Tag: khamsarngor

ထိုင်းမြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း (၁၃၀)ကျော်ကိုKNLA မဟာမိတ်တပ် သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၉၊ ၂၀၂၄ စစ်အာဏာသိမ်းပြီးနောက် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှ (၂၀၂၄)ခုနှစ်အထိ ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း (၁၃၈) ခုကို (KNLA) နှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က ထုတ်ပြန်ချက် အရသိရသည်။ ထိုင်းမြန်မာနယ်စပ်တွင် ကရင်ထိန်းချုပ်မှုနယ်မြေ အများဆုံး ပြန်ရယူနိုင်ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန်ကြား စစ်အုပ်စု၏ ဗဟိုဆက်သွယ်ရေး လမ်းကြောင်းကို…

ရွာငံတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ရွာခံ တစ်ဦးပစ်သတ်ခံရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၉၊ ၂၀၂၄ ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှင့် ရွာခံတစ်ဦး နေအိမ်၌ စကားပြောနေစဥ် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ဘုရားကြီးကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အုပ်ချုပ်ရေးမှုး ဦးဇော်မျိုးနိုင် နှင့် ရွာသား ဦးဆန်းဦးတို့သည် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်၏ နေအိမ်ဧည့်ခန်း၌…

ဒီဇင်ဘာလမကုန်ခင် ပန်းရောင်ကတ်ပြုလုပ်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနထုတ်ပြန်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၈၊ ၂၀၂၄ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအပါအ၀င် နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် တရား၀င်နေထိုင် အလုပ်လုပ်ခွင့်လက်မှတ်ပန်းရောင်ကတ်ကို ဒီဇင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန် ထိုင်းအလုပ်သမား၀န်ကြီးဌာနက နို၀င်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရန် စတင်သော ရက်ကို ထိုင်းအလုပ်သမား…

ကုန်းပေါကျေးရွာကိုစစ်ကောင်စီ လက်နက်ကြီးထပ်မံပစ်ခတ်သဖြင့် ဒေသခံအမျိုးသမီး ၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၈၊ ၂၀၂၄ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကုန်းပေါကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့သဖြင့် ဒေသခံအမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းပေါကျေးရွာကို ယနေ့မနက် ၆ နာရီ ခွဲအချိန်ခန့်တွင် ဖယ်ခုံဖက်ရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ကာ ဒေသခံအမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရသွားသည်။ ” ဒီမနက်လည်း…

တရုတ်မြန်မာနယ်စပ် မူဆယ်ဆင်ဖြူဂိတ်တွင် ကုန်တင်သည့်ယာဥ်၊ အိမ်စီးကားများ ပိတ်မိနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၈၊ ၂၀၂၄ တရုတ်မြန်မာနယ်စပ် မူဆယ်ဆင်ဖြူဂိတ်တွင် တရုတ်ဘက်မှ မြန်မာသို့ တပိုင်တနိုင် ကုန်ပစ္စည်းတင်သွင်းမှုကို မြန်မာဘက်မှ ခွင့်မပြုပဲ ဖမ်းနေသောကြောင့် ကုန်တင်သည့် ဆိုင်ကယ်၊ တွန်းလှည်း နှင့် ခရီးသည်ကားများ တရုတ်ဘက်တွင်ပိတ်မိနေကြောင်း နိုဝင်ဘာ(၂၈)ရက်၌ စုံစမ်းသိရသည်။ တရုတ်ပြည်ဘက်မှ မူဆယ်ဘက်သို့ နိုဝင်ဘာ(၂၇)ရက်မတိုင်မီ အချိန်တွင် ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်း တင်သွင်းလျှင် ဆိုင်ကယ်၊ တွန်းလှည်း၊…

ICC တရားရုံးကဖမ်းဝရမ်းထုတ်ရန် ပြောကြားချက်အပေါ် အသိအမှတ်မပြုဘူးဟု စစ်ကောင်စီတုန့်ပြန်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၈၊ ၂၀၂၄ နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC)၏ ရှေ့နေချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးရန် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် တရားရုံး တရားသူကြီးများထံ လျောက်ထားပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ၎င်း၏ပြောကြားချက်အပေါ် မည်သည့်အခါမှအသိအမှတ်ပြုခြင်းမရှိခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများတွင်ဖော်ပြထားသည်။ “မြန်မာနိုင်ငံသည် ICCအဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC၏ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင်ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကွကြီး…

ဆီဆိုင်မြို့တွင် စစ်ကောင်စီအတွက် ကားအကြိုပို့လုပ်ပေးနေ‌ရပြီး မလိုက်နိုင်ပါကငွေငါးသောင်းပေးဆောင်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၈၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ဘေးရှောင်ပြီး နေရပ်သို့ ပြန်လာသည့်အချိန်ကစ၍ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စစ်ကောင်စီအတွက် ကားအကြိုပို့လုပ်ပေးနေ‌ရပြီး မလိုက်နိုင်ပါက ငွေငါးသောင်းပေးရကြောင်းဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာတို့တွင် စစ်ကောင်စီသွားလိုသည့်နေရာများအတွက် ကားစီစဥ်ပေးရပြီး တစ်ချို့ရပ်ကွက်နှင့်ကျေးရွာများက ကားရှိသည့်အိမ်များမှ မဲနိုက်ပြီးသွားခြင်းမျိုးရှိသလို အလှည့်ကျနှင့်သွားသည့်ရပ်ကွက်များလည်းရှိပြီး မသွားလိုလျှင် စစ်ကောင်စီကို ငါးသောင်းကျပ်ပေးဆောင်ရသည်၊၊ “အိမ်တွေပြန်ဆောက်ဖို့လည်း ကြိုးစားနေရတယ်၊စား၀တ်နေရေးအတွက်လည်း ပူပန်နေရတယ်၊ကားချောဆွဲရင်ဈေးမထွက်ရဘူး၊ ချောဆွဲတာမလိုက်ရင်ငါးသောင်းပေးရတယ်ဆိုတော့လေ၊ ဈေးရောင်းတာတောင်အဲလောက်မကျန်ဘူး”ဟု…

ကုန်းပေါရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၁ လသားကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၈၊ ၂၀၂၄ ဖယ်ခုံမြို့နယ်၊ ကုန်းပေါကျေးရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်သောကြောင့် ၁ လသားကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကုန်းပေါ ကျေးရွာကို နိုဝင်လာလ ၂၇ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ၁…

လင်ဖုံလေးတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်း ခလရ ၈၀ တပ်ရင်းတစ်ရင်းလုံး နီးပါသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၇၊ ၂၀၂၄ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်း ခလရ ၈၀ တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်၊ လွိုင်ကော်မြို့နယ် လင်ဖုံလေး ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တော်လှန်ရေးတပ်ပေါင်းစုများက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ…

အင်းလေးဒေသ လုံကန်စျေးလှေဆိပ်တွင် PNO ပြည်သူ့စစ်က ပြည်သူပိုင်ပစ္စည်းများအား သိမ်းဆည်းယူဆောင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၇၊ ၂၀၂၄ အင်းလေးဒေသ၊ လုံကန်အုပ်စု လုံကန်စျေးလှေဆိပ်တွင် PNO ပြည်သူ့စစ်က ပြည်သူပိုင်ပစ္စည်းများအားမတရား သိမ်းဆည်းယူဆောင်သွားကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသ၊ လုံကန်အုပ်စု လုံကန်စျေးလှေဆိပ်၌ နိုင်ဝင်ဘာလ ၂၄ ရက်နေ့တွင် PNA ပြည်သူ့စစ်အဖွဲ့က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ပြည်သူပိုင်ပစ္စည်းများအား မတရားသိမ်းဆည်းယူဆောင်သွားသည်။ ” သူတို့ကနောင်တရားဖက်ကဆင်းလာတယ်လို့ပြောတယ်၊ အဲ့မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေကို…

You missed