Tag: ခမ်းသားငေါဝ်း

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများကူးစက်ခံနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများအလွယ်တကူ ကူးစက်ခံနေရကြောင်းစစ်ရှောင်‌လူငယ်တစ်ဦး‌ထံမှ သိရသည်။ အဆိုပါစစ်ရှောင်စခန်းတွင် ၅နှစ်အောက် ကလေးငယ် ၃၀၀ ဝန်းကျင်ရှိပြီး အဟာရရှိအစားစာများအပြည့်အဝ မရရှိကြဘဲ အဖျားရောဂါကူးစက်မှုများခံနေရကြောင်း သိရသည်။ “ခုတလော ကလေးတွေအဖျားများတယ်။…

အင်းလေးဒေသ နမ်းပန်မြို့တွင် စစ်ကောင်စီက ဧည့်စာရင်းကောက်ယူပြီး ဖမ်းဆီးမှုများရှိနေ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၁၊၂၀၂၃ အင်းလေးအရှေ့ဘက်ခြမ်း နမ်းပန်မြို့တွင် စစ်ကောင်စီမှ ဧည့်စာရင်းကောက်ယူမှုများရှိသလို ဖမ်းဆီးမှု့များလည်းပြုလုပ်နေကြောင်း နမ်းပန်မြို့ခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းတောင်၊ အင်းလေးဒေသ နမ်းပန်မြို့၌ အင်းလေးဘုရားပွဲတော်နီးကပ်လာချိန်တွင် စစ်ကောင်စီမှ အိမ်ငှားများနေထိုင်သည့်အိမ် နှင့် ဧည့်သည်များလာရောက်တည်းခိုကြသည့်နေအိမ်များကို ဧည့်စာရင်းများ စစ်ဆေးကောက်ယူပြီး…

စံကားဒေသတွင် ရေတက်လာသဖြင့် ရေနစ်မြုပ်ကုန်မည်စိုး၍ အချိန်မတန်အစေ့မရင့်ပဲ ပြောင်းဖူးများခူးနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊၂၀၂၃ စံကားဒေသတွင် ရေအဆမတန်တက်လာသဖြင့် ချောင်းဘေးရှိပြောင်းဖူးခြံများ ရေမြုပ်သွားမည်ကိုစိုးရိမ်၍ အချိန်မတန်ပဲ ချိုး‌နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးစံကားဒေသတွင် ယခုနှစ်အတွင်း ရေအဆမတန်မြင့်တက်လာပြီး ဘီလူးချောင်းဘေးတစ်လျှောက်ရှိ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ရေမြုပ်သွားမည်ကို စိုးရိမ်ရ၍…

စစ်ကောင်စီတပ်က ရွှေပြည်အေးရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန်ရွေးခိုင်း ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ ရွှေပြည်အေးရွာတွင် စစ်ကောင်စီတပ်သားများက ရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန် ရွေးခိုင်းနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် ရွှေပြည်အေးရွာအနီးရှိ ရွာဘုရားတောင်ပေါ် တွင် တပ်စွဲထားသဖြင့် ဒေသခံများတောင်ယာသို့…

အင်းတိန် ဒေသတွင် စစ်ကောင်စီတပ်ကားချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းတိန်ကျေးရွာတွင် စစ်ကောင်စီတပ်က ကားများချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့ နေရ ကြောင်းသိရသည်။ စစ်ကောင်စီတပ်များသည် အောက်တိုဘာလပထမပတ်အတွင်းရွာထဲတွင် ကားရှိသူများကို အလှည့်ကျ ခေါ်ပြီး…

တီကျစ်ဒေသတွင် အဆိပ်ရှိငါးတမျိုးပေါ်ပေါက်ပြီး ဒေသခံများအန္တရာယ်ဖြစ်မည်ကို စိုးရိမ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရှိ ကျေးရွာတချို့တွင် အဆိပ်ရှိသည့်ငါးမျိုးပေါ်ပေါက်ပြီး လူကိုအန္တရာယ်ပြုမည်ကို ဒေသခံ များကစိုးရိမ်နေကြသည်။ ထိုအဆိပ်ရှိငါးသည်လူကိုကိုက်မိပါက အဆိပ်တက်ခြင်းရှိနေကြောင်းဒေသခံများထံမှသိရသည်။ “ကျွန်တော်တို့ရွာ ငါးကိုက်ခံရတာကနှစ်ယောက်ရှိပြီ လယ်စိုက်ချိန်တုန်းကပါ။ အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်။ အဆိပ်တက်ပြီဆိုနေလို့မရတော့ဘူး ဆေးတန်းထိုးရတာလို့ပြောတယ်”ဟု တီကျစ်ဒေသ…

အောင်ကလဒ် အပေါ်ရွာရှိ စစ်ရှောင်များစားနပ်ရိက္ခာ ပြတ်လပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၃ အလှူရှင်များမရှိသည့်အတွက် အောင်ကလဒ် အပေါ်ရွာရှိ စစ်ရှောင်များစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်းများထံ အလှူရှင်ရောက်ရှိမှု နည်းပါးခြင်းကြောင့်စာနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိမှာ စစ်ရှောင်များသည်ရွာက…

ဂျင်းစိုက်ခင်းများရေမြှုပ်ပြီး ပုတ်သွားမည်စိုးရိမ်ရ၍ အချိန်မတန်ဘဲတူးရသဖြင့် ဂျင်းစိုက်တောင်သူအရှုံးပေါ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၃ ယခုနှစ်မိုးများပြီးရေနှစ်မြုပ်မှုရှိခြင်းကြောင့် ဂျင်းများပုတ်သွားမည်ကို စိုးရိမ်ပြီး အချိန်မတန်သေးဘဲ တူးနေရခြင်းကြောင့် တောင်သူများ အရှုံးပေါ် နေရသည်ဟုသိရသည်။ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမြေနိမ့်ပိုင်းနှင့် လယ်ကွင်းများတွင် စိုက်ပျိုးထားသည့် ဂျင်းများသည် တောင်ကျရေများ မကြာခဏမြုပ် နေခြင်း…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ် စစ်ရှောင်ကလေးငယ် တစ်ဦး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၃ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များရှိရာ ကျေးရွာအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဉီး ထိမှန် သေဆုံးခဲ့ရ ကြောင်းသိရသည်။ အောက်တိုဘာလ ၇ ရက်…

တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊၂၀၂၃ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာကို စစ်ကောင်စီက (၃)ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်းအမှတ်(၁) KNDF-BO1၏ ထုတ်ပြန်ချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ…