Tag: khamsarngor

သကြားစက်ရုံကို စစ်ကောင်စီမှ ဗုံကျဲတိုက်ခိုက်သဖြင့် ဝန်ထမ်း (၂)ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ မိုင်းရယ်မြို့ သံတောင်ဦးသကြားစက်ရုံကို စစ်ကောင်စီမှ အောက်တိုဘာ(၉)ရက်၊နံနက် (၂)နာရီခွဲဝန်းကျင်တွင် လေယာဉ် ဗုံးကျဲ တိုက်ခိုက်သဖြင့် ဝန်ထမ်းနှစ်ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နှင့် (၁၄)မိုင်အကွာမှာ တည်ရှိသော သံတောင်ဦး သကြားစက်ရုံကို စစ်ကောင်စီမှ ကိုးကန့်စစ်သားရှိနေသည်ဆိုသည့် သတင်းကြောင့် လေယာဉ်ဖြင့်ဗုံးကျဲ တိုက်ခိုက်ရာ ဝန်ထမ်း(၂)ဦးထိခိုက် ဒဏ်ရာပြင်းထန်ပြီး အဆောက်အဦးထိခိုက်…

တစ်ဘက်ချောင်းအနီးကုန်းဆွတ်ရွာတွင် တိုက်ပွဲ ဒဏ်အပြင်ရေကြီးရေလျှံမှုဒဏ်ပါခံရပြီး စိုက်ခင်းများအကုန်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊၂၀၂၄ ဆီဆိုင်မြို့အနောက်ဘက် နမ့်တဘက်ချောင်းအနီး ကုန်းဆွတ်ရွာတဝိုက်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများအကုန်နှစ်မြုပ်ဆုံးရှုံး ခဲ့ရကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ရွာအနီးတစ်ဝိုက်ရှိစိုက်ခင်းများသည်တစ်လနီးပါးရေမြှုပ်နေပြီးပျက်စီးကာ ဒေသခံများစားဝတ်နေရေး အခက်ခဲဖြစ်စေမည်ကိုစိုးရိမ်ကြသည်။ “ကျမတို့ဆို စစ်ကြောင့်အိမ်ဆုံးရူံးရတယ်၊ရေဘေးကြောင့်ရင်းနှီးပြီးစိုက်ပျိူးရတဲ့ စပါးပင်တွေပြောင်း ပင်တွေ ဆုံးရူံးကုန်တယ်၊အခုစိုက်ထည့်လို့လဲအဆင်မပြေသေးဘူး၊မျိူး‌စေ့ အကြွေးယူထားတာတွေလဲမဆပ်နိုင်သေးဘူး၊လက်ရှိစား၀တ်နေရေးကိုတော့ဖြစ်သလိုအဆင်ပြေအောင်ဖြေရှင်းနေရတယ်”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။ ကုန်းဆွတ်ရွာတွင် ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အောက်တိုဘာလ ၈ ရက်နေ့အထိရေမကျသေးဘဲ…

ရွှေဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ပင်ထား

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွေဘိုအကျဥ်းထောင်တွင် မတရားဖမ်းဆီးထားခံရသည့် နိုင်ငံရေးအကျဥ်းသားများကို ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး မိသားစုဝင်များ နှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။ အကျဉ်းထောင်များအတွင်း ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်းက အကြမ်းဖက်စစ်အုပ်စုမှ ခွင့်ပြုခဲ့သည်ဟုဆိုသော်လည်း ယခုအချိန်အထိ ရွှေဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်များနှင့်…

အင်းလေးကန်ရှိနေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် အိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် နေအိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာကြောင်း ဒေသခံများ ထံမှ သိရသည်။ အင်းလေးကန် ရေပေါ်တွင် ဆောက်ထားသည့် နေအိမ်အများစု တို့သည် ရေကြီးနစ်မြုပ်မှု ဒဏ်ကို တစ်လနီးပါး ရှိနေပြီး၊ အောက်တိုဘာလ(၃) ရက် အထိ ရေကျခြင်းမရှိဘဲ…

တောင်ကြီးမြို့တွင် အိမ်ငှားခများလစဥ် စျေးတက်နေသောကြောင့် အိမ်ငှားနေသူများအခက်တွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်ငှားခများ လစဥ်စျေးတက်နေသောကြောင့် အိမ်ငှားသူများ အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ရင်းအိမ်ငှားနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် လာရောက်ခိုလှုံနေထိုင်သူ များလာခြင်းနှင့်အတူ အိမ်ငှားစရိတ်များ လစဥ်မြှင့်တက်နေသောကြောင့် အိမ်ငှားနေထိုင်သူများ အခက်အခဲကြုံနေရသည်။ ” ဒီမှာက အရင်သုံးလကစပြီး တစ်လ ငါးသောင်းတက်သွားတာ၊ ဟိုအစောပိုင်းကတော့ ၂ သိန်း နဲ့တစ်လချင်းငှားနေတာပေါ့လေ၊ အခုလို လအလိုက်စျေးတက်လာတော့ ဆက်ငှားဖို့အခက်အခဲဖြစ် တယ်ပေါ့လေ၊…

ရေမြောင်းမရှိ၍ မိုးရွာလျှင်လမ်းမပေါ်ရေလျှံပြီး သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် လမ်းဘေးရေမြောင်းမရှိ၍ အောက်တိုဘာလ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ထိရေကြီးရေလျှံဖြစ်ကာသွားလာရခက်ခဲကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် အစိုးရအဆက်ဆက်က လမ်းပြင်ခြင်း၊ မြောင်းပြင်ခြင်းမရှိသည့်အတွက် မိုးရွာတိုင်းလမ်းမကြီးပေါ်ရေလျှံပြီး သွားလာရန်အလွန်ခက်ခဲသည်။ “ ဒီနေ့တစ်ရက်ထဲနဲ့ မိုးရွာတာ အဲ့လောက်တောင်ရေက လမ်းပေါ်ထိ ရောက်တာ မိုးဆက်တိုက် ထပ်ရွာရင်တော့တော်တော်ဆိုးမှပဲ၊ ဟို…

စစ်ပွဲကြောင့်တခြားရွာသို့စားနပ်ရိက္ခာထားခဲ့ရသည့်ဒေသခံများနေရပ်ပြန်သယ်ယူရာတွင် PNO ပြည်သူ့ စစ်ကခွင့်မပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် စစ်ပွဲများကြောင့်တခြားရွာသို့စားနပ်ရိက္ခာထားခဲ့ရသည့်ဒေသခံများနေရပ်ပြန်သယ်ယူရာတွင် PNO ပြည်သူ့ စစ်ကခွင့်မပြုကြောင်း အောက်တိုဘာလ (၈)ရက်နေ့က ‌‌ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများကစစ်ပွဲကြောင့်စားနပ်ရိက္ခာများကို တစ်ခြားရွာတွင်သွားထားရကြောင်း သိရသည်။ “ဒီဘက်မှာကတိုက်ပွဲကခနခနဖြစ်နေတော့လေ ဆီတို့စပါးတို့ဆို တစ်ခြားရွာ​မှာပဲသွားထားတယ်လေ အဲ့တာအခြေနေကနည်းနည်းကောင်းလို့ ရွာပြန်နေပြီး စားနပ်ရိက္ခာတွေပါသယ်လာရင် PNOဂိတ်တွေကပေးမသယ်ဘူး…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့စွန်တောင်စောင်းရှိ နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့၊ တောင်စောင်းရှိ ရပ်ကွက်များတွင် နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့နေရကြောင်း သိရသည်။ ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ(၆) ၊ စမ်းရေတွင်း ဓမ္မာရုံ လမ်းကြားတွင် တောင်ပြိုကျပြီး နေအိမ်နံရံကို ပြိုကျပိတ်မိနေသဖြင့် အခက်အခဲ များစွာ ရှိကြောင်း သိရသည်။ “စမ်းရေတွင်း…

အရပ်သားကားတစ်စီးကို (ARSA) လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်၍ အမျိုးသမီး(၁)ဦးသေဆုံး၊ (၄)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ပြီး ပြန်လာသည့် ကားမောင်းသူနှင့် အရပ်သား (၆)ဦးပါ ကားတစ်စီးကို အောက်တိုဘာလ (၆)ရက်နေ့ ညနေ (၄)နာရီ​ကျော်တွင် (ARSA) လက်နက်ကိုင် တပ်ဖွဲ့မှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA)မှ အောက်တိုဘာ (၇)ရက်တွင် သတင်းထုတ်ပြန်ထားသည်။…

မဲနယ်တောင်ဒေသရှိကျေးရွာအချိူ့တွင် စစ်မှုထမ်းရန် ထောက်ပံ့ကြေးမထည့်နိုင်သူများ ရေဘေးနစ်နာကြေးအပြည့်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသရှိ ကျေးရွာအချိူ့တွင်စစ်မှုထမ်းအတွက် ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများ ရေဘေးနစ်နာကြေး အပြည့်မရရှိကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင်ရေကြီးမြေပြိုမှု ‌ကြောင့်နေအိမ်အများအပြားပျက်စီးပြီး ရပ်နီးရပ်ဝေးအလှူရှင်များက အစားအသောက်နှင့်ငွေကြေးများလာရောက်လှူဒါန်းထားမှုရှိသော်လည်း နေအိမ်ဆုံးရှုံးသူများထဲတွင် စစ်မှုထမ်းအတွက်ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများကို ရွာသူကြီးကရေဘေးနစ်နာကြေးအပြည့် မပေးကြောင်းသိရသည်။ “ကျွန်တော်တို့အိမ်လည်း နစ်နာကြေးရတဲ့စာရင်းထဲမှာပါတယ်၊ ဒါပင်မဲ့သူတို့ပြန်ဝေပေးတဲ့အချိန်မှာတော့အပြည့်ပြန်မရဘူး၊ တစ်အိမ်ကိုဘယ်လောက်ရရမယ်ဆိုတာ စာရင်းထဲမှာရှိပေမဲ့လဲသူတို့အကုန်ပြန်မပေးဘူး၊ ဘာလို့ဆိုစစ်မှုထမ်းရန်အတွက်ငွေကြေးကောက်ခံတဲ့အချိန်မှာ မထည့်နိုင်လို့တဲ့ဗျာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ နောက်ဒေသခံတစ်ဦးကလည်း”တစ်ချိူ့အလှူရှင်တွေက ဘုန်းကြီးကျောင်းမှာဘဲလာစုကြတယ်ဟော၊အလှူရှင်တွေလဲပြန်သွားရော…

You missed