Tag: ခမ်းသားငေါဝ်း

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ နောင်ချိူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းနိုဝင်ဘာလ၅ရက်နေ့တွင်PSLF/TNLAထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိူမြို့နယ် မြောင်ဇီးရွာ၌ နိုဝင်ဘာလ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်းဆိုထားသည်။ အလားတူ ယမန်နေ့၊…

ဆီဆိုင်မြို့တွင် အာလူးအဝင်နည်းသောကြောင့် အာလူးဈေးကောင်းနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ဆီဆိုင်မြို့တွင်အာလူးအ၀င်နည်းသောကြောင့်အာလူးကို ဈေးနူန်းမြင့်ပေး၍‌မှာယူရပြီး အာလူးဈေးကောင်းနေကြောင်း ဈေးရောင်းသူများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် အောင်ပန်းနှင့် နောင်တရားမှထွက်သောအာလူးကိုမှီခိုပြီးရောင်း၀ယ်မူများပြုလုပ်နေရပြီး အောက်တိုဘာလမှစပြီးနို၀င်ဘာလ(၅)ရက်နေ့အထိ အာလူးအလုံးကြီးတစ်ပိဿာကို ၇ ထောင်ကျပ်ပေး၀ယ်ရပြီး အာလူးအလုံးရောရာတစ်ပိဿာကို ၆ ထောင်ကျပ်ပေး၀ယ်‌ရကြောင်းသိရသည်။ “ အခုဆိုအာလူးကမှာသလောက်မရဘူး၊ သူတို့ပြောတဲ့ဈေးနဲ့မှာရင်တောင် ကိုယ်မှာလိုက်တဲ့တစ်၀က်လောက်ပဲလာပို့တာ၊ ဒီထက်သာဈေးနူန်းပိုမြှင့်ရင်တော့၀ယ်မရောင်းနိုင်တော့ဘူး အခြားကုန်ပစ္စည်းတွေလဲဈေးတက်နေတာလေ”ဟုဈေးရောင်းသောအမျိူးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် အာလူးလက်လီစျေးတပိဿာ ၈…

ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ PNO၏တပ်သားစုဆောင်းခံရသူများ ရှေ့တန်းတွင်ကျဆုံးမှုရှိနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စုတွင် ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ PNOပြည်သူ့စစ်တပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးမှုရှိနေကြောင်း နိုဝင်ဘာလ(၅)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ လွယ်လုံကျေးရွာတွင် နိုဝင်ဘာလ(၁)ရက်နေ့မှစပြီး စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့်‌ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲတွင် PNOပြည်သူ့စစ်က ရပ်ရွာလုံခြုံရေးအတွက်ခေါ်ဆောင်ခံရသူများ ကျဆုံးမှုများရှိနေသည်။ “သူတို့ကစစ်သားမဟုတ်ပါဘူး၊ အရင်ကရွာအတွက်ကာကွယ်ဖို့ဆိုပြီး PNO ကအခြေခံစစ်သင်တန်းခေါ်တက်တာ၊ နောက်ပိုင်းစစ်ဖြစ်တော့…

ပြည်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNOနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ရိတ်ယူ သယ်ဆောင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ဟိုဝိုး၊ ဗန်းမောက်၊ ဆောင်လန်ရွာ ဖက်ရှိ ပြည်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNOနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ရိတ်ချွေယူကြောင်း နိုဝင်ဘာ (၄)ရက်နေ့က သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိ တောင်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNO နှင့်းစ်ကောင်စီမှ ရိတ်ချွေစက် (၄)စီးဖြင့် ရိတ်ချွေယူပြီး ပင်လောင်းလမ်းအတိုင်း သယ်ယူသွားကြောင်း…

ညောင်ရွေမြို့နယ်၊ လွယ်လုံကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ PNA တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ ” တိုက်ပွဲက ပြင်းထန်နေဆဲပဲ ၊ စစ်ကောင်စီဘက်က လေယာဥ်၊ဒရုန်းတွေနဲ့ကြဲတယ်၊ လွယ်လုံရွာမှာတိုက်ပွဲ ဖြစ်ပေမယ့် စစ်ကောင်စီက…

တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဥ်ဖမ်းပြီး သိန်း ၅၀ အထက်ဖြင့်ပြန်ရွေးနေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် လိုက်စင်မဲ့ ယာဉ်များကို ဖမ်းဆီး အရေးယူနေပြီး အဖမ်းခံရပါက သိန်း ၅၀ အထက်ဖြင့်ပြန်ရွေးနေရကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ လကုန်ပိုင်းမှ စတင် ၍ စည်းကမ်းမဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော် ယာဉ် များနှင့်ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်နေ သည်။ “…

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ လားရှိုးမြို့နယ် မယ်ဟန်ရွာကို စစ်ကောင်စီမှ ယနေ့မနက်တွင် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် မယ်ဟန်ရွာကို ယနေ့ နံနက် (၁)နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် (၂)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ” ရွာကလူတချို့က ဗုံးကြောက်လို့ လားရှိုးမြို့ဘက် ရှောင်လာကြတာ…

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခင်တခေါက်လို မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၄ အင်းလေးကန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နောက်ထပ် တစ်ကြိမ်မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်။ ရှမ်းတောင်ရှိ ဒေသခံများက မိုးကြီးရေလျှံမှု ဘေး ထပ်မံကြုံတွေ့လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်မှာ လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်…

စစ်ကောင်စီရဲ့လေယာဉ် (၈)စီးနှင့် ရဟတ်ယာဉ် (၁၁)စီးကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်များ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၀၄ တော်လှန်ရေးကာလ အာဏာသိမ်းပြီး ယနေ့ချိန်ထိစစ်ကောင်စီ၏ စစ်လေယာဉ် (၈)စီးအပြင် စစ်ရဟတ်ယာဉ် (၁၁)စီးကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အသီးသီးနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်များက တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း PDF Insight မှ ဖော်ပြထားသည်။ ပွိုင့် – ၅ စက်သေနတ်သည် အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ်…

ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး စလစ်အတုများ ထုတ်ပေး၍ သိန်း ၂၀၀ လိမ်လည်သွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၄ ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး တောင်ကြီးခေါ်၍ စလစ်အတုများ ထုတ်ပေးပြီး သိန်း ၂၀၀ လိမ်လည် သွားသဖြင့် နစ်နာသူများက အပူတပြင်း စုံစမ်းနေကြောင်း နစ်နာသူများထံမှ သိရသည်။ ပတ်စပိုစ့်များကို နယ်ကျော် လုပ်ပေးမည်ဆိုကာ တစ်ဦးလျှင် (၈) ခွဲ သိန်းနှုန်းဖြင့် (၂၅) ယောက် စာ သိန်းပေါင်း (၂၀၀)…

You missed