Tag: ခမ်းသားငေါဝ်း

ကန့်ဘလူ ပဇီကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ရာ ပြည်သူများစွာသေဆုံး

ခမ်းသားငေါဝ်း၊ ဧပြီ ၁၁၊ ၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဥ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများစွာ သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUGမှ ဧပြီ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ ၅၀ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ…

လောင်းကစားပွဲတော်အဆင့်ထိ နေ့စဥ်ကျင်းပနေသောကြောင့် ဒေသခံများ ကလောင်းကစားကြေးကျွန်အဖြစ်သို့ ရောက်ရှိနေ

ခမ်းသားငေါဝ်း၊ ဧပြီလ ၉၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တောင်ပိုင်း မြင်းဝန်းကျေးရွာတွင် လောင်းကစားပွဲတော်အဆင့်ထိနေစဥ်ကျင်းပပြုလုပ်နေခြင်းကြောင့် ကလေးသူငယ်အပါအဝင်ဒေသခံများက လောင်းကစား၏ ကြေးကျွန်အဖြစ်သို့ရောက်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၉ ရက်နေ့တွင်သိရသည်။ လောင်းကစားဝိုင်းများသည် ကျေးရွာဘုန်းကြီး ကျောင်း ရန်ပုံငွေအကြောင်းပြကာ လူကြီးရန်ပုံငွေ၊ သက်ဆိုင်ရာရဲ ၊စစ်သားတွေကသီးသန့်တိုင်ပင်ပြီးပြုလုပ်နေသည့်ပွဲတော်ဟု ဒေသခံက ခမ်းသားငေါင်းသို့ သတင်းပေးပို့လာပါသည်။ ” ကလေးသူငယ်တွေကလဲ မုန့်ဖိုး ငါးရာ၊…

လက်ဖက်ခြောက်စျေးရှိသော်လည်း စားသောက်ကုန် အဆမတန်စျေးတက်ခြင်းကြောင့် လက်ဖက်တောင်သူများအတွက် တွက်ခြေမကိုက်

ခမ်းသားငေါဝ်း၊ ဧပြီ ၉၊ ၂၀၂၃ ယခုနှစ် ပင်လောင်းမြို့နယ်ထွက် လက်ဖက်စျေး ရှ်သော်လည်း စား‌သောက်ကုန်စျေးများ အဆမတန်မြင့်တက်လာခြင်းကြောင့် လက်ဖက်တောင်သူများတွက်ခြေမကိုက်ဘဲဖြစ်နေကြောင်း ဧပြီလ ၉ ရက်နေ့ကသိရသည်။ ယခင်နှစ်တွင်လက်ဖက်ခြောက်တစ်ပိဿာကို ၄၀၀၀ ကျပ်ခန့်သာရရှိပြီး ယခုနှစ်တွင်လက်ဖက် ခြောက်တစ်ပိဿာကို ၉၀၀၀၊ ၁၀၀၀၀ ထိရရှိသော်လည်း အခြေခံ စားသောက်ကုန်အမျိုးမျိုး စျေးတက် နေ​ခြင်းကြောင့် အဆင်မပြေမှုများဖြစ်နေကြောင်း ပင်လောင်းမြို့နယ် လက်ဖက်တောင်သူတစ်ဦးကပြောသည်။ “ယခင်…

ဖယ်ခုံနဲ့ ပင်လောင်းဒေသတွင်း တိုက်ပွဲတွေကြောင့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း၊ ဧပြီ ၈၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ ဒေသခံတွေဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြပြီး သွားရေးလာရေးနဲ့ စာနပ်ရိက္ခာအခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ် အစပ်နားမှာရှိနေတဲ့ ကျေးရွာတွေအပြင် ဖယ်ခုံမြို့အနောက်ဘက် ခေါင်းအိကျေးရွာအနီးမှာလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ လေယာဉ်တွေက နေ့တိုင်းသွားနေတာ၊ ညဖက်တွေလည်း သေနတ်သံတွေကြားရတယ်၊ တအုန်းအုန်းနဲ့၊ ကြာတော့ လူတွေက ဒီအသံတွေထွက်လာရင်…

ပင်လောင်းတွင် တေားမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံများမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၇၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားဒေသ တကူးမို့ရွာတွင် တောမီးလောင်ရာမှတစ်ဆင့် ဒေသခံ၏ လက်ဖက်ခြံများပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဧပြီလ ၇ရက်နေ့တွင်သိရသည်။ မတ်လ၂၇ရက်နေ့ညတွင် တောမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံ၆ခြံပါမီးလောင်သွားခဲ့ပြီး လက်ဖက်ပင်ပေါင်း ၃၀၀၀မနည်း မီးလောင်ပျက်စီးခဲ့ရသည်။ “မီးကဘယ်သူဘယ်ဝါရှို့တာလဲမသိဘူး မိသားစုစားဝတ်နေရေးအတွက် အဓိကဝင်ငွေဟာ လက်ဖက်ပေါ်လည်းပါတယ် ယခုနှစ်ကစျေးလည်းအရမ်းရှိတယ် ခုလိုမီးလောင်သွားတော့ အရမ်းနှမြောမိတယ် “ဟုတကူးမို့ရွာ ဒေသခံတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။…

ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အိုဖျားနာသူ ပိုများလာ

ခမ်းသားငေါဝ်း၊ ဧပြီလ -၆၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အို ဖျားနာသူပိုများလာကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် စစ်ဘေးရှောင်သူထဲမှ အသက်အရွယ်ကြီးသည့် ဘိုးဘွားများက ဖျားနာမှု ၊နှာစေးချောင်းဆိုးမှုဖြစ်ပွားသူများလာကြောင်း သိရသည်။ “အခု ရာသီဥတုကြောင့် အသက်ကြီးတဲ့အဖိုးအဖွားက ဖျားတာ များလာတာတွေ့ရတယ် အခုလိုအပ်တာ ကျန်းမာရေး စောင့်ရှောက်မှုတွေ စိတ်ပညာကုသမှုတွေ လိုအပ်တယ်”ဟု စစ်ဘေးရှောင်ကူညီတစ်ဦးက…

ပအိုဝ်းအမျိုးသားအလံကို PNO ပါတီအလံအဖြစ်အသုံးပြုခြင်းအား ကန့်ကွက်သူရှိသောကြောင့် ပြန်လည်ပြင်ဆင်ရ

ခမ်းသားငေါဝ်း၊ ဧပြီ ၆၊ ၂၀၂၃ ပအိုဝ်းအမျိုးသားအလံကို PNO ပါတီအလံအဖြစ်အသုံးပြုခြင်းအား ကန့်ကွက်သူရှိသည့်အတွက် ပြန်လည်ပြင်ဆင်ပေးပို့ရန် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အကြောင်းခဲ့ကြောင်း သိရသည်။ PNO ပါတီအလံ၊ ပါတီအမည်၊ တံဆိတ်တို့အားကန့်ကွက်လိုပါက ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်းနေ့စဉ်ထုတ် သတင်းစာတွင်ကြော်ငြာထားပြီး ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကန့်ကွက်သည့်အတွက် ဧပြီ ၅ ရက်နေ့တွင်နောက်ဆုံးထား၍ ပါတီအလံကို ပြင်ဆင်ရန်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဥပမာ…

ကဒူးကြီးဒေသ PNLAနှင့်RCSS/SSA တိုက်ပွဲ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေဆဲ

ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသအတွင်း ဧပြီလ(၃)ရက်နေ့တွင် PNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။ “ခုလက်ရှိကတော့ တင်းမာနေဆဲပါ၊လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့လည်းကိုယ်စီပြင်ဆင်နေကြပါတယ်၊ကျွန်တော်တို့အဖွဲ့ရော သူတို့အဖွဲ့ရောပေါ့နော်၊အဓိက ကမြေပြင်အနေအထားမှာ ချမှတ်ထားတဲ့မူတွေစည်းကမ်းတွေ မလိုက်နာဘူးဆိုရင် ခုလိုထိတွေမှုကရှိလာတတ်ပါတယ်”ဟု PNLO/PNLAမှတာဝန်ရှိသူတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။ RCSSတပ်ဖွဲ့အနေဖြင့် မည်သည့်အချိန်ဝင်လာဝင်လာ ဝင်လာသည်နှင့် ထိပ်တိုက်တွေ့…

မတ်လအတွင်းကယား(ကရင်နီ)ပြည်နယ်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၈၁ဦးသေဆုံး

ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် မတ်လတစ်လအတွင်း ကရင်နီပြည်နယ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပေါင်း၁၀၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၂၈၁ ဦးသေဆုံးကာ တပ်ဖွဲ့ဝင် ၁၃ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဧပြီလ ၃ ရက်နေ့တွင် KNDFက ထုတ်ပြန်ထားသည်။ မတ်လအတွင်း ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ဖားဆောင်းမြို့နယ်နှင့်ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များကို စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ခုဖွင့်လာပြီး ထိုးစစ်ဆင်ကာ တိုက်ပွဲများဖြစ်ပွားသောမြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု…

ဒုတိယအကြိမ် အင်းလေးရေပေါ် သင်္ကြန်ကို ယခုနှစ်ပြန်လည်ကျင်းပမည်ဟုသိရ

ခမ်းသားငေါဝ်း၊ ဧပြီလ ၃၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့နယ် နမ်းပန်ကျေးရွာရှိ ခေတ်ဆန်းရင် အဆောက်အဦးအပေါ် ရေပေါ်သင်္ကြန်ကို ၄ ရက်တာကာလသတ်မှတ်ကျင်းပမည်ဖြစ်ကြောင်း မတ်လ ၃ ရက်တွင် သိရှိရသည်။ သင်္ကြန်အကြိုရက် ၊ သင်္ကြန်အကျရက်၊ သင်္ကြန်အကြပ်ရက်နှင့် သင်္ကြန်အတက်ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်တွင် ရောင်စုံအလှဓာတ်ပုံပြိုင်ပွဲများ ထပ်မံထည့်သွင်းပါဝင်မည်ဟု သိရသည်။ ”ထုံးစံအတိုင်း အကြိုရက်နေ့မှာဖွင့်ပွဲအခန်းအနားရှိမယ်၊ ရေသင်္ကြန်မဏ္ဍပ်တွေက…