Tag: khamsarngor

ပွင့်ပွင့်လင်းလင်းသန်းခေါင်စာရင်း ကောက်ယူသည်ဟု မပြောဆိုဘဲ အိမ်ထောင်စုအချက်အလက် ကောက်ယူနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ကျေးသီးမြို့နယ် ကျေးရွာအများစုတွင် သန်းခေါင် စာရင်း ကောက်ယူသည်ဟုပွင့်ပွင်းလင်းလင်းမပြောဆိုဘဲ အိမ်ထောင်စုအချက်အလက်ကောက်ယူနေကြောင်းစုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ (၇/၈/၉)ရက်က အိမ်ထောင်စုအချက်အလက်ကောက်ယူနေကြောင်း ဒေသခံထံမှ သိရသည်။ “သန်းခေါင်စာရင်းလာကောက်တယ်လည်း မပြောဘူး။ သူတို့ပြောတာတော့ စစ်မှုထမ်းဖို့ လာကောက်တာလည်း မဟုတ်ဘူး။ လဝကရုံးမှ လိုအပ်သော အချက်အလက်ကို လာကောက်တာ”ဟု စာရင်းပေးခဲ့ရသူ ဒေသခံက…

မိုးကြီးမှုကြောင့် လွိုင်လင်မြို့ကားလမ်းမပေါ်ရေလွမ်းပြီး မီးသတ်ကားဖြင့်စုပ်ထုတ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်မြို့ ကားလမ်းပေါ် ရေလွမ်းပြီး သွားလာမှုခက်ခဲကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့တွင် အောက် တိုဘာလ ၁၁ ရက်နေ့က မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပေါ် ရေလွမ်းပြီး မီးသတ်ကားဖြင့် စုပ်ထုတ်နေရကြောင်းသိရသည်။ “မိုးရွာထားတော့ ရေတွေက စပြီးတက်လာတာလေ အခုကျနော်တို့ ဆိုင်ကယ်တွေ ကားငယ်တွေအနေနဲ့ဆို သွားလို့တော့အဆင်မပြေဘူး ရေက တော်တော်လေးတက်တော့လေ…

မတ္တရာမြို့နယ် စစ်ရှောင်စခန်းစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် နှင့် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၄ မတ္တရာမြို့နယ် ရှိစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော် နှင့် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးသွားခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) MDY-PDF က သြဂုတ်လ ၁၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ဝေါကြေးရွာအုပ်စုရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲ အချိန်ခန့်တွင်…

မိုင်းဆတ်ခရိုင်၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါးရေထဲ မျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါး ရေကြီးနစ်မြုပ် ရေထဲမျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်မှ စတင်၍ ရေကြီး နစ်မြုပ်ခြင်းများ ကြုံတွေ့နေရခြင်းဖြစ်ပြီး ပိန်းခမ်းရွာတွင် ရေကြီးခြင်းကြောင့် တံတားများ ရေနစ်မြုပ်ခြင်း…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်ရှိ နောင်ဝိုး၊ ပင်စုံ၊ နမ်းဖာမူ ကျေးရွာတို့တွင် တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ ၊ကောင်သုဲင် ကျေးရွာများတွင် စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီး တော်လှန် ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုက်ပွဲ…

ရေနှစ်မြှုပ်ထားသည့် ညောင်ရွှေမြို့ကို သန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ပေးနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ပရဟိတအဖွဲ့များ ပေါင်း၍ ရေတွင်း၊ ရေကန် တို့ကိုနမ့်လတ်လူမှုကူညီရေးအဖွဲ့ နှင့် တောင်ကြီးမြို့မှ စေတနာ့ လုပ်အားရှင် အဖွဲ့များ ပူးပေါင်း၍ သန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ညောင်ရွှေမြို့တွင် အထိုင်ချ၍ ကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရေကျသွားသည့် ရပ်ကွက် ရှိ နေအိမ်များတွင် ရေတွင်းများကို ရေစုတ်ထုတ်ခြင်း…

ရေဘေးဒဏ်ကြုံနေရသည့် မိုးဗြဲမြို့ရှိ ပြည်သူများ အကူညီလိုအပ်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ ရေဘေးဒဏ်ကြုံနေရသည့် မိုးဗြဲမြို့ရှိ ပြည်သူများ အကူညီလိုအပ်နေဆဲ ဖြစ်ကြောင်းအောက်တိုဘာ ၁၁ ရက်က စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲ မြို့တွင် ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ပြီး နေအိမ်နှင့် လယ်ယာ များအကုန် နှစ်မြုပ်ပျက်စီးသွားသောကြောင့် နေရာထိုင်ခင်း နှင့် စားဝတ်နေရေး အတွက်အကူအညီများလိုအပ်နေသည်။ ”ရေတော့နဲနဲလေး ပြန်ကျနေပြီ၊ ဒါပေမယ့်…

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင်…

အင်းလေးကန်တွင် အရေးကြီးလိုအပ်သည့် သောက်ရေသန့် စက် ၂ လုံး တပ်ဆင်ပြီးစီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်အရေးပေါ်လိုအပ်သည့် သောက်ရေသန့် စက် ၅ လုံးလှူဒါန်းသွားမည်ဖြစ်ပြီး၂ လုံးတပ်ဆင်ပြီးစီးခဲ့ကြောင်း ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်ထံမှသိရသည်။ အလှူရှင်များလှူဒါန်းထားသည့် သောက်ရေသန့် စက်များကို မိုင်းသောက်၊ ရွာမ ၊ မိုင်းပျိုး ၊ ကြေးစားကုန်း တို့တွင် တပ်ဆင်မည်ဖြစ်ပြီး နောက်ဆုံး တစ်လုံးကို တပ်ဆင်မည့် ကျေးရွာ နေရာရွေးချယ်လျှက်…

တစ်နှစ်သက်တမ်းသာရှိသည့် နိုင်ငံကူးလက်မှတ်စာအုပ်ကို ထုတ်ပေးရန် သတ်မှတ်လိုက်ပြီဆိုသည့် သတင်းအမှား

The People’s Voice – ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးခြင်း မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် (Passport) ကိုပြုလုပ်လာသူများစွာ ရှိနေပြီး စစ်ကောင်စီမှလည်း ကန့်သတ်မူများစွာဖြင့် ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ ကန့်သတ်မူများထဲမှာမှ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပြုလုပ်ပေးချိန်တွင် သက်တမ်းတစ်နှစ်သာရှိသည့် နိုင်ငံကူးလက်မှတ်ကို ထုတ် ပေးမည်ဖြစ်ပြီး အဆိုပါ သက်တမ်းတစ်နှစ် ပြည့်ပြီးမှသာ နောက်ထပ် ၅ နှစ်သက်တမ်းရှိသည့်…

You missed