Tag: khamsarngor

နောင်ချိုနှင့်သီပေါတွင် တိုက်ပွဲဆပ်လက်ဖြစ်ပွားပြီး တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မှတအာင်းဒေသ နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်ခဲ့ကြောင်းTNLAမှ ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တောင်ခမ်းနှင့် နောင်လင်ရွာ၌ တပ်မ(၉၉) လက်အောက်ခံ…

သီပေါမြို့တွင် စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ရက်အတွင်းအရပ်သား (၁၁)ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁) ဦးသေဆုံးခဲ့ပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီ၏…

လူငယ်သုံးဦးအား PDF ဟုစွပ်စွဲပြီး PNO မှ ဖမ်းဆီးပစ်သတ်စဉ် တစ်ဦးမှာ ပစ်သတ်သူ၏ ကျပ်ပမပြည့်သည့် ဆွေမျိုးဖြစ်နေပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်မှုထမ်းခိုင်းနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆီဆိုင်တွင် PDF ဟုစွပ်စွဲပြီး PNO မှအပြစ်မဲ့လူငယ်သုံးဦးအား ဖမ်းဆီးပစ်သတ်စဉ် သုံးဦးထဲမှတစ်ဦးမှာ ပစ်သတ်သူ၏ ဆွေမျိုးဖြစ်နေသည့်အတွက် ငွေငါးသိန်းနှင်ရွေးပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်ထမ်းခိုင်းနေကြောင်း ဒေသခံထံကသိရသည်။ ယခုဩဂုတ်လ ပထမပတ်အတွင်း PNO ပြည်သူ့စစ်ကအပြစ်မဲ့သည့် လူငယ်သုံးဦးအား PDF ဟုစွပ်စွဲပြီး ဖမ်းဆီးကာ တောထဲရှိချောက်နက်ထဲတွင် အဝတ်မဲဖြင့်မျတ်နှာကိုအုပ်ထားပြီး နှစ်ဦးအားပစ်သတ်အပြီး ကျန်သည့်တစ်ဦးအား…

တာချီလိတ်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံများ သွားလာရေးနှင့် စားဝတ်နေ‌ရေးအခက်ခဲဖြစ်နေကြောင်း ဩဂုတ် ၁၄ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေးကြီးမှုဖြစ်ပေါ်နေပြီး မြို့ပေါ်နေရာအများစုတွင် ဒေသခံများ သွားလာရေးခက်ခဲသည့်အပြင် စားဝတ်နေရေး အခက်ခဲဖြစ်နေသည်။ “ရေကြီးလို့ ဘယ်မှသွားလို့အဆင်မပြေဘူး။ မိုးက ခဏလေးတိတ်ပြီးပြန်ရွာတယ်။ အခုထိလည်း…

စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကရှေ့တန်းပို့

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆိဆိုင်တွင် စစ်ဘေးရှောင်ရာက ပြန်လာသည့်လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူပြီး သေနတ်တပ်ဆင်ပေးကာ ရှေ့တန်းပို့နေကြောင်းဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိဆိုင်မြို့နယ် ကျေးရွာဖက်တွင် စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူကာ သေနတ်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ ပို့နေသည်။ “သင်တန်း ၅ ရက်တောင်မတက်ရဘူး PNO ကရှေ့တန်းပို့ပြီ။ ဖုန်းလည်းသိမ်းထားတယ်။ အဆက်သွယ်မရဘူး။…

ပင်းတယမြို့နယ်တွင် စစ်မှုထမ်းအတွက်လူငှားရန် ပြည်သူထံ တအိမ်နှစ်သိန်းခွဲထိ ငွေကြေးကောက်ခံမှုရှိနေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ် စစ်မှုထမ်းခေါ်ရာ ရွာခံလူငယ်မလိုက်နိုင်ခြင်းကြောင့် လူငှားရန် တစ်အိမ်ကို ငွေနှစ်သိန်းခွဲကောက်ခံနေကြောင်း ဒေသခံကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းလီကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ ခေါ်သည့် စစ်မှုထမ်းအတွက် မဲနိုက်ခြင်းအစီစဉ်ကို ဒေသခံရွာသားများကလက်မခံသဖြင့် အစည်းအဝေးလုပ်ပြီး စစ်မှုထမ်းအတွက်လူငှားရန် ငွေကြေးကောက်ခံခြင်းများပြုလုပ်နေ သည်။ ‘’ရွာခံတွေက စိုက်ပျိုးရေးဖြစ်တဲ့ ပြောင်းနဲ့…

စပါးခင်းများ ဧကထောင်ချီပျက်စီးသွားသောကြောင့် ကရင်နီပြည်သူများ စားနပ်ရိက္ခာစိုးရိမ်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ရေကြီးမှုကြောင့် စပါးခင်းများ ဧကထောင်ချီပျက်စီးသွားသောကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်နေရကြောင်း ဒေသခံလယ်သမား ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရေကာတာကို ရေဖောက်ချမှုနှင့် အတူ မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့် ကရင်နီပြည်ရှိ စပါးခင်းဧက ထောင်ချီ ရေနှစ်မြုပ်သွားကာ ယခုနှစ်စားနပ်ရိက္ခာအတွက် ပြည်သူများစိုးရိမ်နေကြသည်။ ” ဒီနှစ်ရေကြီးတာနဲ့ စပါးခင်းတွေပျက်ကုန်ပြီ၊ ဘယ်လိုမှလုပ်လို့မရတော့တဲ့အခြေအနေပေါ့နော်၊ အရင်နှစ်က ကျန်တဲ့စပါးတွေလည်းကုန်တော့မယ်၊ ရှေ့ဆက်ဘာနဲ့စားရမလည်း မသိတော့ဘူး၊…

NCA လက်မှတ်ထိုးထားသည့် RCSS/SSA က တောင်ကြီးမြို့နယ်ထိ တစ်အိမ်တစ်သောင်းကျပ် ဆက်ကြေးကောက်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ တောင်ကြီးမြို့မြောက်ဘက်တကြောတွင် ယခုရက်ပိုင်းအတွင်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်က တစ်အိမ်တစ်သောင်းနှုန်းဖြင့် ဆက်ကြေးကောက်ခံ နေကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးကပ်ရက် မြောက်ဘက်တကြောကျေးရွာများတွင် RCSS/SSA တပ်ဆက်ကြေးကောက်ခံသည့် တစ်အိမ်တစ်သောင်းကို ထည့်ပေးလိုက်ရပြီ ဟုသိရသည်။ ‘’ တစ်အိမ်တစ်သောင်းက အိမ်ခြေနည်းတာမဟုတ်ဘူး ဒီပိုက်ဆံကသူတို့ရသွားပြီ မထည့်လို့လည်းမရဘူး၊ ရွာတာဝန်ခံကိုခေါ်အစည်းဝေးလုပ်ပြီး ကောက်တာ၊…

နောင်ချိုနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၂၆)ကြိမ်တိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နောင်ချိူနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့်(၂၆)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA မှယနေ့ညတွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည်။ နောင်လင်ရွာ၌ တပ်မ(၉၉)လက်အောက်ခံခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၂၅)တပ်နှင့် သော်လည်းကောင်း ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။…

တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လူငယ်စကားဝိုင်း ဆွေးနွေးချက်အရသိရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃ ၊ ၂၀၂၄ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် လူငယ်စကားဝိုင်းပြုလုပ်စဉ် တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန်လိုအပ်ကြောင်း ဆွေးနွေးချက်များအရ သိရသည်။ လူငယ်စကားဝိုင်းတွင် လူငယ်နှင့်လူငယ်အနာဂတ်အတွက်လည်းဆွေးနွေးခဲ့ကြောင်းထိုသို့ ဆွေးနွေးစဉ် တော်လှန်ရေးထဲရောက်နေသည့် လူငယ်များအားမမေ့ရန်လိုအပ်သည့်အကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ “ဒီချိန်တော်လှန်ရေးကာလမှာ လူငယ်တွေကိုယ်စီ တစ်ဦးချင်းစီကသူတို့ရဲ့ ဘဝတွေ၊ အနာဂတ်တွေကို ပေးဆပ်ပြီးတော့မှ လောင်းကြေးထပ်ပြီးတော့မှ…

You missed