ဆယ်ကျော်သက်အရွယ်အများစုဆေးစွဲပြီး ဘဝပျက်ရောက်နေရ ဟုဆို
ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၂၁၊၂၀၂၃ ရွှေပြည်သာရပ်ကွက်အတွင်းတွင်မူးယစ်ဆေးဝါးရောင်းချပေးမှုပေါများနေပြီး ဆယ်ကျော်သက် လူငယ်အများစု ဆေးစွဲနေကြကာ သူခိုးဘဝရောက်ကြရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ဆေးသုံးနေသည့်ကလေးများကို ဆေးရောင်းဝယ်သူက ရပ်ကွက်အတွင်း သူတစ်ပါးပစ္စည်းခိုးရန်စေခိုင်းပြီး ခိုး၍ရလာသော ပစ္စည်းများကို စိတ်ကြွဆေးပြားများနှင့်အလဲလည်လုပ်ကာ အသုံးပြုသုံးစွဲနေကြကြောင်း ဆိုသည်။ “ညီမတို့ရပ်ကွက်က သားမွေးထားတဲ့အိမ်တိုင်းနီးပါး…