုတ်လ ၅ ရက်နေ့၌ တောင်ကြီးမြို့ပေါ် ဒေသခံထံကသိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ ပေါ်တွ ယခုရက်ပိုင်း ဓာတ်ဆိီဆိုင်များမှဓာတ်ဆီများ ပြန်လည်ရရှိလာပြီဖြစ်သော်လည်း ဆီများကို မနက်အစောကတည်းက လာပြီးတန်းစီကာ စောင့်ဆိုင်းနေရသည်။ “ BOC ဆီဆိုင်ကြီးမှာတော့ မနက်…

စစ်ဘေးရှောင်သည့် သက်ကြီးပိုင်းအမျိုးသမီး အအေးပတ်ပြီး သေဆုံးသူ ၄ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၅၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများအနက်သက်ကြီးပိုင်းအမျိူးသမီးများ အအေးပတ်၍သေဆုံးမှု ၄ ဦးထိရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ယခုနှစ်မိုးရာသီ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ရာသီဥတုအေးခြင်းကြောင့် သုံးရက်အတွင်း အအေးပက်၍သေဆုံးသူ ၄ ဦးထိရှိသည်။ “အခုရက်ပိုင်း တစ်ချိူ့စစ်ရှောင်စခန်းဆိုရင် လူကြီး၊ ကလေးကလွဲရင်ကျန်တဲ့လူကတစ်ရက်ကိုထမင်း(၂)နပ်လျှော့စားကြတယ်ဆိုတဲ့ကိစ္စရပ်လဲပေါ်လာတယ် ၊ နောက်ပြီးတော့သေဆုံးသွားတဲ့အမျိူးသမီးတွေဟာ ပင်လောင်းတောင်ဘက်ကစစ်ရှောင်တွေပဲဖြစ်တယ်”ဟုပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ဘေးရှောင်များသည် မိုးရာသီဖြစ်သည့်အတွက်…

ဉဆောင်၊ တောင်ထီဗွာရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် မြေပြိုနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေ

ခမ်းသားငေါဝ်း ဩဂုတ် ၅ ၊ ၂၀၂၄ ဉဆောင်၊ တောင်ထီဗွာကျေးရွာမှ ပင်လောင်းမြို့ သွားသည့် လမ်းပေါ် တွင် မြေပြိုမှုဖြစ်ပွားနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သြဂုတ်လ ၃ ရက်နေ့၌ တောင်ထီဗွာ၊ ဉဆောင်ရွာမှ ပင်လောင်းမြို့သို့ သွားသည့် လမ်းပေါ်တွင် မြေပြိုနေသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်းသိရသည်။ ” ရင်းမှီးရွာမရောက်ခင် ကုန်စီရွာအကျော်မှာဖြစ်တာ။…

PNLA ဌာနချုပ်ကို စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင်ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီး ထပ်မံထွက်ပြေးကြ

ခမ်းသားငေါဝ်း ဩဂုတ် ၄ ၊ ၂၀၂၄ PNLA ဌာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဆီဆိုင် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီးထွက်ပြေးနေကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရှိ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA ငှာနချုပ်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဩဂုတ် ၃ ရက်နေ့တွင် ၁၀ ကြိမ်မကလက်နက်ကြီးဖြင့်…

ပင်လောင်း-ပေါင်းလောင်းလမ်းမကြီးတွင် မြေပြိုမှုဖြစ်ပွားနေခြင်းကြောင့် သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဩဂုတ် ၄၊ ၂၀၂၄ ပင်လောင်း-ပေါင်းလောင်းလမ်းမကြီးတွင် မြေပြိုမှုဖြစ်ပွားနေခြင်းကြောင့် သွားလာရန် အခက်အခဲရှိကြောင်း သြဂုတ်လ(၄)ရက်နေ့တွင် ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ပင်လောင်း၊ပေါင်းလောင်းလမ်းမ ကြီးတွင်မြေပြိုမှုထပ်မံဖြစ်ပွားနေခြင်းကြောင့် ဒေသခံများခရီးသွားလာရန်အခက်အခဲရှိနေသည်၊၊ ‟အဲ့လိုမျိုးမြေတအားပြိုတော့ အဲ့ဒီဖက်ခရီးသွား ပြည်သူနဲ့ လမ်းသွားလမ်းလာလုပ်တဲ့သူအတွက်အရမ်းအခက်အခဲဖြစ်တယ် ပြီးတော့လမ်းကအဲ့ဒီတစ်လမ်းဘဲရှိတော့ အခုရက်ပိုင်းခရီးသွားလာဖို့ အဆင်မပြေဘူး ပြီးတော့အဲ့ဒီဘက်ခရီးသွားဖို့လုပ်ထားတယ်ဆိုရင် လမ်းကြောင်းသေချာစုံစမ်းပြီးမှ သွားသင့်တယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊ ပင်လောင်းမြို့တွင် ပြီးခဲ့သည့်ဇူလိုင်လမှ ယခုအချိန်ထိ တစ်လလုံးမိုးရွာသွန်းမှုကြောင့်…

You missed