Tag: khamsarngor

ရွှေညောင်နှင့် ကလောတို့တွင်တစ်ရက်အတွင်း မော်ဆိုင်ကယ် ၆ စီးထက် မနည်း ပျောက်ဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ နှင့် ကလောမြို့ တို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၆ စီး ထက် မနည်း ပျောက်ဆုံးမှု ရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ (၁၉) ရက်တွင် ရွှေညောင်မြို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၄ စီး အခိုးခံရကြောင်း သိရသည်။ “ယခုရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့တွေမှာ အခြေချလာသူ…

ရွာငံတွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီးသွားဧည်သည်လာရောက်လည်ပတ်သူနည်းပါး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ်ရှိဂိတ်များတွင် အစစ်ဆေး တင်းကြပ်မှုကြောင့် သီတင်းကျွတ်အချိန်ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ၊ ရွာငံမြို့ရှိ ရွာငံ-အောင်ပန်းလမ်း ကျုံးဂိတ် ၊ ရွာငံမြို့အဝင်ဂိတ်နှင့် မန္တလေးသွားလမ်း ပေါ်များတွင် အစစ်ဆေး တင်းကြပ်သဖြင့် သီတင်းကျွတ် အချိန် ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်း သိရသည်။…

ရေဘေးသင့်အင်း​လေး ရွာသာကျေးရွာအုပ်စု ရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရေဘေးသင့် အင်းလေးကန် မြောက်ဘက် ရွာသာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသရွာသာကျေးရွာအုပ်စုရှိ ရွာသာ ၊ ကနု ၊ ကန်လှ နှင့် ဝမ်းဘဲအင်း စသောကျေးရွာ ၄ ရွာက စားနပ်ရိက္ခာနှင့်…

ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီး စပါး၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ဈေးထပ်ကျမည်ကို စိုက်ပျိုးသူများစိုးရိမ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီးတဲ့‌နောက်စပါး‌များ၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ထွက်ပေါ်သည့်အခါ ဈေးများကျဆင်းနေသည့်အတွက်ဈေးထပ်ကျမည်ကို စိုက်ပျိုးတောင်သူများက ကစိုးရိမ်‌နေကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် ရေကြီးရေလျှံဖြစ်ပြီ‌တဲ့နောက်စပါးအသစ်ဈေးများ အဆက်မပြတ်ကျနေ သောကြောင့် စပါးစိုက်သောတောင်သူများအတွက်အခက်အခဲရှိနေကြောင်းသိရသည်။ “စပါးဈေးကအခုကျတစ်ထပ်ကျနေတော့ အဒေါ်တို့အတွက်အဆင်မပြေဘူး၊ ရေကြီးပြီးစပါးပျက်တာလဲများ တယ်လေ၊အခုစပါးဈေးပါကျတော့ အရင်းတောင်မရ‌တဲ့အပြင် အရူံးပေါ်နေတယ်၊ဒီတိုင်းသာဆက်သွားရင် စား၀တ်နေရေးကောအကြွေးကောဘယ်လိုလုပ်ရမှန်းတောင်မသိဘူး”ဟု စပါးစိုက်တောင်သူအမျိူးသမီးတစ်ဦးက ပြောသည်။ စပါးအသစ်ဈေးကအရင်ပတ်တွင် တစ်ပိဿာကို ၂၃၀၀ ကျပ်ရပြီး…

လူသတ်မှု ဖြစ်ပွားပြီးနောက် သိမ်ကုန်းရွာသားများအိမ်ပြင်မထွက်ရဲဘဲ စိုးရိမ်ထိတ်လန့်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် သီတင်းကျွတ်ကာလ၌ ရွာသူ/သားများညအချိန်ဘုန်းကြီးကျောင်း ဆီမီးထွန်းပူဇော်ရန်အပြင်မထွက်ရဲဘဲစိုးရိမ်ထိတ်လန့်နေ ကြကြောင်း သိရှိရသည်။ ရှမ်း​ပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နေ့က လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရွာငံမြို့နယ်အတွင်းခရီးသွားလာမှုကို အရင်ကထက် ပိုမိုပြီးတင်းကြပ်ထားပြီး ၁/ ၂/ ၅/ နှင့် ၈/…

တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖွဲ့သည် အောက်တိုဘာလ (၂၀) ရက်၊ ည (၈) နာရီ (၂၃) မိနစ် အချိန်တွင် ရှော့တိုက်ဒုံး(၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ…

စစ်ကောင်စီ ယာယီအထိုင်စခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅) ဦး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ မွန်ပြည်နယ်၊ ရေးမြို့ ရေး – သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားသော ခမရ (၅၈၈) ယာယီအထိုင်စခန်းအား ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ဗိုလ်ကြီးတဦးအပါအဝင် (၅) ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ အောက်တိုဘာ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ကင်းလှည့်ရန်ဆင်းလာ သော စစ်ကောင်စီတပ်နှင့် မျက်နှာချင်းဆိုင်တွေ့ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း…

ရပ်စောက်မြို့နယ်တွင် RCSS နှင့် SSPP မကြာခနတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုနှစ်သီတင်းကျွတ် ပအိုဝ်းရိုးရာဘုန်းကြီးကျောင်းတက်ခွင့်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စုနှင့် ကွန်လုံအုပ်စုတွင် RCSS နှင့် SSPP မကြာခနတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုနှစ်သီတင်းကျွတ် ပအိုဝ်းရိုးရာဘုန်းကြီးကျောင်းတက်ခွင့်မရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စုနှင့် ကွန်လုံအုပ်စုတွင် လှုံခြုံရေးကြောင့် ဘုန်းကြီးကျောင်းအား ယခင်ကလိုမျိုးရွာလုံးကျွတ်တက်ခွင့်မရနေပဲ လူကြီးပိုင်းလောက်သာ ဆရာကန်တော့သည့်အနေဖြင့် ဘုန်းကြီးကျောင်းတက် ဆရာကန်တော့ကြရကြောင်း သိရသည်။ “အခုရွာထဲမှာ အကြားအဖွဲ့(RCSS)ကလည်းရှိသလို ဘေးရွာနီးနားမှာလည်း အစိမ်းအဖွဲ့(SSPP)ကရှိနေတယ်…

စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦးအပါဝင် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနှင့် ပေါင်(၃၀၀)ဗုံးအသုံးပြုပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင်ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း PSLF/TNLA ကထုတ်ပြန်ထားသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်၌ စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊၊ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂)စီးဖြင့် နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အတွင်း ပေါင်(၅၀၀)ဗုံး…

စစ်ကောင်စီ၏ ရလခ တိုင်းမှူးက ရေဘေးသင့်ပြည်သူ အတွက်မြေယာစီစဥ်ပေးမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ လွိုင်လင်မြို့နယ် ရေဘေးသင့်ပြည်သူများကို မြေယာပေးအပ်မည်ဟု စစ်ကောင်စီ၏အလယ်ပိုင်းတိုင်း တိုင်းမှူးကတိပေး ထားကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်တောင်ပိုင်းလွိုင်လင်မြို့နယ်တွင် အောက်တို ဘာလ ၁၄ ရက်၌ စစ်ကောင်စီတပ် အရှေ့အလယ်ပိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးက ရေဘေးသင့်သည့် ခေါင်းနွဲ့၊ အေင်ခေတ်နှင့် နောင်နေင်းကျေးရွာဒေသခံလူထုနှင့်တွေ့ဆုံပြီး ထိုသို့ကတိပေးလိုက်ကြောင်းဒေသခံထံ သိရသည်၊၊ “ဟိုနေ့က တိုင်းမှူးလာသွားတယ်ပေါ့နော် အခက်အခဲရှိတာတွေကို တောင်းဆိုလို့ရတယ်ပြောကြတယ်ပေါ့နော်၊ ကျနော်တို့ကလည်းလိုအပ်မယ့်အရာတွေကို တောင်းဆိုကြတယ်ပေါ့၊…

You missed