Tag: khamsarngor

ရပ်စောက်မြို့နယ်တွင် DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်က DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦးကို DPLA ပူးပေါင်းတပ်တို့က အရှင်ဖမ်းမိထားကြောင်း DPLA ထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA…

ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကိုယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ကထုတ်ပြန်ထားပါသည်။ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ကဖော်ဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ကနေမှ အဆင့်မြှင့်ပညာရေးအထိ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲတွင် ကယန်းအမျိုးသားပညာရေးကော်မတီ KNEC နာယကကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊Thinking Classroom Foundation ဒေါက်တာ သိန်းလွင်မှ အမှာစကားပြောကြားခဲ့ကြပြီး…

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့တွင် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ အတွင်းအရပ်သား ၁၃ ဦးသေဆုံးကာ၊ ၂၄ ဦးဒဏ်ရာရပြီးစာသင်ကျောင်း ၃ ကျောင်းအပါအဝင် အဆောက်အဦး ၄၀ နီးပါးပျက်စီးသွားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) မှထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အတွင်းလေကြောင်းတိုက်ခိုက်မှုများသည် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် MNDAA နှင့်မဟာမိတ်များက လားရှိုးမြို့ကိုစတင်တိုက်ခိုက်သည့်…

ပြည်တွင်းပဋိပက္ခများကြောင့် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၂ ၌ရပ်တည်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခများကြောင့် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့်၂ ရပ်တည်နေကြောင်း စစ်မြေပြင်ဆိုင်ရာ သတင်းအချက်အလက်များ လေ့လာစောင့်ကြည့်သည့် Armed Conflict Location & Event Data Project (ACLED) က ဩဂုတ်လ ၆ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။…

ရန်ကုန်တွင် ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ရန်ကုန်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်လှုပ်ရှားမှုများ ပြုလုပ်ကြကြောင်း ဩဂုတ်လ ၈ ရက်တွင် ရန်ကုန်နေ ပြည်သူတစ်ဦးက ပြောသည်။ ‌ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ၊ တက္ကသိုလ် ကျောင်းသားများ၊ မြို့နယ်အသီးသီးမှ ပြည်သူများပါဝင်သည့် ကလောင်နီလှုပ်ရှာမှု ဟု အမည်ရသော လှုပ်ရှားမှုများပြုခဲ့ကြကြောင်း သိရသည်။ “မြို့နေရာအနှံ့မှာ လှုပ်ရှားမှုပြုလုပ်ကြတယ်။ စစ်အာဏာရှင်…

MNDAA က စစ်သုံ့ပန်းစစ်ကောင်စီမိသားစုဝင် ၃၈၀ ကျော်အား အိမ်ထောင်တစ်စု ၅ သောင်းကျပ်ပေးပြီးပြန်လွတ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ လားရှိုးမြို့တွင် (MNDAA)က စစ်သုံ့ပန်းမိသားစုဝင်တွင်ကိုအိမ်ထောင်စုတစ်စုလျှင်ငွေ ၅ သောင်းကျပ်ပေးပြီးပြန်လွတ်ပေးခဲ့ကြောင်းသြဂုတ် ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်များက စစ်သုံ့ပန်းအယောက် ၃၈၀ ကျော်ကိုအိမ်ထောင်စုတစ်စုလျှင် ၅ သောင်းကျပ်နှင့်စုစုပေါင်း ၉၆ သိန်းကျပ်ပေးဝေခဲ့ပြီး နောက်ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။ သြဂုတ်လ ၆ ရက်နေ့တွင် စစ်သုံ့ပန်းကမိမိတို့နေအိမ်သို့ရောက်ရှိရန်…

လွိုင်ကော်-ဒီမောဆိုလမ်းမကြီး သွားလာခြင်းမပြုရန် KNDF မေတ္တာရပ်ခံသတိပေး

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကရင်နီပြည်နယ်ရှိ လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးအား အသုံးပြုသွားလာခြင်းမပြုကြရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ကဩဂုတ်လ(၇)ရက်နေ့တွင် မေတ္တာရပ်ခံအသိပေးထုတ်ပြန်ထားသည်။ ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်နေရာများတစ်လျှောက်တွင် ဇူလိုင်လမှစကာ ယနေ့ထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မိဘပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုကြရန် KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက မေတ္တာရပ်ခံ အသိပေးထားသည်။ လွိုင်ကော်မြို့တွင် ဇူလိုင်လမှစပြီး…

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးထပ်မံကျဲချပြီး အဆောက်အဦးတချို့ပျက်စီးခဲ့သည်ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထံမံလာ‌ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့ကြောင်း PSLF/TNLA က သြဂုတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ သြဂုတ်လ(၇)ရက်နေ့ နေ့လည် ၁နာရီ ၅၀ မိနစ်ခန့်တွင်တစ်ကြိမ်၊ ၁ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဖြတ်အားပြင်းပေါင် ၅၀၀ ဗုံးအသုံးပြုပြီး နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့်အပေါ် PNLO၊ PNFC နှင့် NMSP-AD တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ တတိယအကြီးဆုံး တိုင်းဌာနချုပ်ဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA, TNLA နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့က အောင်မြင်စွာ သိမ်းပိုက်နိုင်သည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း PNLO၊ PNFC နှင့် NMSP-AD တို့က ပူးတွဲသဝဏ်လွှာ ပေးပို့ လိုက်သည်။ ‘’တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်တဲ့ တော်လှန်ရေးအင်အားစုတွေ ညှိနိုင်းစစ်ဆင်ရေးနဲ့…

ပင်လောင်းရှိ စင်းတောင်းနှင့်ဝါးလီးကြား မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးသည့်အတွက် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း ဩဂုတ် ၇၊ ၂၀၂၄ ပင်လောင်းမြို့နယ်ရှိ စင်းတောင်းနှင့်ဝါလီးရွာကြား လွိုင်ကော်သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးပြီး ခရီးသည်များသွားလာရန်ခက်ခဲ့နေကြောင်း ဩဂုတ်လ ၇ ရက် နေ့ တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စင်းတောင်းနှင့် ဝါလီးရွာကြား လွိုင်ကော်မြို့သို့ သွားသည့် လမ်းတလျှောက်တွင် ဩဂုတ် ၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတလျောက်ရေကြီးပြီး ဒေသခံနှင့်ခရီးသည်များ…

You missed