ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင်ကလေးအများစု ရာသီတုပ်ကွေးကြောင့်ဖျားနာနေကြ
ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ကလေးများ ရာသီတုပ်ကွေးအဖြစ်များနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ခြင်၊ယင်ပေါများသောရာသီဖြစ်နေသည့်အပြင် သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မှု မရှိခြင်းကြောင်း ကလေးများရာသီတုပ်ကွေး ဖြစ်ပွားနေသည်။ ” အဓိက ကလေးတွေဖျားတာများတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကူးကြတာ၊ ဒီမှာက ခြင်ကောင်တွေပေါတယ်၊ ပြီးရေကသိပ်မသန့်ဘူး၊ မိုးရေပဲအဓိကခံသုံးရတာ၊ ယင်လုံအိမ်သာတွေလည်း လုံလောက်မှုမရှိတဲ့ အခြေအနေတွေကြောင့် ရောဂါ…