Tag: ခမ်းသားငေါဝ်း

ကရင်နီပြည်နယ် စစ်ရှောင်စခန်းတွင် သောက်သုံးရေများ အကူညီလိုအပ်နေဆဲ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊ ၂၀၂၄ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေများ အခက်ခဲဖြစ်ပြီး အလှူရှင်များ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ ကရင်နီပြည်နယ်စပ်တွင် စစ်ပွဲများကြောင့် ဒေသခံပြည်သူများ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး ဖရူဆို‌အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအပြင် သောက်သုံးရေအတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ “အလှူရှင်တွေတော့ ရှိပေမဲ့ သောက်ရေအတွက်က မလုံလောက်ဘူး။…

လားရှိုးမြို့နေရာတချို့တွင် ဖုန်းလိုင်း၊အင်တာနက်လိုင်းပြန်လည်ရရှိပြီး လေကြောင်းတိုက်ခိုက်လာမည်ကိုစိုးရိမ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ နေရာတချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြန်လည်ရရှိသော်လည်း လေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း နိုဝင်ဘာ (၁၁) ရက်နေ့တွင် ဒေသခံထံက သိရသည်။ MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ဒေသခံပြည်သူများ အနေဖြင့် StartLink(ဂြိုလ်တု အင်တာနက်လိုင်း)ကိုသာ အသုံးပြုခဲ့ရပြီး…

ယခုနှစ်တောင်ကြီး တောင်တိုင်ပွဲတွင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ တန်ဆောင်တိုင်ကွင်းအတွင်း ဝင်ခွင့်မပြု

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၄ ယခုနှစ်စစ်ကောင်စီ ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပွဲကျင်းပရာ အဝေရာကွင်းအတွင်းသို့ နေ့ခင်းဘက်လည်း လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များဝင်ခွင့်မပြုကြောင်း ဒေသခံထံကသိရသည်။ တောင်ကြီးတန်ဆောင်တိုပွဲ အဝင်လမ်း၊ အထွက်လမ်းဖြစ်သည့် စူဌာမုနိဘုရားဘက်လမ်းနှင့် အနောက်မြို့ပတ်ကွင်းအဝင်လမ်းများအား လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ ဝင်ရောက်ခြင်းမပြုရန် နိုဝင်ဘာ ၈ ရက်နေ့တွင် ဆိုင်းပုဒ်ထောင်ပြီး ပိတ်ပင်ထားသည်။ “မနေ့ရှေ့တနေ့ကအဲ့နေရာနားကဖြတ်သွားတုန်း မေးကြည့်တာ နေ့ဘက်လည်းမရဘူးလို့ပြောတယ်…

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများပြီးဆိုင်ကယ် ပျောက်ဆုံးမှုများလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၄ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများလာပြီးဆိုင်ကယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မြို့ခံများထံမှ စုံစမ်းသိရသည်။ တောင်ကြီးမြို့မစျေး ၊ ကုန်သည်လမ်းတွင် စျေးနေ့ စျေးဝယ်ရင်း မော်တော်ဆိုင်ကယ် ခေတ္တရပ်နားထားစဉ် ခိုးယူခံရခြင်း ရှိကြောင်း ၊ ထိုလမ်းပေါ် တစ်လျှောက်တွင် ဆိုင်ကယ် သုံးစီးထက် မနည်း နေ့စဉ် ပျောက်ဆုံးမှု ကြုံတွေ့နေရကြောင်း…

စစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၍ ဖယ်ခုံမြို့နယ် ကာလကျေးရွာစစ်ရှောင် ၂ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊ ၂၀၂၄ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ ကာလ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ ခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းရင်းမြစ် တစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ ကာလကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က…

လွိုင်ကော်တွင် စစ်ကောင်စီက အမျိုးသားများအား စစ်မှုထမ်းခေါ်ယူနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊ ၂၀၂၄ လွိုင်ကော်မြို့တွင် စစ်ကောင်စီက အမျိုးသားများအား စစ်မှုထမ်းခေါ်ယူနေ ကြောင်း စစ်ရှောင်နေသူ ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။ ကရင်နီ( ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင်း နေထိုင်နေသည့် အသက် ၃၀ မှ ၅၀ နှစ်ကြားအမျိုးသားများအား အောက်တိုဘာလမှစတင်ပြီး ပြည်သူ့လုံခြုံရေးအတွက်ဆိုကာ စစ်မှုထမ်းခေါ်ယူနေသည်။ ” သူတို့ ( စစ်ကောင်စီ) ကရပ်ကွက်လုံခြုံရေးအတွက် ဆိုပြီး ပြည်သူ့စစ်ပုံစံမျိုးဖွဲ့မယ်လို့ပြောတယ်၊…

တောင်ကြီးမြို့တွင် ဝိုင်ဖိုင်လိုင်းများကို အချိန်ပိုင်း ဖြတ်တောက် နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ပြီး vpn များကိုလည်း ဘမ်းနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် ဝိုင်ဖိုင် လိုင်းများကို အချိန်ပိုင်း ဖြတ်တောက် နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ပြီ vpn ဆာဘာ များကိုလည်းဘမ်းနေကြောင်း ကြားသိရသည်။ နိုဝင်ဘာလ (၇) ရက် ညနေပိုင်း အချိန်တွင် ဝိုင်ဖိုင် လိုင်းများ အားလုံးကို ဖြတ်တောက်ထားခြင်း ဖြစ်ကာညပိုင်း အချိန်ရောက်မှ ပြန်ဖွင့်ပေးကြောင်းနောနိုဝင်ဘာလ (၈)…

ရာသီဥတုအခြေအနေကြောင့်စစ်ကောင်စီပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်ပြောင်းရွေ့ ကျင်းပ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၄ ယခုနှစ် စစ်ကောင်စီ ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်တောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဟု ယာထားသော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပြောင်းရွေ့ကျင်းပသွားမည်ဟုဆိုသည်။ ”…

စစ်ကောင်စီဟာ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲကို ပျက်စီးအောင် လုပ်ဆောင်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ တွေ့ဆုံမေးမြန်းခြင်း စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ဟာ တကယ်အနှစ်သာရ အစစ်အမှန်မရှိတဲ့ ရိုးရာမီးပုံးပျံ ပြိုင်ပွဲလို့ စစ်အာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ တောင်ကြီးသား မီးပုံးပျံပညာရှင် မီးပုံးပျံဆရာ ရဲဘော်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ…

အလုပ်အကိုင်အဆင်မပြေ၍ ထိုင်းနိုင်ငံရောက် ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးမိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ထိုင်းနိုင်ငံရောက်ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးသည် အလုပ်အဆင်မပြေ၍ စိတ်ဖိစီးမှုများပြီးမိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာလ (၇)ရက်နေ့က (နွောင်ꩻရာꩻကူႏညီႏရေꩻအစွိုꩻ)အဖွဲ့ ထံမှသိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်း(၆၃)တွင် နိုဝင်ဘာလ (၇)ရက်နေ့နံနက်၌ အသက်(၂၄)နှစ်အရွယ် ခွန်ဖြိုးလေးသည် သူ့ရည်းစားဖြစ်သူ အသက်(၁၈)နှစ်နန်းဗိုလ်ဗီးအား သတ်ပြီးမိမိကိုယ်ကိုလည်း အဆုံးစီရင်သွားကြောင်းသိရသည်။ “သူတို့နှစ်ယောက်က ဒီကိုမလာခင်ကတည်းက သမီးရည်းစားဖြစ်ကြတာ ဒီဘက်လာတာလည်းတစ်နှစ်တော့ကျော်ပြီ၊ ကောင်လေးကအလုပ်အဆင်မပြေမှုတွေ ခနခနဖြစ်တော့ ဒီရက်ရွာပြန်ဖို့လုပ်နေတာ၊…

You missed