Tag: ခမ်းသားငေါဝ်း

ဆီဆိုင်တွင် နွေရာသီ ရေရှားပါးမှုကြောင့် ဒေသခံများ ရေအခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း၊ ဧပြီ ၂၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် နွေရာသီရေရှားပါးမှုပြဿနာကြောင့် ဒေသခံများ ရေအခက်အခဲကြုံတွေ့နေရကြောင်း ဧပြီလ ၂၇ ရက်နေ့က သိရသည်၊၊ ဒေသခံများအတွက် သောက်သုံးရေကို ချွေတာသုံး၍ လုံလောက်သော ပမာဏတွင်ရှိသော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အခက်အခဲများရှိကြောင်း ဆီဆိုင်ဒေသခံတစ်ဦးထံမှ သိရသည်၊၊ စစ်ရှောင်များလည်း ရေရှားပါးမှုပြဿာနာကို ရင်ဆိုင်နေရသော်လည်း အလှူရှင်အနည်းငယ်လာရောက်လှူဒါန်းမှုရှိနေကြောင်း သိရသည်၊၊ ” ဆီဆိုင်ဘက်ရွာတွေ တော်တော်များများ…

ပင်လောင်းမြို့အဝင်ဂိတ်တွင် စစ်ကောင်စီက အတင်းအဓမ္မငွေတောင်းနေ ဟုဆို

ခမ်းသားငေါဝ်း၊ ဧပြီလ ၂၇ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ဝင်ဂိတ်တွင် စစ်ကောင်စီက အတင်းအဓမ္မ ငွေတောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ၊ငွေအတင်းအဓ္ဓမတောင်းခံခြင်းပြုလုပ်နေကြောင်း သိရသည်။ “တစ်ချို့က မြို့ဝင်ကြေးပဲပေးရတာ အခုကမြို့ဝင်ကြေးတောင်းတာထက်ပိုတယ် အသွားလည်း‌ တောင်းတယ် အပြန်လည်းတောင်းတယ် မရရင် ဆဲဆိုတာတွေလည်းလုပ်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ ပင်‌လောင်းမြို့တွင် မြို့ဝင်ဂိတ်တစ်ခုနှင့် ရင်းမှီး…

ထိုင်း-မြန်မာနယ်စပ်တွင် တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုဖြစ်ပြီး ဒေသခံများထိခိုက်မှုဖြစ်လာမည်ကို စိုးရိမ်

ခမ်းသားငေါဝ်း၊ ဧပြီ ၂၄၊ ၂၀၂၃ ထိုင်းနှင့်မြန်မာနယ်စပ်တွင် တောမီးလောင်မှုဖြစ်ပွားရာမှ မီးခိုးများ လေထုညစ်ညမ်းမှုများဖြစ်လာ‌ပြီး ဒေသခံများအသက်အန္တရာယ်ထိခိုက်နိုင်ခြေ ပိုများလာနိုင်ကြောင်း ဧပြီလ(၂၄)ရက်နေ့က သိရသည်။ ယင်းတောမီးရှို့မှုသည် ပြီးခဲ့သည့်မတ်လမှ ယခုဧပြီလကုန်အထိဖြစ်ပွား‌နေခဲ့ပြီး အငြင်းပွားဖွယ်ရာဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ “ဒီတောမီးလောင်မှုကနေ လေထုညစ်ညမ်းမှုတွေက လူတွေသေစေတာမရှိသေးပေမဲ့ ခရီးသွားလာသူ တွေက မသွားမလာရဲတော့တာတွေရှိတယ်၊ မီးခိုးမြူတွေကြောင့် ခရီးသွားအချို့မူးလဲပြီးဆေးရုံတင်ရတာတွေရှိပါတယ်”ဟု နယ်စပ်ရှိအမည်မဖော်လိုသူအမျိုးသားတစ်ဦးကပြောသည်။ မတ်လ ဒုတိယပတ်အတွင်း တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုကြောင့်…

ပင်လောင်းနှင့်နောင်တရားတွင် မိုးသီးရွာချသောကြောင့် ဒေသခံများနေအိမ်နှင့်စိုက်ခင်းများပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၂၄၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့အနောက်ဖက်ကျေးရွာများနှင့် နောင်တရားဒေသတွင် မိုးရွာပြီး မိုးသီးပါရွာချသောကြောင့် ဒေသခံနေအိမ်များ နှင့် စိုက်ပျိုးထားသော စိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း ဧပြီလ ၂၄ ရက်နေ့တွင် သိရသည်။ မတ်လ ၂၁ ၊၂၂ ၊၂၃ သုံးရက်ဆက်တိုက် မိုးရွာပြီး ၂ လက်မခန့်ရှိသောမိုးသီးများပါ ရွာချသောကြောင့် ပင်လောင်းအနောက်ဖက်ရှိ ယေးခဝ်ရွာ၊ယွန်ပျရွာ၊ မင်းဘူးကျေးရွာအုပ်စုဖက်တွင်…

ပင်လောင်း နှစ်လကျော်တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း သုံးလုံးထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၂၃၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ ဖေဖော်ဝါရီလ ၂၄ရက်က စပြီး ဖြစ်ပွားခဲ့သောတိုက်ပွဲသည် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စ်ဖက် လက်နက်ကြီးအပြင် လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ‌ ဒေသတွင်းရှိ ဘာသာရေး ဘုန်းကြီးကျောင်း ၃ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် သိရသည်။ တောင်စလုံး၊တောက်မဲသင်း၊နမ့်နိန်း ကျေးရွာရှိဘုန်းကြီးကျောင်းများသည် လက်နက်ကြီး၊လက်နက်ငယ်ထိပြီး…

ဆီဆိုင်တွင် မိုးသီးရွာလေပြင်းတိုက်သောကြောင့် စစ်ရှောင်စခန်းများပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၂၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် မိုသီးရွာပြီး လေပြင်းတိုက်သောကြောင့် စစ်ရှောင်စခန်း အဆောက်အုံများပျက်စီးခဲ့ကြောင်း ဧပြီလ ၂၃ရက်နေ့တွင်သိရသည်။ ဧပြီလ ၂၁ရက်နေ့နှင့် ဧပြီလ ၂၂ရက် နှစ်ရက်ဆက်တိုက်မိုးရွာပြီး လေးပြင်းတိုက်သည့်အ့ပြင် ၂လက်မခန့်ရှိသော မိုးသီးများ ကျသောကြောင့် စစ်ရှောင်စခန်းရှိအဆောက်အအုံများ မိုးကာပေါက်ပြဲပြီး ခေါင်မိုးများလှန်ပျက်စီးခဲ့ကြောင်းသိရသည်။ ” ဆီဆိုင်မှာ လေအရမ်းပြင်းတယ် လေပြင်းတိုက် မိုးသီးအရမ်းမာတော့ စစ်ရှောင်စခန်းမပြောနဲ့ အိမ်ခေါင်မိုးတွေတောင်…

ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ရေဝယ်သုံးနေရ

ခမ်းသားငေါဝ်း၊ ဧပြီ ၂၁၊ ၂၀၂၃ ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ချက်ပြုတ်ရေးနဲ့ ကိုယ်လက်သန့်စင်ဖို့အတွက် ရေဝယ်သုံးနေရတယ်လို့ ဧပြီ ၂၁ရက်နေ့မှာ သိရပါတယ်။ စစ်ရှောင်အများစုရောက်ရှိနေတဲ့ ပင်လောင်းမြို့နယ်ဟာ နွေရာသီရောက်တိုင်းရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့ရတာပါ။ စစ်ရှောင်စခန်း ၁၄ခုလုံးမှာ ရေရှားပါးတဲ့အတွက် ကလေးငယ်တွေဆိုရင် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေပြီး အရေပြားရောဂါနဲ့ ရေယုန် ရေကျောက် ရောဂါ ဖြစ်ပွားတဲ့သူတွေလည်း ရှိနေပါတယ်။ ရေကားတစ်စီးကိုငါးသောင်းကျပ်၊ ရေတစ်ပေပါ(အသေး)ကို…

မြန်မာနိုင်ငံတွင် စံချိန်တင် အပူချိန်မြင့်တက်လာနိုင်ဖွယ်ရှိနေ

——————— ခမ်းသားငေါဝ်း၊ ဧပြီ ၂၀၊ ၂၀၂၃ မြန်မာနိုင်ငံတွင်နေ့အပူအချိန်မြင့်တက်လာနေသည်နှင့် အမျှနိုင်ငံတစ်ဝှမ်းတွင်လည်းအပူချိန်တိုးလာ နိုင်ကြောင်း ဧပြီလ ၁၉ရက်နေ့တွင် မိုးလေဝသ ခန့်မှန်းသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။ မိုးလေဝသထုတ်ပြန်ချက်များအရ မေလနှင့် ဇွန်လ တွေမှာမိုးခေါင်နိုင်သည့်အခြေအနေ(ဆည်ရေတွေခန်းတာ၊ မြေဆီလွှာစိုထိမ်းမှုတွေ လျော့ကျတာစသဖြင့်) တွေက အလယ်ပိုင်း၊ အထက်အညာဒေသတွေမှာ ဆိုးလာနိုင်သဖြင့် သောက်ရေ သုံးရေတွေ ကြိုတင်ပြင်ဆင်ထားနိုင်ရန်လည်း အသိပေးထားပါသည်။ ” သင်္ကြန်မိုးမရွာနိုင်တာလည်း Neutral…

မောက်မယ်မြို့နယ် ရန်ကင်းရွာဒေသခံသုံးဦးမိုင်းနင်းမိ ပြင်းထန်ဒဏ်ရာရရှိ

———————- ခမ်းသားငေါဝ်း၊ ဧပြီ ၁၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLOထိန်းချုပ်ရာနယ်မြေ မောက်မယ်မြို့နယ်ရှိ ရန်ကင်းကျေးရွာဒေသခံသုံးဦးသည် တောင်ယာသွားစဥ် နမ့်ပါတက်ရွာအနောက်ဖက်အရောက်တွင် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီလ၁၉ရက်နေ့တွင်သိရသည်။ ဧပြီလ၁၈ရက်တွင် တောင်ယာသွားစဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ၈လသား ကလေးတစ်ဦးအပါအဝင် သုံးဦး ပြင်ထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုမိုင်းနင်းမိသည့်နေရာသို့ PNLOတပ်ဖွဲ့များက လာရောက်ပြီး ဒဏ်ရာရသူများကိုဆေးရုံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ “ခုက မိုင်းထောင်တဲ့နေရာက တိုက်ပွဲဖြစ်ပွားတဲ့…

အခွန်ခပေးဆောင်ပြီး ရေရှည်လောင်းကစားပွဲပြုလုပ်သည့်နေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သွားရောက်ချိန်တွင် လောင်းကစားဝိုင်းများမတွေ့ရှိရဟုဆို

ခမ်းသားငေါဝ်း၊ ဧပြီ ၁၂၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းဝန်းကျေးရွာတွင် အခွန်ခပေးဆောင်၍ လောင်းကစားဝိုင်းများပြုလုပ်ခွင့်ရနေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဥက္ကဌများ သွားရောက် ကွင်းဆင်းစစ်ဆေးရာတွင် လောင်းကစားဝိုင်းများ မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ လောင်းကစားဝိုင်းများရပ်နားသိမ်းဆည်းပြီးနောက် ကျေးရွာလူအချို့ဖြင့် အစီးအဝေးပြုလုပ်ချိန်တွင် မြို့နယ်ဆိုင်ရာအုပ်ချုပ်ရေးဥက္ကဌအဖွဲ့များလာရောက်သွားစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ ” လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်နားသွားတယ် နောက်ရက်ရွာမှာအစည်းအဝေးလုပ်တယ် ၊လူကြီးတွေလာမယ်လို့တော့ ကြိုပြီးမသိရှိရဘူး၊ သူတို့လာတဲ့အချိန်မှာတော့ အကုန်ဖျက်သိမ်းထားပြီးပြီ၊ လောင်းကစားဝိုင်းတွေကို…