Tag: khamsarngor

နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်‌နေသောကြောင့် ရွာသားများစစ်ဘေးရှောင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ယနေ့တွင် ရွာသားများရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ပင်ငို၊ ကောင်ဝိန်၊ နောင်ကျော်၊နောင်သဲင်ရွာတွင် သြဂုတ်လ ၁၃ ရက် မနက် ၆ နာရီကျော် အချိန်တွင်တိုက်ပွဲဖြစ်သောကြောင့် ရွာသားများစစ်ဘေးရှောင်နေရကြောင်း သိရသည်၊၊ “ကြိုလည်းမရှောင်ခိုင်ဘူး တိတ်တိတ်လေးဘဲ လာတိုက်နေတယ် တစ်ချို့ဆိုတစ်နေ့လုပ်မှ တစ်နေ့စားဘဲစားရတာ…

ရှမ်းမြောက်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူသေဆုံးမှု ၉၀ ဦးထိရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ ရှမ်းမြောက်တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ဇူလိုင်လအတွင်း အရပ်သားပြည်သူသေဆုံးမှု (၉၀)ဦးရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဩဂုတ်လ(၁၃)ရက်နေ့ ထုတ်ပြန်ထားသည်။ ရှမ်းမြောက်တွင် ဇွန်လ(၂၅)ရက်နေ့မှစကာ “၁၀၂၇စစ်ဆင်ရေး” ဒုတိယတစ်ကျော့ပြန်လည်စတင်ခဲ့ပြီး ဇူလိုင်လအတွင်း ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နောင်ချို၊ သီပေါ၊ သိန္နီစသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ(၉၀)ဦးသေဆုံးခဲ့ရပြီး (၈၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း…

တကောင်းမြို့ကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ)နှင့်ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ တကောင်းမြို့ကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို သြဂုတ်လ ၁၂ ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များ တကောင်းတိုက်နယ် (ပကဖ) များ…

အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ လူငယ်နှင့်နိုင်ငံရေးတည်ဆောက်ရေးအခန်းကဏ္ဍ တိုးမြှင့်ဖော်ထုတ်နိုင်ရန် ပအိုဝ်း လူငယ်များတိုက်တွန်း

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ လူငယ်နှင့်နိုင်ငံရေးတည်ဆောက်ရေးအခန်းကဏ္ဍ တိုးမြှင့်ဖော်ထုတ်နိုင်ရန် ပအိုဝ်းလူငယ်အစည်းအရုံး PYO ကဦးဆောင်းပြီးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၌ ပအိုဝ်းအမျိုးသား အခြေခံအဖွဲ့အစည်းများ၊ ခေါင်းဆောင်များအား နိုးဆော်တိုက်တွန်းသည့်အနေဖြင့် ထုတ်ပြန်ချက်ထုတ်ထားသည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား ဩဂုတ် ၁၂ ရက်နေ့တွင်ပြုလုပ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်ရှိ လူငယ် ၅၅ ဦးမှတက်ရောက်ဆွေးနွေးခဲ့ပြီ ထုတ်ပြန်ထားခြင်းဖြစ်သည်၊၊ ပအိုဝ်းအမျိူးသားများသည် ဖိနှိပ်ခံလူထုတစ်ရပ်လုံးလွတ်မြောက်ရေးနှင့် တန်းတူရေးရရှိရန်အတွက်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို…

အဖိနှိပ်ခံ ပြည်သူလူထုများနှင့်အတူ တစ်သွေး၊တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ အဖိနှိပ်ခံမြန်မာပြည်သူလူထုများနှင့်အတူ တစ်သွေးတည်း၊ တစ်သားတည်းအတူရှိနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကသြဂုတ်လ ၁၂ ရက်နေ့၌ ထုတ်ပြန်သည့် ကျေးဇူးတင်လွှာတွင် ဆိုထားသည်။ ကိုးကန့်တပ်၊ တအောင်းတပ်နှင့်ရက္ခိုင့်အဖွဲ့အစည်းများပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သည့်အောင်မြင်မှု ၊မြို့သိမ်းတိုက်ပွဲများအပေါ်ဂုဏ်ပြုလွှာပေးပို့သောအဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ကြောင်း ကျေးဇူးတင်လွှာထုတ်ပြန်ထားသည်။ ထိုကျေးဇူးတင်လွှာတွင် မိမိတို့၏စစ်ဆင်ရေးရည်မှန်းချက်လက်ကျန်များနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးလိုလားသည့်…

ရွာငံ-အောင်ပန်းလမ်းပေါ်ရေကြီးနေသဖြင့် ခရီးသွားများစွာ အခက်ခဲဖြစ်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ ရွာငံ-အောင်ပန်းလမ်းပေါ်တွင် ရေကြီးနေသဖြင့် ခရီးသွားများစွာ အခက်ခဲဖြစ်ရကြောင်းသြဂုတ်လ ၁၃ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာတွင် မိုးကြီးပြီး တောင်ကျရေရွာငံ- အောင်ပန်း လမ်းပေါ်တွင် အရှိန်ကြီးစွာဖြင့် စိီးနေသဖြင့် ခရီးသွားများစွာ အခက်ခဲဖြစ်နေရသည်။ “မနေ့ည တစ်ညလုံး ရေစီးတယ် မိုးလည်းရွာတော့ ည ၁၀ နာရီကျော်လောက်မှ…

ပန့်ဆီဆိုင်မှ အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချပေးသောကြောင့် ဆီမရသည့်သူများလည်းရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နမ့်စန်မြို့တွင် စက်ဆီ ပန့်ဆီဆိုင်ကြီးများတွင် ဆီများကို အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်းကြောင့် ဆီမရှိသည့်သူများလည်းရှိနေကြောင်း ဩဂုတ်လ ၁၃ ရက်တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့၌ ပန့်ဆီဆိုင်များတွင် မနက် ၇ နာရီမှ ၉ နာရီအတွင်းသာဆီထည့်လို့ရသည့်အတွက် ဆီမရဘဲပြန်သွားရတဲ့သူလည်းရှိကြောင်း သိရသည်။ “တို့မြို့လည်း ဆီထည့်ချင်ရင် တန်းစီရတဲ့ခေတ်ရောက်နေပြီ။ တန်းစီတဲ့သူများတော့…

နမ့်ဆန်မြို့တွင် စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ဦးတည်ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း PSLF/TNlA က ယနေ့ တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယမန်နေ့ည (၁၁း၃၁)မိနစ်၌ တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့ကာ ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်…

တောင်သာမြို့ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ တောင်သာမြို့ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း တောင်သာမြို့ လှည်းကူးမအုပ်စု၊ ပြဿဒ်ကြီးရွာ ကမ်းပါးယံဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် ကျောင်းထိုင်ဆရာတော်နှင့်အတူ၊ ကျောင်းသားသံဃာများ ထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင် ၃ ဆောင်ပျက်စီးသွားကြောင်း သိရသည်။…

မိုးကုတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူ

ခမ်းသားငေါဝ်း သြဂုတ် ၁၂၊ ၂၀၂၄ မိုးကုတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူထားကြောင်း TNLA မှယနေ့ညတွင်သတင်းထုတ်ပြန်ထားသည်။ မိုးကုတ်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်နေစဥ် မြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုဆိုသည်။ ထိုပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ…

You missed