Tag: khamsarngor

စစ်ကောင်စီပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲအား ထိုင်းဘက်ကကူညီရန်ကမ်းလှမ်းကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်

ခမ်းသားငေါဝ်း ဩဂုတ် ၇၊ ၂၀၂၄ အာဏာသိမ်း စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲပြုလုပ်မည့်အပေါ် ထိုင်းဘက်က ကူညီရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။ နေပြည်တော်မြို့၊ ဩဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးကိုကိုနှင့် စစ်ကောင်စီဝန်ကြီးများအပါအဝင် ရန်ကုန်မြို့ ထိုင်းသံရုံးကသံအမတ်ကြီး Mr. Mongkol Visitstump တို့တွေ့ဆုံချိန် ရွေး‌ကောက်ပွဲအတွက်…

ရွှေ့ပြောင်းအလုပ်သမားများ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ဟု NUG ဆို

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ထိုင်းနိုင်ငံတွင် စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားလက်မဲ့ဖြစ်ခြင်းနှင့် အခက်အခဲများကြုံတွေ့သူများကို နစ်နာကြေးရအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း NUG က သြဂုတ် ၆ ရက်ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံမှ ဇူလိုင်လဒုတိယပတ်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းသောကြောင့် မြန်မာအလုပ်သမား (၃၀၀)ကျော်အပါအဝင်စုစုပေါင်းရွှေ့ပြောင်းအလုပ်သမား(၃၈၀)ဦးခန့်သည် အလုပ်လက် မဲ့ဖြစ်ခြင်းနှင့်အခက်အခဲများကြုံတွေ့နေရမှုကို နစ်နာကြေးရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအိုးရ NUG ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊ ရွှေ့ပြောင်းအလုပ်သမားအလုပ်လက်…

ပင်လောင်းတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ပင်လောင်းတောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့တောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရသည်။ “သူတို့ကလစဉ် ကောက်တယ်။အချိန်မှန်မှန်လည်းထည့်ပေးရတယ်။မထည့်ပေးရင် ရွာသူကြီးတွေ ရွာလူကြီးတွေက လာပြောတယ်။အကုန်လုံးထည့်ရတယ်။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ယခုတွင် ကုန်စျေးနှုန်းအမျိုးမျိုး တက်နေသည့်အပြင်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာမှ ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ စစ်ကောင်စီက ညဘက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာတွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်အရှေ့ဘက် ထီရီးရွာတွင် မနေ့ည ၈ နာရီဝန်းကျင်က စစ်ကောင်စီလက် နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလားတူ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မီးရယ်ရွာတွင် မနေ့ည ၁၀ နာရီကျော်အချိန်က…

အောင်ပန်းတွင် ဆိုင်ကယ်က လမ်းဖြတ်ကူးသူကို ဝင်တိုက်မှုဖြစ်ပွားခဲပြီး ထိခ်ုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၇ ၊ ၂၀ အောင်ပန်းတွင် ဆိုင်ကယ်က လမ်းဖြတ်ကူးသူကိုဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် ဟိုက်ဒရိုကွင်းအနီး လမ်း၌ သြဂုတ်လ ၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆိုင်ကယ်မောင်းသူ ဦးမျိုး(မိုးကောင်းရပ်ကွက်နေ) က လမ်းဖြတ်ကူးသူ ကိုအာကာ( ဟိုက်ဒရိုကွင်း) နေကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။…

ဆီဆိုင်မြို့ အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် (၂၀) ဝန်းကျင်သေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ဆီဆိုင်မြို့အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် (၂၀) ဝန်းကျင် သေဆုံးခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံကျေးရွာဘက်တွင် သြဂုတ် ၆ ရက်နေ့က စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် PNLA ၊ PNDF-kk ပူးပေါင်းတပ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။…

အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူများ MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များအား ဆန့်ကျင်ဆန္ဒပြ

ခမ်းသားငေါဝ်း သြဂုတ်၆၊ ၂၀၂၄ ရန်ကုန်မြို့တွင် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များကို အာဏာသိမ်းစစ်ကောင်စီထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ကြောင်း ဩဂုတ် ၆ ရက်နေ့တွင် ရန်ကုန်ဒေသခံထံက သိရသည်။ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်တွင် စစ်တပ်ထောက်ခံသူများက ဝါစိမ်းနီအလံများ၊ (Posters)ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ MNDAA အားဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ “မနက်ကတည်းက သူတို့ဆန္ဒပြမယ့်နေရာမှာ ရှင်းလင်းနေတာ တွေ့ရတယ်။ MNDAAကို ဆန့်ကျင်တယ်ဆိုတဲ့…

ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်စွဲနေထိုင်သောကြောင့် ဒေသခံများဝါတွင်းကာလ ဘုန်းကြီးကျောင်းမတက်ရဲ

ခမ်းသားငေါဝ်း သြဂုတ် ၆ ၊ ၂၀၂၄ စံကားအင်းဒေသရှိ ဘုန်းကြီးကျောင်းများတွင် စစ်ကောင်စီတပ်မှတပ်စွဲနေထိုင်ကြသောကြောင့် ဒေသခံများက ဝါတွင်းကာလဖြစ်သော်လည်း ဘုန်းကြီးကျောင်းမတက်ရဲကြဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ဇူလိုင်လအတွင်း၌တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကယခုထိတိုင် ဘုန်းကြီးကျောင်းထဲတွင် တပ်စွဲနေထိုင်ကြသောကြောင့် ဒေသခံများက လပြည့်၊ လကွယ်ရက်များလည်း ဘုန်းကြီးကျောင်းမတက်ရဲကြသေးကြောင်း သိရသည်။ “သူတို့(စစ်ကောင်စီ)ကတိုက်ပွဲဖြစ်ကတည်းကခုထိဘုန်းကြီးကျောင်းမှာပဲနေနေကြတာ၊ အစားအသောက်ကတော့သူတို့ကိုယ်တိုင်ပဲချက်ပြုတ်စားကြတယ်၊ အခုဘုန်းကြီးကျောင်းမှာသူတို့ရှိနေတော့ ဝါတွင်းလပြည့်၊ လကွယ်တောင်မှ…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိူးသီးနှံများပျက်စီးဆုံးရှုံးမှုရှိနေ

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ ပင်လောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိူးသီးနှံများပျက်စီးဆုံးရှုံးမှုပြဿနာနှင့်ကြုံတွေ့နေရကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းဒေသရှိ စိုက်ပျိူးသီးနှံများရေလွမ်းမိုး၍ ပျက်စီးကုန်ကြောင်း သိရသည်။ “ဒီပင်လောင်းဖက်မှာဆိုရင်ပြောင်း၊ ငရုပ်သီး၊ ခရမ်းချဥ်သီး၊ အာလူး၊ လက်ဖက်တို့အဓိကစိုက်တယ်ပေါ့နော်၊ နောက်ပြီးငရုပ်သီးနဲ့ခရမ်းချဥ်သီးကမိုးများရင်အဆင်မပြေဘူးလေ၊ ဒီရက်ပိုင်းမှာရေတော့ပြန်ကျသွားပါပြီ ဒါပေမဲ့သီးနှံတွေကရစရာကိုမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ ပင်လောင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ လမ်းများပျက်စီးခြင်းတို့နှင့်ရင်ဆိုင်နေရပြီး အချိူ့တောင်စောင်းပေါ်တွင်စိုက်ပျိူးထားသည့်လက်ဖက်ခြံများလည်း…

စစ်ကောင်စီက နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုသောကြောင့် စိုက်ပျိုးရေးအတွက်အခက်အခဲကြုံနေရ

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများကို နေ့တစ်ပိုင်းသာ ခြံသွားခွင့်ပြုထားသောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများအား နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုထားသောကြောင့် ဒေသခံများကစိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရသည်။ “ဒီဘက်ကနေ့ပိုင်းပဲသူတို့ခြံပေးသွားတော့ အလုပ်ကတစ်ရက်နဲ့ပြီးမဲ့ဟာကို နှစ်ရက်လုပ်လိုက်ရတော့ အဆင်မပြေဘူး၊ ပြောင်းပင်တွေဆိုလည်းအခုကအပင်တွေရှည်နေပြီ မြေဩဇာထည့်ပေးဖို့လိုသလို ပေါင်းပင်တွေလည်းရှင်းပေးရတယ်လေ၊ အရေးထဲခြံသွားရင်သူတို့ဆီခွင့်တောင်းပြီးမှပဲသွားရတယ်” ဟုစံကားအင်းဒေသခံတစ်ဦးက…

You missed