Tag: ခမ်းသားငေါဝ်း

လွိင်လင်မြို့နယ်တွင် သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး ဩဂုတ်လ(၂၆)ရက်နေ့ ည(၈)နာရီ(၅)မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နောင်မင်းအေးမောင်းနင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစားကားအား…

ရွာငံမြို့နယ်တွင် သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ကျပ်သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့် ကျပ်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC myanmar ထုတ်ပြန်ချက် အရသိရသည်။ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဩဂုတ်လ (၂၆) ရက်နေ့…

စစ်ရှောင်ပြည်သူတိုးလာသည့်အတွက် အောင်ကလပ်အပေါ်ရွာစစ်ရှောင် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲရင်ဆိုင်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက်အခက်အခဲများ ရှိနေသေးကြောင်း ယနေ့ဩဂုတ်လ(၂၈)ရက်နေ့တွင် သိရသည်။ စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ကလေးပညာရေး စသည့်အခက်အခဲများ ယခင်ကထက်ပိုမိုဆိုးရွားလာကြောင်း သိရသည်။…

ယခုနှစ်ပြောင်းသီးနှံ စျေးကောင်းရရှိသော်လည်း သွင်းအားစုစျေးမြင့်မားမှုကြောင့်တွက်ခြေမကိုက်သေး

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ယခုနှစ်ရာသီထွက် ပြောင်းသီးနှံများ စျေးကောင်းရသော်လည်း သွင်းအားစုစျေး​မြင့်မားသောကြောင့် ပြောင်းစိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့တွင် သိရသည်။ ထို့အပြင်ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ပြောင်း စိုက်ပျိုးမှုနည်းပါးလာပြီး ပြောင်းစိုက်ပျိုးသူ ၃…

လေမတိုက်သော်လည်း ယိုင်လဲပျက်စီးလာဖွယ်ရှိသည့် မြို့ငယ်လေး

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၃ သတင်းဆောင်းပါး တောတောင်များနှင့် နွေဆိုလျှင် နီဝါဝါ၊ မိုးဆိုလျှင် စိမ်းစိမ်းစိုစို၊ ဆောင်းဆိုလျှင် အုံ့အုံ့မှိုင်းမှိုင်းနှင့် ဥတုသုံးပါစလုံး လှပသည့်မြင်ကွင်းများရှိသည့် နမ့်စခန်မြို့ကလေးသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အရှေ့ဘက် ၁၄ မိုင်အကွာတွင်ရှိသည်။ နမ့်စန်မြို့သည်…

ကွတ်ခိုင်သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းတပ် TNLA တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ တအာင်းပြည်နယ်၊ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်မှာ အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သြဂုတ်၂၆ ရက်နေ့ TNLA ထုတ်ပြန်ချက် အရ…

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းပြီး ၂နှစ်အတွင်း ဒေသအမှုပေါင်း (၃၆၂) မှုအရေးယူဆောင်ရွက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ ကရင်နီပြည်နယ် ရဲဌာန (KSP)ဖွဲ့စည်းဆောင်ရွက်ပြီး ၂ နှစ်တာကာလတွင် ဒေသတွင်းအမှုပေါင်း (၃၆၂)မှု အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန ၂ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။ ကရင်နီပြည်ရဲဌာန (KSP)အား ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ ကြပ်မတ်လမ်းညွှန်မှုဖြင့်…

တရားမဝင် နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲခြင်း မပြုရန် NUG တားမြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အဖွဲ့မှ ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ၂၀၀၀၀ (နှစ်သောင်း)တန်ငွေစက္ကူကို သုံးစွဲခြင်းမပြုရန် NUG ကဩဂုတ်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအခန်း ၁၂ ပါရှိချက်အရ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာများအား…

တောင်ကြီးမြို့‌ပေါ်ရပ်ကွက်များတွင် မီတာခမဆောင်သည့်အိမ်များကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ မီတာဘောက် လိုက်ဖြုတ်သိမ်း ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မီတာခမ‌ပေးဆောင်သည့် အိမ်များကို စစ်ကောင်စီလက်အောက် ခံဝန်ထမ်းများက မီတာဘောက်များ လိုက်ဖြုတ်သိမ်း‌နေကြောင်း သိရှိရပါသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း မီတာဘောက်လိုက်လံဖြုတ်သိမ်းမှုများ ရှိနေပြီး အချို့ရပ်ကွက်များတွင် မီတာဘောက်အလုံး…

ဒီးမော့ဆိုအနောက်ဖက်ခြမ်းစစ်ရှောင်စခန်းတွင် စာသင်ဆောင်မလုံလောက်သည့်အတွက် နေအိမ်ထဲထိပါစာသင်ကြားနေရ

ခမ်းသားငေါဝ်း ဩဂုတ်လ၂၅၊၂၀၂၃ ကရင်နီ(ကယား)ပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စာသင်ဆောင်လုံလောက်မှုမရှိခြင်းကြောင့် စာသင်ကြားရန်အခက်အခဲရှိနေကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင်သိရသည်။ စာသင်ဆောင်လုံလောက်မှု မရှိသည့်အတွက် စစ်ရှောင်ကလေးများကို လူနေအိမ်တွင် စသင်ကြားပေးနေရကြောင်းသိရသည်။ ” ကျနော်တို့ရွာက အထက်တန်းအထိစာသင်တာဆိုတော့ စာသင်ဆောင်လည်းမရှိဘူးလေ။ သူများနေအိမ်မှာသင်ရတာပေါ့၊…