Tag: khamsarngor

နေအိမ်ရေထဲမျောပါသွားပြီး ပြန်လည်ဆောက်လုပ်ရန်ခက်ခဲသည့် ခေါင်းနွဲ့ရွာဒေသခံများအတွက် KBZ မှနေအိမ်ဆောက်ပေးမည်ဟုသိရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊၂၀၂၄ ရေကြီးမြေပြိုမှုထဲနေအိမ်မျောပါသွားပြီး ပြန်လည်ဆောက်လုပ်ရန်အခက်ခဲရှိသည့် ခေါင်းနွဲ့ရွာ ဒေသခံနေအိမ်များကို KBZ မှနေအိမ် ဆောက်ပေးမည်ဟု သိရသည်၊၊ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါင်းနွဲ့ ရွာတွင် နေအိမ်များရေထဲမျောပါသွားပြီး ပြန် လည်ဆောက်လုပ်ရန် အခက်ခဲကြုံတွေ့နေရသည်။ “ဆောက်ပေးမှာတော့သေချာပါတယ် လုံးဝပြိုတဲ့အိမ်တွေထင်တာပဲ၊ ဆောက်ပေးမဲ့အလုံးရေ အတိအကျတော့ကျနော်တို့လည်းအတိအကျမသိသေးဘူး၊ ဆင်တောင်မှာတောင်အခုဆောက်ပေးနေပြီ”ဟုရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်သတင်းနှင့်ပြန်ကြားရေးမှဆိုသည်။ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၊ ရှမ်းတောင် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ…

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရန်အတွက် အလှူငွေများ ကောက်ခံနေကြောင်းသိရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ ယခုနှစ် စစ်ကောင်စီ ပြုလုပ်မည့် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်မြောက်ရေး အတွက် စျေးဆိုင်ခန်းထံ အလှူငွေလိုက်လံကောက်ခံနေကြောင်း ဒေသခံ ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရန် အတွက် တောင်ကြီးမြို့မစျေး ဆိုင်ခန်းများထံ အလူငွေလိုက်လံကောက်ခံနေခြင်းဖြစ်သည်။ “အလှူငွေ ကောက်ခံခြင်းဟာ မဖြစ်သင့်ဘူး ၊ မလုပ်သင့်ဘူး ”ဟု…

ရေကြီးမြေပြိုမှုထဲနေအိမ်ပါသွားသည့် ခေါင်းနွဲ့ရွာ ပြန်လည်ထူထောင်ရေး အခက်ခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ၁၉၊ ၂၀၂၄ ရေကြီးရေလျှံဖြစ်ပြီးမြေပြိုမူထဲ နေအိမ်မျေားပါ ပျက်ဆီးဆုံးရှုံးသွားသည့်ခေါင်းနွဲ့ရွာ ဒေသခံများပြန်လည်ထူထောင်ရေးအတွက် သွပ်၊ အိမ်တိုင်၊ အကာအရံများလိုအပ်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း‌လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် နေအိမ်ပျက်စီးသွားသည့်သူများ ပြန်တည် ဆောက်၍မရသေးဘဲ တချို့ကဘုန်းကြီးကျောင်းတွင်နေပြီး တစ်ချို့ကရွာထဲရှိအိမ်နှင့်အတူနေသလို၊တချိူ့ကဆွေမျိူးအိမ်တွင်လိုက်နေကြပြီး ၊မိုးအရမ်းရွာလျှင် ဘုန်းကြီးကျောင်းသို့လာအိပ်ကြရကြောင်းသိရသည်။ “‌အိမ်ပျက်စီးသွားတဲ့လူတွေအတွက်နေအိမ်ပြန်ပြီးတည်ဆောက်ဖို့ခက်ခဲနေသေးတယ်၊အခုကမိုးရွာရင်ရေပြန်ကြီးလိုက်အဲလိုဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ လမ်းတွေကောင်းကောင်းသွားလာရဖို့အတွက်လုပ်နေတယ်၊ရွာမှာရှိတဲ့လူတွေရဲ့နေအိမ်ကိုပြန်လည်ထူထောင်ရေးလုပ်ဖို့ အတော်စဉ်းစားယူရတယ်”ဟု ခေါင်းနွဲ့ဘုန်းကြီးကျောင်းဆရာတော်က ခမ်းသားငေါဝ်း ကိုမိန့်ကြားသည်။ ခေါင်းနွဲ့ရွာတွင်ကျောင်းသွားသည့်လမ်းများကရေချောင်းဖြစ်‌နေသေးပြီး ကလေးများအန္တာရယ် ဖြစ်မည်ဆိုးသည့်အတွက် မိုးရာသီတွင်…

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊ ၂၀၂၄ ယခုနှစ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီ(၇) ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆိုကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ၏ အထင်ကရ ပွဲတစ်ခုဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲ ပွဲတော်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုဆိုသည်။ ” အရင်နှစ်ကထက် ပိုစည်ကားအောင်လုပ်သွားမယ်လို့ပြောတယ်၊ ပြီးတော့ လူလည်းအရမ်းများလာတာလေတောင်ကြီးမှာ၊ ဘယ်လိုဖြစ်ဖြစ်အရင်နှစ်ကထက်တော့ပိုစည်မှာပဲ၊…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်ဖြင့်လာရောက်ပစ်ကူပေးနေကြောင်းအောက်တိုဘာ ၁၉ ရက်ကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့တောင်ဘက်ရှိ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ၊ကောင်သုဲင် ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယနေ့ မနက် ၈ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့်လာရောက်ပစ်ကူပေးခဲ့ကြောင်းသိရသည်။ ” တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ လက်နက်ကြီးတွေတော့နေ့တိုင်းပစ်တယ်၊ ဒီမနက်တော့…

လွိုင်ကော်မြို့အဝင်မုဒ်ဦးကို စစ်ကောင်စီက ဆေးအပြာရောင် ပြောင်းသုတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၄ လွိုင်ကော်မြို့ အဝင်မုဒ်ဦးကို စစ်ကောင်စီက ဆေးအပြာရောင်ပြောင်းသုတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့အဝင် ကြိုဆိုပါ၏ မုဒ်ဦးကို စစ်ကောင်စီက အောက်တို ဘာ ၁၆ ရက်တွင် မူလဆေးရောင် အနီရောင်မှ အပြာရောင်သို့ ဆေးရောင် ပြောင်းသုတ်လိုက်ကြောင်းသိရသည်။ ”မူလဆေးကလည်း အကောင်းတိုင်းရှိနေသေးတာ၊ ဘာလို့ပြောင်းသုတ်လိုက်တာလည်းမသိဘူး၊ ယတြာချေတာလား၊ အနီရောင်ကို ပဲ သက်သက်ပြောင်းချင်တာလား၊…

ပန်ခါးရွာတွင် လက်နက်ကြီးတစ်လုံးအား ယူဖြုတ်ရာမှ ပေါက်ကွဲ မှုဖြစ်ကာ အမျိုးသား ၂ ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာ၌ အမျိုးသား ၂ ဦး လက်နက်ကြီးတစ်လုံးဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးသေဆုံးသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် ၆၀ မမအမျိုးအစား ဗုံးသီးတစ်လုံးအတွင်းရှိ ယမ်းမှုန့်များကို ထုတ်ယူရန်ဖြုတ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပွဲချင်းပြီးသေဆုံးသွားသည့်…

ဆီဆိုင်မြို့ဒေသခံကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည့် ဝန်ထမ်းအိမ်ရာရှေ့က စစ်ဆေးရေးဂိတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့ ဝန်ထမ်းအိမ်ရာ ရှေ့ စစ်ကောင်စီနှင့်ရဲစစ်ဆေးရေးဂိတ်သည် ရွာသားနှင့် ဒေသခံ​ပြည်သူကို ဗိုလ်ကျအနိုင်ကျင့် ဆဲဆိုငွေတောင်းနေသည်ဟု ဆီဆိုင်မြို့ခံထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့တောင်ဘက်ဝန်ထမ်းအိမ်ရာရှေ့ဂိတ်တွင် ခမရ ၄၂၄ တပ် ဗိုလ် လှိုင်ဘုန်းမော်က ပြည်သူအပေါ်အနိုင်ကျင့်ဗိုလ်ကျလုပ်ဆောင်နေသည်ဟုသိရသည်။ “ခေတ်ပျက်ကြီးမှာ ပြည်သူကို ဗိုလ်ကျ အနိုင်ကျင့် ယုတ်မာနေတာ ဆီဆိုင်က ရွာသားနဲ့ ပြည်သူတွေ တော်တော်…

ဆီဆိုင်ရှိ ကုန်းဆွတ်တံတား ပျက်စီးသွားသောကြောင့် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်တံတားကျိူး၍ပျက်စီးသွားသောကြောင့်ဒေသခံများအတွက်သွားလာရခက်ခဲ ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းဆွတ်တံတားသည် ရေကြီးရေလျှံမူကြောင့် ကျိူးသွားသောကြောင့် တစ်ရွာမှတစ်ရွာ၊ တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲကြောင်း စိုက်ပျိူးရေးလုပ်ကိုင်သူများထံမှသိရသည်။ “ဒီကုန်းဆွတ်တံတားကျိူးတော့ အမွိုးတို့ သွားလာရခက်ခဲတယ်လေ၊ အရင်ကဆိုရွာတွေ ပတ်မသွားရဘူး လယ်တွေတခြားရွာ‌တွေကိုသွားရင်ပေါ့၊ အခုတော့ အဝေးကြီးရွာတွကို ပတ်သွားနေရတယ် အမွိုးတို့ခြံဆို ကုန်းဆွတ်ကန်ရဲ့အရှေ့နဲ့အနောက်မှာရှိတယ်လေရေကလည်းကြီးတံတားလဲကျိူးဆိုတော့ လုပ်ကိုင်စားသောက်လို့မလွယ်ကူတဲ့အပြင်သွားလာလို့လဲအဆင်မပြေဘူး”ဟု အမျိူးသမီးတစ်ဦးကပြောသည်။ အခု‌ကကုန်းဆွတ်ကန်ရှိရေကကျသွားပေမဲ့…

You missed