ဒီမော့ဆိုအနောက်ဘက်ရှိ စစ်ရှောင်နှင့်ဒေသခံပြည်သူများဆေးဝါး အကူအညီလိုအပ်နေ
ခမ်းသားငေါဝ်း မတ် ၁၀၊ ၂၀၂၅ ဒီမော့ဆိုအနောက်ဘက်ရှိစစ်ရှောင်နှင့် ဒေသခံပြည်သူများဆေးဝါးအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ (ကယား)ကရင်နီပြည်၊ ဒီမော့ဆိုအနောက်ဘက်ရှိစစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများ လူဦးရေငါးသောင်းခန့်အတွက် ဆေးဝါးများအကူအညီလိုအပ်နေသည်။ “ကလေး ၊အမျိုးသား ၊အမျိုးသမီးအရွယ်တိုင်းမှာယားနာတွေဖြစ်နေတယ်။ တစ်ကိုယ်လုံးမှာခြေလက်မကျန်ခန္ဓာကိုယ်အတွင်းပိုင်းတွေထိအကုန်ယားနေတာတွေရှိတယ်။”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။ ယားနာသည့်ရောဂါဝွေဒနာများကို၂၀၂၄ခုနှစ်လွန်ခဲ့သည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှယနေ့ထိဖြစ်ပွားနေကြောင်း သိရသည်။…