Tag: khamsarngor

ရွှေညောင် မြို့ ၊ သဖန်းပင်ရွာတွင် လမ်းခင်းရန် တစ်အိမ် ၇ သိန်း ကောက်ခံနေ

ခမ်းသားငေါဝ်း မတ်လ ၁၁၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊ ရွှေညောင် မြို့ ၊ အောင်သပြေ၊ သဖန်းပင်ရွာတွင် လမ်းခင်းရန် တစ်အိမ်ကိုကျပ် ၇ သိန်း ကောက်ခံသဖြင့်အခက်ခဲကြုံရကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။…

တောင်ကြီးမြို့၊ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် အကျဉ်းသားများထံ ငွေညစ်တောင်းခံခြင်း၊ ရိုက်နက်ခြင်းများရှိနေ

ခမ်းသားငေါဝ်း မတ် ၁၀၊ ၂၀၂၅ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် အရာခံရဲ သန်းဌေးက အကျဉ်းသားများထံ ငွေညစ်တောင်းခံခြင်း၊ ရိုက်နက်နိုပ်စက် ခြင်းများ ရှိနေကြောင်း နီးစပ်သူထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အမှတ်…

PNO ပြည်သူ့စစ်ကအိမ်တိုင်းစေ့ ပိုက်ဆံကောက်ပြီး သင်တန်းကြေးသိန်းပေါင်း (၄) သောင်း ကုန်ကျခံ ပြည်သူ့စစ်သင်တန်းပေးနေ

ခမ်းသားငေါဝ်း မတ်လ ၁၀၊ ၂၀၂၅ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသရှိ ပြည်သူလူထုများကို အိမ်တိုင်းစေ့ ငွေကြေးကောက်ခံပြီး ရုရှားစစ်သင် တန်းဆရာကို ကျပ်သိန်းပေါင်း (၄)သောင်းကုန်ကျခံခေါ်ယူကာ ပြည်သူ့စစ်သင်တန်းကို နှစ်နေရာခွဲပြီး ပေးနေကြောင်းစုံစမ်းသိရှိရသည်။ ပြည်သူ့စစ်သင်တန်းကိုရှမ်းပြည်နယ်တောင်ပိုင်း ဆိုက်ခေါင်ဒေသရှိ အောင်ဆုဗွေတွင်တစ်နေရာနှင့်…

ဒီမော့ဆိုအနောက်ဘက်ရှိ စစ်ဘေးရှောင်များ စားဝတ်နေရေးနှင့် မိုးကာများ အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၁၀၊ ၂၀၂၅ ဒီမော့ဆိုအနောက်ဘက်ရှိစစ်ဘေးရှောင်များ စားဝတ်နေရေးနှင့် မိုးကာ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ (ကယား)ကရင်နီပြည် ဒီမော့ဆိုအနောက်ဘက်ရှိစစ်ရှောင် လူဦးရေငါးသောင်းခန့်အတွက် စားဝတ်နေရေးနှင့်၊ အမိုးမိုးရန်မိုးကာ အကူအညီလိုအပ်နေသည်။ “ဆန်တွေပြတ်လတ်နေတဲ့ အိမ်ထောင်မိသားစုတွေ အများရီးရှိတယ်။ အထူးသဖြင့်အမျိုးသမီးတွေကငတ်တဲ့ဒဏ်ပိုပြီးတော့မှခံစားရတယ်”ဟုစစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။…

ဒီမော့ဆိုအနောက်ဘက်ရှိ စစ်ရှောင်နှင့်ဒေသခံပြည်သူများဆေးဝါး အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၁၀၊ ၂၀၂၅ ဒီမော့ဆိုအနောက်ဘက်ရှိစစ်ရှောင်နှင့် ဒေသခံပြည်သူများဆေးဝါးအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ (ကယား)ကရင်နီပြည်၊ ဒီမော့ဆိုအနောက်ဘက်ရှိစစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများ လူဦးရေငါးသောင်းခန့်အတွက် ဆေးဝါးများအကူအညီလိုအပ်နေသည်။ “ကလေး ၊အမျိုးသား ၊အမျိုးသမီးအရွယ်တိုင်းမှာယားနာတွေဖြစ်နေတယ်။ တစ်ကိုယ်လုံးမှာခြေလက်မကျန်ခန္ဓာကိုယ်အတွင်းပိုင်းတွေထိအကုန်ယားနေတာတွေရှိတယ်။”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။ ယားနာသည့်ရောဂါဝွေဒနာများကို၂၀၂၄ခုနှစ်လွန်ခဲ့သည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှယနေ့ထိဖြစ်ပွားနေကြောင်း သိရသည်။…

ဖယ်ခုံက ဆရာတော်တစ်ပါးနှင့်ကပ္ပိယတစ်ဦး ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ပျားစစ်ကြောင်းမှ ဝန်ခံ

ခမ်းသားငေါဝ်း မတ်လ ၉၊ ၂၀၂၅ ဖယ်ခုံက ဆရာတော် ၁ ပါးနှင့်အမျိုးသား ၁ ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ပျားစစ်ကြောင်းက သဘောထားထုတ်ပြန် ဝန်ခံထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာရှိ…

မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်သန်လာစေရန်ပထမဆုံးအကြိမ်ထနော့အမျိုးသားနေ့ ကျင်းပ

ခမ်းသားငေါဝ်း မတ်လ ၉၊ ၂၀၂၅ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်သန်လာစေရန်ပထမဆုံးအကြိမ်ထနော့အမျိုးသားနေ့ကို တောင်ပို့လှရွာတွင် မတ်လ ၈ ရက်နေ့ကစတင် ကျင်းပခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကလောမြို့နယ် ငုတ် ကျေးရွာ အုပ်စု ၊…

(MNDAA)မှ ဖမ်းဆီးထားခဲ့သည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာ

ခမ်းသားငေါဝ်း မတ်လ ၈၊ ၂၀၂၅ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ် လုံးမွန်းကျေးရွာတွင် (MNDAA)တပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၇)ရက်တွင် ဖမ်းဆီးသွားခဲ့သည့် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။ (MNDAA)တပ်ဖွဲ့မှ (၁)လကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သော အသက်မပြည့်သေးသည့် အဆိုပါ…

ပင်လောင်းတောင်ဘက်ရွာများတွင် စစ်မှုထမ်းလူငှားရန်အတွက်ငွေကြေးထပ်မံ ကောက်ယူနေ

ခမ်းသားငေါဝ်း မတ်လ ၇၊ ၂၀၂၅ ပင်လောင်းမြို့ တောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီက စစ်မှုထမ်းလူငှားရန်အတွက်ငွေကြေးထပ်မံကောက်ယူနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းတောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီစစ်မှုထမ်းလူငှားရန်အတွက်တစ်အိမ်ကိုငွေကြေးငါးသောင်းကျပ်ဖြင့်ကောက်ယူနေကြောင်းမတ်လ ၇ ရက်နေ့တွင်သိသည်။ “မထည့်ချင်တဲ့လူဆိုရင်နာမည်နဲ့မှတ်ပုံတင်နံပါတ်သွင်းခိုင်းတယ်သူများခြံနောက်လိုက်ပြီးရတဲ့ပိုက်ဆံစုပြီးထည့်ရတယ် သူများခြံနောက်လိုက်ပြီးရှာရတဲ့ပိုက်ဆံကကိုယ့်တွက်တောင်မသုံးလိုက်ရဘူးသူတို့ကောက်တာပဲထည့်ပေးနေရတာအရမ််းပင်ပန်းရတယ်သူတို့က ၆ လကိုတစ်ကြိမ်ကောက်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။ ပင်လောင်းတောင်ဘက်ရှိကျေးရွာများတွင်စစ်ကောင်စီမှ စစ်မှုထမ်း အတွက် လူငှားရန် ငွေကြေးကောက်ယူခြင်းကို သုံးကြိမ်ရှိပြီဖြစ်ပြီး…

ဆရာတော်နှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ အမြန်ဆုံးစစ်ဆေးပေးရန် တောင်းဆို

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၅ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အုံတိုင်းဘုန်းကြီးကျောင်းတွင် မတ်လ (၄)ရက်နေ့က ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ(၁)ဦးတို့ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပွားကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသတွင်း အုပ်ချုပ်သူများ…